[Zawgyi]

Samsung Galaxy S10 , S10+ နဲ႔ S10e မ်ားမွာ Night Mode Camera လုပ္ေဆာင္ခ်က္ကို လြန္ခဲ့တဲ့ လအနည္းငယ္က ရရွိခဲ့ပါတယ္။ အခုေတာ့ Galaxy S10 5G မွာလည္း သူ႔ကို ရရွိသြားပါၿပီ။ ေတာင္ကိုရီးယားမွ Galaxy S10 5G မ်ားဟာ ေနာက္ဆံုးထုတ္ G977NKSU1ASF3 Firmware Update မွာ အဲဒီလုပ္ေဆာင္ခ်က္ကို ရယူႏိုင္ၿပီ ျဖစ္ပါတယ္။ Night Mode ဟာ ညအခ်ိန္နဲ႔ အလင္းေရာင္ နည္းပါးတဲ့ အခ်ိန္မ်ားမွာ ဓါတ္ပံုေကာင္းမ်ား ရိုက္ကူးေပးႏိုင္ပါတယ္။

Firmware Update ရဲ႕ ဖိုင္အရြယ္အစားဟာ 429MB ရွိပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္ အျပင္ ဇြန္လအတြက္ Security Patch လည္း Update မွာ ပါ၀င္လာပါတယ္။ Update မွာ Navigation Gesture Bar အတြက္ Vibration Feedback လည္း ပါလာပါတယ္။ UI ဟာလည္း ပိုၿပီး တည္ၿငိမ္လာပါတယ္။ Change-log မွာ ေရဒီယိုလိႈင္း ရယူမႈဟာ ပိုတည္ၿငိမ္လာတယ္လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ ဘက္ထရီ သက္တမ္း တိုးတက္လာပါတယ္။ လာမယ့္ ရက္သတၱပတ္မ်ားမွာ အျခား ႏုိင္ငံမ်ားအတြက္လည္း Firmware Update ကို ျဖန္႔ခ်ီေပးမွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းက Night Mode ကို Galaxy Note 9 , Galaxy S9 , Galaxy S9+ နဲ႔ စြမ္းေဆာင္ရည္သင့္ Galaxy A50 မ်ားမွာလည္း ထည့္သြင္းၿပီးပါၿပီ။ လက္ရွိမွာ ေတာင္ကိုရီးယားမွ SK Telecom နဲ႔ U+ တို႔ဟာ Night Mode ကို ထည့္သြင္းေပးေနပါတယ္။ မၾကာခင္မွာ အျခား မိုဘိုင္း ေအာ္ပေရတာမ်ားကလည္း ထည့္သြင္းေပးေတာ့မယ္လို႔ ထင္ရပါတယ္။

Ref : gsmarena, tizenhelp

[Unicode]

Samsung Galaxy S10 5G မှာ Night Mode ရပြီ

Samsung Galaxy S10 , S10+ နဲ့ S10e များမှာ Night Mode Camera လုပ်ဆောင်ချက်ကို လွန်ခဲ့တဲ့ လအနည်းငယ်က ရရှိခဲ့ပါတယ်။ အခုတော့ Galaxy S10 5G မှာလည်း သူ့ကို ရရှိသွားပါပြီ။ တောင်ကိုရီးယားမှ Galaxy S10 5G များဟာ နောက်ဆုံးထုတ် G977NKSU1ASF3 Firmware Update မှာ အဲဒီလုပ်ဆောင်ချက်ကို ရယူနိုင်ပြီ ဖြစ်ပါတယ်။ Night Mode ဟာ ညအချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။

Firmware Update ရဲ့ ဖိုင်အရွယ်အစားဟာ 429MB ရှိပါတယ်။ အဲဒီလုပ်ဆောင်ချက် အပြင် ဇွန်လအတွက် Security Patch လည်း Update မှာ ပါဝင်လာပါတယ်။ Update မှာ Navigation Gesture Bar အတွက် Vibration Feedback လည်း ပါလာပါတယ်။ UI ဟာလည်း ပိုပြီး တည်ငြိမ်လာပါတယ်။ Change-log မှာ ရေဒီယိုလှိုင်း ရယူမှုဟာ ပိုတည်ငြိမ်လာတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဘက်ထရီ သက်တမ်း တိုးတက်လာပါတယ်။ လာမယ့် ရက်သတ္တပတ်များမှာ အခြား နိုင်ငံများအတွက်လည်း Firmware Update ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

ဆမ်ဆောင်းက Night Mode ကို Galaxy Note 9 , Galaxy S9 , Galaxy S9+ နဲ့ စွမ်းဆောင်ရည်သင့် Galaxy A50 များမှာလည်း ထည့်သွင်းပြီးပါပြီ။ လက်ရှိမှာ တောင်ကိုရီးယားမှ SK Telecom နဲ့ U+ တို့ဟာ Night Mode ကို ထည့်သွင်းပေးနေပါတယ်။ မကြာခင်မှာ အခြား မိုဘိုင်း အော်ပရေတာများကလည်း ထည့်သွင်းပေးတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena, tizenhelp