Zawgyi

Samsung ကေန ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက Galaxy S10 Series စမတ္ဖုန္းေတြနဲ႔အတူ ပထမဆုံး 5G ဖုန္းတစ္ခုျဖစ္တဲ့ Samsung Galaxy S10 5G ကိုပါ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ Galaxy S10 5G ဖုန္းက OneUI 2.0 Update နဲ႔အတူ အေရးပါတဲ့ Feature Update တစ္ခုကို ရရွိလာေတာ့မွာပါ။

Samsung Galaxy S10 5G စမတ္ဖုန္းက Camera ပိုင္းအေနနဲ႔ Front နဲ႔ Back Camera Setup ၂ ခုစလုံးမွာ ပုံမွန္ Camera အျပင္ 3D ToF Sensor ေတြကိုပါ ထည့္သြင္းထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခု OneUI 2.0 Update မွာဆိုရင္ Front Selfie Camera နဲ႔အတူပါဝင္တဲ့ ToF Sensor ကို အသုံးျပဳၿပီးေတာ့ ပုံမွန္ Face Unlock ထက္ ပိုၿပီး လုံၿခဳံတဲ့ 3D Face Unlock ကို ရရွိလာမွာျဖစ္ပါတယ္။

အခုလိုမ်ိဳး 3D Face Unlock ရရွိတာက ToF Sensor ကေန IR Beam ေတြကို ထုတ္လႊတ္ၿပီးေတာ့ ကိုယ့္မ်က္ႏွာကို ပုံမွန္ Selfie Camera လိုမ်ိဳး 2D Mapping အစား 3D Mapping နဲ႔ရယူၿပီးေတာ့ Unlock ျပဳလုပ္သြားမွာပဲျဖစ္ပါတယ္။ ဒီစနစ္က Apple iPhone ေတြနဲ႔ Google Pixel 4 ဖုန္းေတြမွာပါဝင္တဲ့ Face Unlock စနစ္ေတြနဲ႔ယွဥ္ရင္ေတာ့ အားနည္းေနေသးေပမယ့္ သာမန္ဓါတ္ပုံနဲ႔ေတာ့ ဖုန္းကို Unlock ျပဳလုပ္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။

ဒါေပမယ့္လည္း အားနည္းခ်က္အေနနဲ႔က အခု 3D Face Unlock ဟာ Samsung Galaxy S10 5G ဖုန္းမွာပဲရရွိေနေသးသလို OneUI 2.0 Update ရွိဖို႔လည္း လိုအပ္ေနတာျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ OneUI 2.0 Update က Korea ႏိုင္ငံမွာပဲ Beta အေနနဲ႔ရရွိေနေသးတာဆိုေတာ့ Samsung Galaxy S10 5G ဖုန္းရွိရင္ေတာင္ Stable အေနနဲ႔ အသုံးျပဳႏိုင္ဖို႔က အခ်ိန္ေစာင့္ဆိုင္းရဦးမွာပါ။

Ref – Android Central

Unicode

Samsung ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Galaxy S10 Series စမတ်ဖုန်းတွေနဲ့အတူ ပထမဆုံး 5G ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy S10 5G ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Galaxy S10 5G ဖုန်းက OneUI 2.0 Update နဲ့အတူ အရေးပါတဲ့ Feature Update တစ်ခုကို ရရှိလာတော့မှာပါ။

Samsung Galaxy S10 5G စမတ်ဖုန်းက Camera ပိုင်းအနေနဲ့ Front နဲ့ Back Camera Setup ၂ ခုစလုံးမှာ ပုံမှန် Camera အပြင် 3D ToF Sensor တွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု OneUI 2.0 Update မှာဆိုရင် Front Selfie Camera နဲ့အတူပါဝင်တဲ့ ToF Sensor ကို အသုံးပြုပြီးတော့ ပုံမှန် Face Unlock ထက် ပိုပြီး လုံခြုံတဲ့ 3D Face Unlock ကို ရရှိလာမှာဖြစ်ပါတယ်။

အခုလိုမျိုး 3D Face Unlock ရရှိတာက ToF Sensor ကနေ IR Beam တွေကို ထုတ်လွှတ်ပြီးတော့ ကိုယ့်မျက်နှာကို ပုံမှန် Selfie Camera လိုမျိုး 2D Mapping အစား 3D Mapping နဲ့ရယူပြီးတော့ Unlock ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီစနစ်က Apple iPhone တွေနဲ့ Google Pixel 4 ဖုန်းတွေမှာပါဝင်တဲ့ Face Unlock စနစ်တွေနဲ့ယှဥ်ရင်တော့ အားနည်းနေသေးပေမယ့် သာမန်ဓါတ်ပုံနဲ့တော့ ဖုန်းကို Unlock ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အားနည်းချက်အနေနဲ့က အခု 3D Face Unlock ဟာ Samsung Galaxy S10 5G ဖုန်းမှာပဲရရှိနေသေးသလို OneUI 2.0 Update ရှိဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ OneUI 2.0 Update က Korea နိုင်ငံမှာပဲ Beta အနေနဲ့ရရှိနေသေးတာဆိုတော့ Samsung Galaxy S10 5G ဖုန်းရှိရင်တောင် Stable အနေနဲ့ အသုံးပြုနိုင်ဖို့က အချိန်စောင့်ဆိုင်းရဦးမှာပါ။

Ref – Android Central