[Unicode]

ဒီရက်ထဲမှာ Samsung Galaxy S10+ နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့သတင်းတစ်ခု ထွက်လာပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် Samsung Fan တွေကတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အဲဒါကတော့ TENAA မှာ 6GB of RAM နဲ့ Samsung Galaxy S10+ ကို တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

TENAA မှာ မော်ဒယ်နံပါတ် SM-G9750 နဲ့ အတူတွေ့မြင်ရတာက 6GB of RAM နဲ့ပါ။ မော်ဒယ်နံပါတ်ကိုကြည့်ခြင်းအားဖြင့် ဒီ Device ဟာ နိုင်ငံတကာဈေးကွက်အတွက်ဆိုတာ သိနိုင်ပါတယ်။ ဒီတော့ 8GB ဒါမှမဟုတ် 12GB of RAM မလိုချင်တဲ့သူတွေအတွက် 6GB of RAM မျိုးကွဲကို စောင့်ဆိုင်းသင့်တယ်လို့ ထင်ပါတယ်။

TENAA listing မှာ Galaxy S10+ ကို အနက်ရောင်နဲ့ မြင်တွေ့ရပါတယ်။ တခြား ရုပ်ပိုင်းဆိုင်ရာဒီဇိုင်းပိုင်းတွေကတော့ မြင်တွေ့ရသလောက် အပြောင်းအလဲမရှိဘူးလို့ ဆိုရမှာပါ။ ဒီတော့ တောင်ကိုရီးယား ကုမ္ပဏီကြီးဟာ Samsung Galaxy S10+ ကို နောက်ထပ်ဈေးကွက်တွေဆီ ပိုပြီးဖြန့်ကျက်ပို့ဆောင်ချင်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။

Samsung Galaxy S10+ ဟာ ကင်မရာပိုင်းမှာ Huwei P20 Pro, Mate 20 Pro တို့နဲ့ ပုခုံးချင်းယှဉ်နေတာကို DxOMark ရဲ့ ရမှတ်တွေက ဖော်ပြထားပါတယ်။ အရှေ့ကင်မရာကလည်း Googel Pixel 3 ကို ကျော်လွန်ပြီး DxOMark ရဲ့ ဇယားထိပ်ဆုံးမှာ ရှိနေတာပါ။ ဒါကြောင့် ကင်မရာကောင်းကောင်းသုံးပြီး ကျန်တဲ့အစိတ်အပိုင်းတွေမှာ ဝန်လျှော့ချင်တဲ့ Samsung Fan တွေအတွက် ဝမ်းသာစရာဖြစ်ပါလိမ့်မယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy S10+ 6GB of RAM အမ်ိဳးအစားကို TENAA မွာ ေတြ႕ျမင္လာရ

ဒီရက္ထဲမွာ Samsung Galaxy S10+ နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားစရာ ေကာင္းတဲ့သတင္းတစ္ခု ထြက္လာပါတယ္။ အေသးအဖြဲေလးဆိုေပမယ့္ Samsung Fan ေတြကေတာ့ စိတ္ဝင္စားၾကမယ္ထင္ပါတယ္။ အဲဒါကေတာ့ TENAA မွာ 6GB of RAM နဲ႔ Samsung Galaxy S10+ ကို ေတြ႕ျမင္ရတာပဲ ျဖစ္ပါတယ္။

TENAA မွာ ေမာ္ဒယ္နံပါတ္ SM-G9750 နဲ႔ အတူေတြ႕ျမင္ရတာက 6GB of RAM နဲ႔ပါ။ ေမာ္ဒယ္နံပါတ္ကိုၾကည့္ျခင္းအားျဖင့္ ဒီ Device ဟာ ႏိုင္ငံတကာေဈးကြက္အတြက္ဆိုတာ သိႏိုင္ပါတယ္။ ဒီေတာ့ 8GB ဒါမွမဟုတ္ 12GB of RAM မလိုခ်င္တဲ့သူေတြအတြက္ 6GB of RAM မ်ိဳးကြဲကို ေစာင့္ဆိုင္းသင့္တယ္လို႔ ထင္ပါတယ္။

TENAA listing မွာ Galaxy S10+ ကို အနက္ေရာင္နဲ႔ ျမင္ေတြ႕ရပါတယ္။ တျခား ႐ုပ္ပိုင္းဆိုင္ရာဒီဇိုင္းပိုင္းေတြကေတာ့ ျမင္ေတြ႕ရသေလာက္ အေျပာင္းအလဲမရွိဘူးလို႔ ဆိုရမွာပါ။ ဒီေတာ့ ေတာင္ကိုရီးယား ကုမၸဏီႀကီးဟာ Samsung Galaxy S10+ ကို ေနာက္ထပ္ေဈးကြက္ေတြဆီ ပိုၿပီးျဖန႔္က်က္ပို႔ေဆာင္ခ်င္ေနတယ္ဆိုတာ ထင္ရွားေနပါၿပီ။

Samsung Galaxy S10+ ဟာ ကင္မရာပိုင္းမွာ Huwei P20 Pro, Mate 20 Pro တို႔နဲ႔ ပုခုံးခ်င္းယွဥ္ေနတာကို DxOMark ရဲ႕ ရမွတ္ေတြက ေဖာ္ျပထားပါတယ္။ အေရွ႕ကင္မရာကလည္း Googel Pixel 3 ကို ေက်ာ္လြန္ၿပီး DxOMark ရဲ႕ ဇယားထိပ္ဆုံးမွာ ရွိေနတာပါ။ ဒါေၾကာင့္ ကင္မရာေကာင္းေကာင္းသုံးၿပီး က်န္တဲ့အစိတ္အပိုင္းေတြမွာ ဝန္ေလွ်ာ့ခ်င္တဲ့ Samsung Fan ေတြအတြက္ ဝမ္းသာစရာျဖစ္ပါလိမ့္မယ္။

Ref: GSM Arena