[Zawgyi]

သတင္းေတြ ထြက္ေပၚလာတာကိုသာ ေစာင့္ေမွ်ာ္ေနရတဲ့ရက္ေတြ ကုန္လုနီးပါၿပီ။ ဆမ္ေဆာင္းကုမၸဏီဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ Unpacked ပြဲတစ္ခုကို ျပဳလုပ္သြားေတာ့မွာျဖစ္ၿပီး ႏွစ္ပတ္လည္အေနနဲ႔ Galaxy S10 Flagship လိုင္းကို မိတ္ဆက္လာမွာျဖစ္ပါတယ္။

မီဒီယာေတြအတြက္ ဖိတ္စာေတြ ထြက္ေပၚလာၿပီျဖစ္ၿပီး တရားဝင္မိတ္ဆက္ပြဲကိုေတာ့ အေမရိကန္၊ ဆန္ဖရန္စစၥကိုမွာ ျပဳလုပ္သြားမွာျဖစ္ကာ တစ္ကမာၻလုံးက ပရိသတ္ေတြလည္း ဆမ္ေဆာင္းရဲ႕ တရားဝင္ ဝက္ဆုိက္မွာ ဝင္ေရာက္ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။

ဖိတ္စာေပၚမွာေတာ့ ဖုန္းႏွစ္လုံးရဲ႕ Curved အစြန္းႏွစ္ခုကိုထိစပ္ထားၿပီး နံပါတ္တစ္ဆယ္အား ထင္သာစြာ ေရးထားပါတယ္။ အဲဒါအျပင္ ပြဲရဲ႕အခ်က္အလက္ေတြပဲ ပါဝင္တာကို ေတြ႕ရတာေၾကာင့္ တျခားအခ်က္ေတြကို အတည္မျပဳႏုိင္ေသးပါဘူး။ ဒါကလည္း ဆမ္ေဆာင္းရဲ႕ ထုံးစံလုိျဖစ္ၿပီး သူတုိ႔ရဲ႕ဖုန္းေတြကို Teaser ေတြမွာ ဘယ္ေတာ့မွာ ေဖာ္ထုတ္ျပေလ့မရွိပါဘူး။

သုိ႔ေသာ္လည္း ဒီရက္ပိုင္းမွာ ထြက္ခဲ့တဲ့ သတင္းေတြေၾကာင့္ ဘာကိုေမွ်ာ္လင့္ႏုိင္မလဲ ဆုိတာ ေတာ္ေတာ္ေလး သိေနေလာက္ပါၿပီ။ ဒီပြဲမွာ အနည္းဆုံး Galaxy S10 ေမာ္ဒယ္သုံးမ်ဳိးကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ၿပီး Flat Screen ပါဝင္တဲ့ Galaxy S10 E ၊ ရုိးရုိး Galaxy S10 ကို အရင္ထက္ပိုႀကီးတဲ့ Curved Screen တစ္ခုနဲ႔ Under-display Fingerprint ျဖင့္ထြက္လာမယ့္ ေစ်းအျမင့္ဆုံး Galaxy S10 Plus တုိ႔ပါ။

Ref – GSM Arena

[Unicode]

သတင်းတွေ ထွက်ပေါ်လာတာကိုသာ စောင့်မျှော်နေရတဲ့ရက်တွေ ကုန်လုနီးပါပြီ။ ဆမ်ဆောင်းကုမ္ပဏီဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Unpacked ပွဲတစ်ခုကို ပြုလုပ်သွားတော့မှာဖြစ်ပြီး နှစ်ပတ်လည်အနေနဲ့ Galaxy S10 Flagship လိုင်းကို မိတ်ဆက်လာမှာဖြစ်ပါတယ်။

မီဒီယာတွေအတွက် ဖိတ်စာတွေ ထွက်ပေါ်လာပြီဖြစ်ပြီး တရားဝင်မိတ်ဆက်ပွဲကိုတော့ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်သွားမှာဖြစ်ကာ တစ်ကမ္ဘာလုံးက ပရိသတ်တွေလည်း ဆမ်ဆောင်းရဲ့ တရားဝင် ဝက်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဖိတ်စာပေါ်မှာတော့ ဖုန်းနှစ်လုံးရဲ့ Curved အစွန်းနှစ်ခုကိုထိစပ်ထားပြီး နံပါတ်တစ်ဆယ်အား ထင်သာစွာ ရေးထားပါတယ်။ အဲဒါအပြင် ပွဲရဲ့အချက်အလက်တွေပဲ ပါဝင်တာကို တွေ့ရတာကြောင့် တခြားအချက်တွေကို အတည်မပြုနိုင်သေးပါဘူး။ ဒါကလည်း ဆမ်ဆောင်းရဲ့ ထုံးစံလိုဖြစ်ပြီး သူတို့ရဲ့ဖုန်းတွေကို Teaser တွေမှာ ဘယ်တော့မှာ ဖော်ထုတ်ပြလေ့မရှိပါဘူး။

သို့သော်လည်း ဒီရက်ပိုင်းမှာ ထွက်ခဲ့တဲ့ သတင်းတွေကြောင့် ဘာကိုမျှော်လင့်နိုင်မလဲ ဆိုတာ တော်တော်လေး သိနေလောက်ပါပြီ။ ဒီပွဲမှာ အနည်းဆုံး Galaxy S10 မော်ဒယ်သုံးမျိုးကို မြင်တွေ့ရဖို့ မျှော်လင့်ပြီး Flat Screen ပါဝင်တဲ့ Galaxy S10 E ၊ ရိုးရိုး Galaxy S10 ကို အရင်ထက်ပိုကြီးတဲ့ Curved Screen တစ်ခုနဲ့ Under-display Fingerprint ဖြင့်ထွက်လာမယ့် ဈေးအမြင့်ဆုံး Galaxy S10 Plus တို့ပါ။

Ref – GSM Arena