[Zawgyi]

Samsung Galaxy S10+ version ရဲ႕ ရလဒ္အခ်ိဳ႕ကို AnTuTu မွာ ေတြ႕ျမင္ခဲ့ရပါၿပီ။ Samsung Fan ေတြအတြက္ ဝမ္းသာစရာသတင္းကေတာ့ S10+ ရဲ႕ အဓိက အစိတ္အပိုင္းေတြက Huawei Mate 20 Pro နဲ႔ သူ႔ရဲ႕ 7nm Kirin 980 chipset ကို ေက်ာ္လြန္ေနတယ္ဆိုတာပါပဲ။

အခ်က္အလက္ေတြအရ SM-G975F ကို Galaxy S10+ လို႔ သတ္မွတ္ရမွာပါ။ 6.4-inch မ်က္ႏွာျပင္ဟာ 2280x1080px resolution နဲ႔ ျဖစ္ပါတယ္။ Android 9 နဲ႔ျဖစ္ၿပီးေတာ့ 8nm Exynos 9820 chipset အသုံးျပဳထားတာ ေတြ႕ရပါတယ္။ RAM 6GB နဲ႔ Storage က 128GB ထည့္သြင္းေပးထားပါတယ္။

Samsung Galaxy S10+ ရဲ႕ Benchmark ရမွတ္ကေတာ့ 325,076 ျဖစ္တာေၾကာင့္ အံ့အားသင့္စရာပါ။ ဒီရမွတ္ဟာ AnTuTu မွာ ရမွတ္ေကာင္းရထားတဲ့ Huawei Mate 20 နဲ႔ Mate 20 Pro တို႔ထက္ သာလြန္ေနပါတယ္။ Galaxy S10+ ရဲ႕ Clocked က 2.7GHz လို႔လည္း သိရပါတယ္။ Exynos 9820 ဟာ Exynos M4 cores ႏွစ္ခု၊ Cortex-A75 ႏွစ္ခုနဲ႔ Cortext-A55 cores တို႔ ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။

ခန႔္မွန္းခ်က္ျပဳလုပ္သူအခ်ိဳ႕ေတာ့ ပိုၿပီး ေကာင္းမြန္တဲ့ 128GB နဲ႔ Galaxy S10 ေတြျပဳလုပ္ဦးမယ္လို႔ ဆိုၾကပါတယ္။ ဒီထဲက တစ္ခုက 6.7-inch အထိႀကီးမားတဲ့ မ်က္ႏွာျပင္နဲ႔ ျဖစ္မယ္လို႔ ဆိုပါတယ္။ Galaxy Note9 အတိုင္း ၾကည့္မယ္ဆိုရင္ေတာ့ Galaxy S10 ေတြထဲမွာ အနည္းဆုံး 8GB RAM ဒါမွမဟုတ္ အဲဒါထက္ပိုသုံးထားတဲ့ Version လည္း ထြက္လာႏိုင္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Samsung Galaxy S10+ version ရဲ့ ရလဒ်အချို့ကို AnTuTu မှာ တွေ့မြင်ခဲ့ရပါပြီ။ Samsung Fan တွေအတွက် ဝမ်းသာစရာသတင်းကတော့ S10+ ရဲ့ အဓိက အစိတ်အပိုင်းတွေက Huawei Mate 20 Pro နဲ့ သူ့ရဲ့ 7nm Kirin 980 chipset ကို ကျော်လွန်နေတယ်ဆိုတာပါပဲ။

အချက်အလက်တွေအရ SM-G975F ကို Galaxy S10+ လို့ သတ်မှတ်ရမှာပါ။ 6.4-inch မျက်နှာပြင်ဟာ 2280x1080px resolution နဲ့ ဖြစ်ပါတယ်။ Android 9 နဲ့ဖြစ်ပြီးတော့ 8nm Exynos 9820 chipset အသုံးပြုထားတာ တွေ့ရပါတယ်။ RAM 6GB နဲ့ Storage က 128GB ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy S10+ ရဲ့ Benchmark ရမှတ်ကတော့ 325,076 ဖြစ်တာကြောင့် အံ့အားသင့်စရာပါ။ ဒီရမှတ်ဟာ AnTuTu မှာ ရမှတ်ကောင်းရထားတဲ့ Huawei Mate 20 နဲ့ Mate 20 Pro တို့ထက် သာလွန်နေပါတယ်။ Galaxy S10+ ရဲ့ Clocked က 2.7GHz လို့လည်း သိရပါတယ်။ Exynos 9820 ဟာ Exynos M4 cores နှစ်ခု၊ Cortex-A75 နှစ်ခုနဲ့ Cortext-A55 cores တို့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ခန့်မှန်းချက်ပြုလုပ်သူအချို့တော့ ပိုပြီး ကောင်းမွန်တဲ့ 128GB နဲ့ Galaxy S10 တွေပြုလုပ်ဦးမယ်လို့ ဆိုကြပါတယ်။ ဒီထဲက တစ်ခုက 6.7-inch အထိကြီးမားတဲ့ မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ ဆိုပါတယ်။ Galaxy Note9 အတိုင်း ကြည့်မယ်ဆိုရင်တော့ Galaxy S10 တွေထဲမှာ အနည်းဆုံး 8GB RAM ဒါမှမဟုတ် အဲဒါထက်ပိုသုံးထားတဲ့ Version လည်း ထွက်လာနိုင်ပါတယ်။

 

Ref: GSMarena