[Zawgyi]

Samsung ရဲ႕ ေနာက္ဆုံးေပၚ စမတ္ဖုန္းျဖစ္တဲ့ Galaxy S10 ဟာ ကြၽန္ေတာ္ အႀကိဳက္ဆုံး ဖုန္းေတြထဲက တစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔မွာေတာ့ Galaxy S10 နဲ႔ပတ္သတ္ၿပီး ဝမ္းနည္းစရာ သတင္းေလးတစ္ပုဒ္ကို ၾကားသိလိုက္ရပါတယ္။ Samsung Galaxy S10 ဟာ ပိုင္ရွင္ရဲ႕ ဓာတ္ပုံကို အသုံးျပဳၿပီး အလြယ္တကူ Unlock လုပ္ႏိုင္တယ္ဆိုတဲ့ သတင္းပါ။ ပိုဆိုးတာက ဓာတ္ပုံနဲ႔တင္ မဟုတ္ဘဲ၊ ဗီဒီယို ဒါမွမဟုတ္ ပိုင္ရွင္နဲ႔ ႐ုပ္ဆင္တဲ့ သူေတြ၊ ညီကို ေမာင္ႏွမေတြရဲ႕ မ်က္ႏွာနဲ႔ပါ Unlock လုပ္ႏိုင္တာပါ။

Samsung ဟာ သူတို႔ အားကိုးအားထား ျပဳခဲ့ရတဲ့ Iris Scanner ကို Galaxy S10 စီးရီးမွာ စတင္ျဖဳတ္ခ်ခဲ့ပါတယ္။ အေၾကာင္းအရင္းကေတာ့ Infinity-O Display ကို အသုံးျပဳလိုက္တဲ့အတြက္ Iris Scanner Sensor ေတြထားစရာ ေနရာအလုံအေလာက္ မရွိေတာ့တာေၾကာင့္ ျဖစ္ႏိုင္သလို Ultrasonic In-Display Fingerprint Sensor အတြက္ အားျဖည့္လိုက္ရလို႔လည္း ျဖစ္ႏိုင္ပါတယ္။ မည္သို႔ပင္ ဆိုေစကာမူ Flagship စမတ္ဖုန္း တစ္လုံးရဲ႕ လုံၿခဳံေရးအပိုင္းက ဓာတ္ပုံအသုံးျပဳၿပီး အလြယ္တကူ ဖြင့္လို႔ရတဲ့အထိ အားမနည္းသင့္ဘူးလို႔ ျမင္မိပါတယ္။

Samsung Galaxy S10 ရဲ႕ Face Unlock လုံၿခဳံေရးစနစ္ အားနည္းခ်က္ကို နာမည္ႀကီး YouTuber တစ္ဦးျဖစ္တဲ့ Lewis Hilsenteger (Unbox Therapy) နဲ႔ နာမည္ႀကီး နည္းပညာမီဒီယာ တစ္ခုျဖစ္တဲ့ The Verge တို႔က သ႐ုပ္ေဖာ္ျပသခဲ့တာ ျဖစ္ပါတယ္။ Samsung အေနနဲ႔ Galaxy S10 ရဲ႕ Face Unlock လုံၿခဳံေရးစနစ္ကို Software Update ကေန တစ္ဆင့္ အဆင့္ျမႇင့္တင္ေပးႏိုင္တယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ အားကိုးအားထားျပဳစရာက Camera Sensor တစ္ခုပဲ ရွိတာေၾကာင့္ အရမ္းႀကီးေတာ့ မလြယ္ကူလွပါဘူး။ ဒါ့ေၾကာင့္ Galaxy S10 စီးရီး ပိုင္ရွင္မ်ားအေနနဲ႔ မိမိရဲ႕ ဖုန္းထဲမွာ အေရးႀကီး အခ်က္အလက္ေတြ သိမ္းဆည္းထားပါက Face Unlock အစား In-Display Fingerprint Sensor ကိုပဲ အသုံးျပဳဖို႔ အႀကံေပးခ်င္ပါတယ္။

Ref: Android Police

[Unicode]

ဓာတ်ပုံ အသုံးပြုပြီး ဖွင့်လို့ ရတဲ့ Samsung Galaxy S10 ရဲ့ Face Unlock

Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Galaxy S10 ဟာ ကျွန်တော် အကြိုက်ဆုံး ဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ Galaxy S10 နဲ့ပတ်သတ်ပြီး ဝမ်းနည်းစရာ သတင်းလေးတစ်ပုဒ်ကို ကြားသိလိုက်ရပါတယ်။ Samsung Galaxy S10 ဟာ ပိုင်ရှင်ရဲ့ ဓာတ်ပုံကို အသုံးပြုပြီး အလွယ်တကူ Unlock လုပ်နိုင်တယ်ဆိုတဲ့ သတင်းပါ။ ပိုဆိုးတာက ဓာတ်ပုံနဲ့တင် မဟုတ်ဘဲ၊ ဗီဒီယို ဒါမှမဟုတ် ပိုင်ရှင်နဲ့ ရုပ်ဆင်တဲ့ သူတွေ၊ ညီကို မောင်နှမတွေရဲ့ မျက်နှာနဲ့ပါ Unlock လုပ်နိုင်တာပါ။

Samsung ဟာ သူတို့ အားကိုးအားထား ပြုခဲ့ရတဲ့ Iris Scanner ကို Galaxy S10 စီးရီးမှာ စတင်ဖြုတ်ချခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Infinity-O Display ကို အသုံးပြုလိုက်တဲ့အတွက် Iris Scanner Sensor တွေထားစရာ နေရာအလုံအလောက် မရှိတော့တာကြောင့် ဖြစ်နိုင်သလို Ultrasonic In-Display Fingerprint Sensor အတွက် အားဖြည့်လိုက်ရလို့လည်း ဖြစ်နိုင်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ Flagship စမတ်ဖုန်း တစ်လုံးရဲ့ လုံခြုံရေးအပိုင်းက ဓာတ်ပုံအသုံးပြုပြီး အလွယ်တကူ ဖွင့်လို့ရတဲ့အထိ အားမနည်းသင့်ဘူးလို့ မြင်မိပါတယ်။

Samsung Galaxy S10 ရဲ့ Face Unlock လုံခြုံရေးစနစ် အားနည်းချက်ကို နာမည်ကြီး YouTuber တစ်ဦးဖြစ်တဲ့ Lewis Hilsenteger (Unbox Therapy) နဲ့ နာမည်ကြီး နည်းပညာမီဒီယာ တစ်ခုဖြစ်တဲ့ The Verge တို့က သရုပ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ Samsung အနေနဲ့ Galaxy S10 ရဲ့ Face Unlock လုံခြုံရေးစနစ်ကို Software Update ကနေ တစ်ဆင့် အဆင့်မြှင့်တင်ပေးနိုင်တယ်လို့ မျှော်လင့်ရပေမယ့် အားကိုးအားထားပြုစရာက Camera Sensor တစ်ခုပဲ ရှိတာကြောင့် အရမ်းကြီးတော့ မလွယ်ကူလှပါဘူး။ ဒါ့ကြောင့် Galaxy S10 စီးရီး ပိုင်ရှင်များအနေနဲ့ မိမိရဲ့ ဖုန်းထဲမှာ အရေးကြီး အချက်အလက်တွေ သိမ်းဆည်းထားပါက Face Unlock အစား In-display Fingerprint Sensor ကိုပဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Ref: Android Police