[Zawgyi]

Samsung ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီလို႔ပဲ ဆိုရမွာပါ။ Galaxy S10 ညီေနာင္ေတြကို မိတ္ဆက္တာမွ ရက္ပိုင္းပဲ ရွိေသးတယ္၊ Software Update ကို ထုတ္ေပးလိုက္တာပဲ ျဖစ္ပါတယ္။ တကယ္ဆို Galaxy S10+ ဟာ Pre-Order ကာလအတြင္းမွာပဲ ရွိပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေစာေစာစီးစီး Update ေပးထားေတာ့ အသုံးျပဳသူေတြအေနနဲ႔ စစခ်င္းကိုင္လိုက္တာနဲ႔ မလိုလားအပ္တဲ့ Error ေတြကို မႀကဳံရေတာ့ဘူးလို႔ပဲ ဆိုရမွာပါ။ ဒီ Software Update မွာ Software Critical ျဖစ္ေနတာအခ်ိဳ႕ကို ျပန္လည္ျပဳျပင္ထားသလို Bixby button ကိုလည္း Remap လုပ္ခြင့္ေပးထားတယ္လို႔ သိရပါတယ္။

Update Changelog မွာေဖာ္ျပထားတာကေတာ့ Android OS နဲ႔ ၿငိေနတဲ့ မလိုလားအပ္တဲ့ ျပႆနာအခ်ိဳ႕ကို ေျဖရွင္းေပးထားတာျဖစ္ၾကာင္း၊ Samsung ရဲ႕ Firmware မွာရွိတဲ့ အားနည္းခ်က္ေလးေတြကိုလည္း ျပဳျပင္ထားေၾကာင္း သိရပါတယ္။ ဒါ့အျပင္ အျခားအေသးစား ျပင္ဆင္မႈေတြလည္း ပါဝင္ပါတယ္။

Samsung အေနနဲ႔ Default Camera နဲ႔ပတ္သက္တဲ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ကိစၥေတြကိုလည္း အထူးဂ႐ုျပဳၿပီး ျပင္ဆင္ထားေၾကာင္း ေျပာပါတယ္။ ဒါတင္မကဘဲ Under-Display Fingerprint Reader ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ပိုမိုျမန္ဆန္တိက်မႈရွိေအာင္ အဆင့္ျမႇင့္တယ္ေပးထားေသးတယ္လို႔လည္း ဆိုပါတယ္။

ကင္မရာ App ဟာ အင္စတာဂရမ္နဲ႔ ပိုၿပီးခ်ိတ္ဆက္လို႔ေကာင္းသြားေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ ဓါတ္ပုံနဲ႔ ဗြီဒီယိုေတြကို Default Camera app ကေန တိုက္႐ိုက္ တင္လို႔ရၿပီလို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီ OTA update ကို Netherlands, Germany, UK နဲ႔ France တို႔မွာပဲ ရေသးတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ ရက္အနည္းငယ္အတြင္း အျခားေဈးကြက္ေတြကိုလည္း ပို႔ေဆာင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Galaxy S10+ အတွက် ပထမဆုံး Software Update ထုတ်လွှတ်လိုက်တဲ့ Samsung

Samsung ကတော့ လုပ်ချလိုက်ပြန်ပြီလို့ပဲ ဆိုရမှာပါ။ Galaxy S10 ညီနောင်တွေကို မိတ်ဆက်တာမှ ရက်ပိုင်းပဲ ရှိသေးတယ်၊ Software Update ကို ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်ဆို Galaxy S10+ ဟာ Pre-Order ကာလအတွင်းမှာပဲ ရှိပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စောစောစီးစီး Update ပေးထားတော့ အသုံးပြုသူတွေအနေနဲ့ စစချင်းကိုင်လိုက်တာနဲ့ မလိုလားအပ်တဲ့ Error တွေကို မကြုံရတော့ဘူးလို့ပဲ ဆိုရမှာပါ။ ဒီ Software Update မှာ Software Critical ဖြစ်နေတာအချို့ကို ပြန်လည်ပြုပြင်ထားသလို Bixby button ကိုလည်း Remap လုပ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

Update Changelog မှာဖော်ပြထားတာကတော့ Android OS နဲ့ ငြိနေတဲ့ မလိုလားအပ်တဲ့ ပြဿနာအချို့ကို ဖြေရှင်းပေးထားတာဖြစ်ကြာင်း၊ Samsung ရဲ့ Firmware မှာရှိတဲ့ အားနည်းချက်လေးတွေကိုလည်း ပြုပြင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် အခြားအသေးစား ပြင်ဆင်မှုတွေလည်း ပါဝင်ပါတယ်။

Samsung အနေနဲ့ Default Camera နဲ့ပတ်သက်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကိုလည်း အထူးဂရုပြုပြီး ပြင်ဆင်ထားကြောင်း ပြောပါတယ်။ ဒါတင်မကဘဲ Under-Display Fingerprint reader ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပိုမိုမြန်ဆန်တိကျမှုရှိအောင် အဆင့်မြှင့်တယ်ပေးထားသေးတယ်လို့လည်း ဆိုပါတယ်။

ကင်မရာ App ဟာ အင်စတာဂရမ်နဲ့ ပိုပြီးချိတ်ဆက်လို့ကောင်းသွားကြောင်း သိရပါတယ်။ ဒါကြောင့် ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို Default camera app ကနေ တိုက်ရိုက် တင်လို့ရပြီလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ OTA update ကို Netherlands, Germany, UK နဲ့ France တို့မှာပဲ ရသေးတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်အတွင်း အခြားဈေးကွက်တွေကိုလည်း ပို့ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena