[Unicode]

သတင်းတွေများစွာ ထွက်နေတဲ့ Samsung Galaxy S10 Lite ကို တရားဝင် ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ ၆.၇ လက်မ FullHD+ Infinity-O Display နဲ့ 25W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ ပါပါတယ်။ Octa-core CPU ပါတဲ့ 7nm Snapdragon 855 Chipset သုံးထားပြီး 6/8GB RAM ပါပါတယ်။ 128GB Storage ထည့်သွင်းထားပြီး microSD Card Slot ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားပြီး 48MP Main , 12MP Ultra-wide နဲ့ 5MP Macro တွေ ဖြစ်ပါတယ်။ Punch Hole မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ ပင်မ ကင်မရာတွေမှာ Super Steady OIS နည်းပညာ အသစ်ထည့်သွင်းထားတဲ့ Samsung ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာပြီး ကုမ္ပဏီရဲ့ တခြား စွမ်းရည်မြင့် ဖုန်းတွေထက် Stabilization ပိုကောင်းလာပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး Prism Black, White နဲ့ Blue အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အရင်ထွက်ထားတဲ့ Galaxy S10 ဖုန်းတွေမှာ ပါတဲ့ Audio Port တော့ မပါလာပါဘူး။ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ ရောင်းမှာ ဖြစ်ပြီး Galaxy S10 Lite ကို ယူရို ၆၄၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းလောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy S10 Lite ကို ေၾကညာၿပီ

သတင္းေတြမ်ားစြာ ထြက္ေနတဲ့ Samsung Galaxy S10 Lite ကို တရား၀င္ ေၾကညာလိုက္ပါတယ္။ အဲဒီဖုန္းမွာ ၆.၇ လက္မ FullHD+ Infinity-O Display နဲ႔ 25W Fast Charging ပါတဲ့ 4500mAh ဘက္ထရီ ပါပါတယ္။ Octa-core CPU ပါတဲ့ 7nm Snapdragon 855 Chipset သံုးထားၿပီး 6/8GB RAM ပါပါတယ္။ 128GB Storage ထည့္သြင္းထားၿပီး microSD Card Slot ပါပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၃ လံုးထည့္သြင္းထားၿပီး 48MP Main , 12MP Ultra-wide နဲ႔ 5MP Macro ေတြ ျဖစ္ပါတယ္။ Punch Hole မွာ 32MP ကင္မရာ တပ္ဆင္ထားပါတယ္။ ပင္မ ကင္မရာေတြမွာ Super Steady OIS နည္းပညာ အသစ္ထည့္သြင္းထားတဲ့ Samsung ရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာၿပီး ကုမၸဏီရဲ႕ တျခား စြမ္းရည္ျမင့္ ဖုန္းေတြထက္ Stabilization ပိုေကာင္းလာပါတယ္။ Display ေအာက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။

Android 10 အေျချပဳ One UI 2.0 ေမာင္းႏွင္ထားၿပီး Prism Black, White နဲ႔ Blue အေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ အရင္ထြက္ထားတဲ့ Galaxy S10 ဖုန္းေတြမွာ ပါတဲ့ Audio Port ေတာ့ မပါလာပါဘူး။ ကြာတား ၁ ျဖစ္တဲ့ ဇန္န၀ါရီလနဲ႔ မတ္လအတြင္းမွာ ေရာင္းမွာ ျဖစ္ၿပီး Galaxy S10 Lite ကို ယူရို ၆၄၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ ၁၀ သိန္းေလာက္ရွိပါတယ္။

Ref : gsmarena