[Unicode]

သတင်းများစွာထွက်နေတဲ့ Samsung Galaxy Note 10 Lite ကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းမှာ ၆.၇ လက်မ Full HD+ Infinity-O Display တပ်ဆင်ထားပြီး 25W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ Air Command တွေ သုံးနိုင်တဲ့ S Pen က တော်တော် မိုက်ပါတယ်။ အရှေ့ဘက်မှာ 32MP ကင်မရာကို Punch-hole မှာ တပ်ဆင်ထားပါတယ်။

ကုမ္ပဏီက Chipset အကြောင်းကို မပြောသွားပါဘူး။ ဒါပေမယ့် 10nm Processs နဲ့တည်ဆောက်ထားတဲ့ Octa-core CPU ပါမှာ ဖြစ်ပြီး 2.7GHz Core ၄ လုံးနဲ့ 1.7GHz Core ၄ လုံး ဖြစ်ပါတယ်။ အဲဒီအတွက် Exynos 9810 CPU ဖြစ်နိုင်ပါတယ်။ 6/8GB RAM နဲ့ 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားပြီး Dual Pixel AF နဲ့ OIS ပါတဲ့ 12MP Main ၊ 12MP Ultrawide Angle နဲ့ 12MP Telephoto တွေ ဖြစ်ပါတယ်။ Galaxy Note 10 ဖုန်းတွေမှာ မပါတဲ့ 3.5mm Audio Jack ပါလာတာာက ထူးခြားပါတယ်။ Android 10 အခြေပြု One UI 2.0 ပါလာမှာ ဖြစ်ပါတယ်။ Aura Black, Aura Glow နဲ့ Aura Red အရောင်တွေ ထုတ်လုပ်ထားပြီး ကွာတား ၃ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လထဲမှာ ရောင်းမှာပါ။ ၅၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၉၇၀,၀၀၀ လောက်ရှိပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy Note 10 Lite ကို ကြေညာပြီ




Ref : gsmarena