Unicode

Samsung ကနေ လာမယ့်နှစ်မှာ Flagship ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy S11 Series ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Galaxy S11 Series ဖုန်းတွေမမိတ်ဆက်ခင်မှာ Galaxy S10 Lite နဲ့ Galaxy Note 10 Lite ဖုန်းသစ်တွေကိုပါ မိတ်ဆက်လာဖို့များနေပါတယ်။

အဆိုပါ Galaxy S10 Lite နဲ့ Note 10 Lite ဖုန်းတွေရဲ့ သတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီးတော့ သတင်းတွေဆက်တိုက်ထွက်နေတာပဲဖြစ်ပါတယ်။ အခုလည်း ဒီ ဖုန်း ၂ လုံးရဲ့ Render ဓါတ်ပုံတွေ ထွက်ရှိလာပြန်ပါပြီ။

အခု Render ဓါတ်ပုံတွေအရ ဒီ S10 Lite နဲ့ Note 10 Lite ဖုန်း ၂ လုံးရဲ့ ရှေ့ဘက် Design ကို မြင်ရပြီးတော့ Selfie Camera ကို Display အပေါ်ဘက် အလယ်တည့်တည့်မှာပဲ Infinity-O Design နဲ့ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ အခု ဖုန်း ၂ လုံးထဲမှာ Galaxy Note 10 Lite ရဲ့ ဘေးဘောင်တွေက ပိုပြီး သေးငယ်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Samsung Galaxy Note 10 Lite ဖုန်းမှာ 4500mAh Battery ပါဝင်လာမယ်ဆိုပြီး သတင်းထွက်ရှိလာပြီးတော့ တကယ်လို့ အဆိုပါသတင်းသာမှန်ကန်တယ်ဆိုရင် လက်ရှိ Galaxy Note 10 Series တွေထဲမှာ Battery ပမာဏအများဆုံးဖြစ်လာမှာပါ။

အခု Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ မိတ်ဆက်လာနိုင်ပြီးတော့ တချို့နိုင်ငံတွေမှာ Galaxy A81 နဲ့ A91 ဖုန်းတွေအဖြစ်လည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန လာမယ့္ႏွစ္မွာ Flagship ဖုန္းအသစ္ေတြျဖစ္တဲ့ Galaxy S11 Series ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ Galaxy S11 Series ဖုန္းေတြမမိတ္ဆက္ခင္မွာ Galaxy S10 Lite နဲ႔ Galaxy Note 10 Lite ဖုန္းသစ္ေတြကိုပါ မိတ္ဆက္လာဖို႔မ်ားေနပါတယ္။

အဆိုပါ Galaxy S10 Lite နဲ႔ Note 10 Lite ဖုန္းေတြရဲ႕ သတင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက စတင္ၿပီးေတာ့ သတင္းေတြဆက္တိုက္ထြက္ေနတာပဲျဖစ္ပါတယ္။ အခုလည္း ဒီ ဖုန္း ၂ လုံးရဲ႕ Render ဓါတ္ပုံေတြ ထြက္ရွိလာျပန္ပါၿပီ။

အခု Render ဓါတ္ပုံေတြအရ ဒီ S10 Lite နဲ႔ Note 10 Lite ဖုန္း ၂ လုံးရဲ႕ ေရွ႕ဘက္ Design ကို ျမင္ရၿပီးေတာ့ Selfie Camera ကို Display အေပၚဘက္ အလယ္တည့္တည့္မွာပဲ Infinity-O Design နဲ႔ ထည့္သြင္းထားတာကိုေတြ႕ရပါတယ္။ အခု ဖုန္း ၂ လုံးထဲမွာ Galaxy Note 10 Lite ရဲ႕ ေဘးေဘာင္ေတြက ပိုၿပီး ေသးငယ္တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက Samsung Galaxy Note 10 Lite ဖုန္းမွာ 4500mAh Battery ပါဝင္လာမယ္ဆိုၿပီး သတင္းထြက္ရွိလာၿပီးေတာ့ တကယ္လို႔ အဆိုပါသတင္းသာမွန္ကန္တယ္ဆိုရင္ လက္ရွိ Galaxy Note 10 Series ေတြထဲမွာ Battery ပမာဏအမ်ားဆုံးျဖစ္လာမွာပါ။

အခု Galaxy S10 Lite နဲ႔ Note 10 Lite စမတ္ဖုန္းေတြကို လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ မိတ္ဆက္လာႏိုင္ၿပီးေတာ့ တခ်ိဳ႕ႏိုင္ငံေတြမွာ Galaxy A81 နဲ႔ A91 ဖုန္းေတြအျဖစ္လည္း မိတ္ဆက္လာႏိုင္ပါတယ္။

Ref – GSM Arena