[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Samsung Galaxy A81 နဲ့ A91 တို့ရဲ့ Renders တွေကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒီ အမည်နဲ့ ဟန်းဆက်တွေဟာ ဈေးကွက်အချို့မှာ Galaxy Note10 Lite နဲ့ Galaxy S10 Lite တွေအဖြစ် ထွက်လာလိမ့်မယ်လို့ ဆိုကြတာပါ။ တောင်ကိုရီးယားကုမ္ပဏီကြီးက ဒီသတင်းတွေနဲ့ပတ်သက်ပြီး အခုအချိန်အထိတော့ တုံ့ပြန်မှု မပြုသေးပါဘူး။

ဒါပေမယ့် Samsung ရဲ့ ဟန်းဆက်သစ်တွေအကြောင်း သတင်းထွက်ပေါ်မှုတွေကတော့ ရပ်တန့်သွားတယ်လို့ မရှိပါဘူး။ တစ်စတစ်စနဲ့ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေဆဲပါပဲ။ အခုထပ်ပြီးတွေ့လာရတဲ့သတင်းအချက်အလက်က ဒီဟန်းဆက်နှစ်ခုကို Bluetooth SIG certifications ရလာတာပဲ ဖြစ်ပါတယ်။

Bluetooth certifications ရတာကြောင့် သိပ်မကြာခင်မှာ ဈေးကွက်ထဲကိုရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ Galaxy S10 Lite ကတော့ မော်ဒယ်နံပါတ် SM-G770F နဲ့ဖြစ်ပြီး Galaxy Note10 Lite ကတော့ မော်ဒယ်နံပါတ် SM-N770F နဲ့အတူ အသိအမှတ်ပြုပေးတဲ့ ဝက်ဘ်ဆိုက်မှာ တွေ့မြင်ရတာပါ။

အခုတွေ့မြင်ရတာက Bluetooth အတွက် အသိအမှတ်ပြုမှုသက်သက်ပဲဖြစ်လို့ အခြားအချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကောလာဟလတွေကတော့ Galaxy Note10 ဟာ Exynos 9810 SoC နဲ့ဖြစ်မယ်လို့ဆိုပါတယ်။ Samsung ဟာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဗီယက်နမ်ဈေးကွက်မှာ Galaxy A(2020) series အတွက် ပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲမှာ A81 နဲ့ A91 တွေကိုလည်း ကြေညာလာဖွယ်ရှိပါတယ်။

Ref: GSM Arena

[Zawgyi]

Bluetooth Certification ရလာၿပီျဖစ္တဲ့ Samsung Galaxy S10 Lite နဲ႔ Note10 Lite

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ Samsung Galaxy A81 နဲ႔ A91 တို႔ရဲ႕ Renders ေတြကို ေတြ႕ျမင္ခဲ့ၾကရၿပီးပါၿပီ။ ဒီ အမည္နဲ႔ ဟန္းဆက္ေတြဟာ ေဈးကြက္အခ်ိဳ႕မွာ Galaxy Note10 Lite နဲ႔ Galaxy S10 Lite ေတြအျဖစ္ ထြက္လာလိမ့္မယ္လို႔ ဆိုၾကတာပါ။ ေတာင္ကိုရီးယားကုမၸဏီႀကီးက ဒီသတင္းေတြနဲ႔ပတ္သက္ၿပီး အခုအခ်ိန္အထိေတာ့ တုံ႔ျပန္မႈ မျပဳေသးပါဘူး။

ဒါေပမယ့္ Samsung ရဲ႕ ဟန္းဆက္သစ္ေတြအေၾကာင္း သတင္းထြက္ေပၚမႈေတြကေတာ့ ရပ္တန႔္သြားတယ္လို႔ မရွိပါဘူး။ တစ္စတစ္စနဲ႔ ဆက္တိုက္ဆိုသလို ထြက္ေပၚေနဆဲပါပဲ။ အခုထပ္ၿပီးေတြ႕လာရတဲ့သတင္းအခ်က္အလက္က ဒီဟန္းဆက္ႏွစ္ခုကို Bluetooth SIG certifications ရလာတာပဲ ျဖစ္ပါတယ္။

Bluetooth certifications ရတာေၾကာင့္ သိပ္မၾကာခင္မွာ ေဈးကြက္ထဲကိုေရာက္ေတာ့မယ္ဆိုတဲ့ အဓိပၸါယ္လည္း ျဖစ္ပါတယ္။ Galaxy S10 Lite ကေတာ့ ေမာ္ဒယ္နံပါတ္ SM-G770F နဲ႔ျဖစ္ၿပီး Galaxy Note10 Lite ကေတာ့ ေမာ္ဒယ္နံပါတ္ SM-N770F နဲ႔အတူ အသိအမွတ္ျပဳေပးတဲ့ ဝက္ဘ္ဆိုက္မွာ ေတြ႕ျမင္ရတာပါ။

အခုေတြ႕ျမင္ရတာက Bluetooth အတြက္ အသိအမွတ္ျပဳမႈသက္သက္ပဲျဖစ္လို႔ အျခားအခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ ဒါေပမယ့္ ေကာလာဟလေတြကေတာ့ Galaxy Note10 ဟာ Exynos 9810 SoC နဲ႔ျဖစ္မယ္လို႔ဆိုပါတယ္။ Samsung ဟာ လာမယ့္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ဗီယက္နမ္ေဈးကြက္မွာ Galaxy A(2020) series အတြက္ ပြဲျပဳလုပ္မွာျဖစ္ပါတယ္။ ဒီပြဲမွာ A81 နဲ႔ A91 ေတြကိုလည္း ေၾကညာလာဖြယ္ရွိပါတယ္။

Ref: GSM Arena