[Zawgyi]

Galaxy S10 Lite ရဲ႕ သတင္းေတြက မၾကာခဏဆိုသလို ထြက္ေပၚေနပါတယ္။ အခုလည္း အေမရိကန္ ဆက္သြယ္ေရး ေကာ္မရွင္ (FCC) ကို အဲဒီဖုန္း ေရာက္လာပါၿပီ။ Settings နဲ႔ About Phone Sections ေတြကို ႐ိုက္ထားတဲ့ Screenshot ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္က SM-G770F ျဖစ္ၿပီး အရင္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းနဲ႔ တူေနပါတယ္။ မၾကာခင္မွာ တရားဝင္ ေၾကညာေတာ့မယ္လို႔ ယူဆရပါတယ္။

Samsung Galaxy S10 Lite ကို မၾကာခင္က Geekbench မွာ ေတြ႕ခဲ့ၿပီး အဲဒီ စမတ္ဖုန္းရဲ႕ Key Specifications ေတြကို သိခဲ့ပါတယ္။ Geekbench အရ Samsung Galaxy S10 Lite မွာ Snapdragon 855 SoC ေမာင္းႏွင္ထားမွာ ျဖစ္ပါတယ္။ 8GB RAM ပါလာမွာျဖစ္ၿပီး ေနာက္ဆံုးထုတ္ Android 10 OS ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ 4,370mAh Battery ပါမယ္လို႔ ေျပာထားပါတယ္။

အရင္သတင္းေတြအရ Samsung Galaxy S10 Lite မွာ 45W Fast Charging ထည့္သြင္းထားမွာ ျဖစ္ၿပီး အားသြင္းရင္ ဖလန္းဖလန္း ျမန္ေနမွာ ေသခ်ာပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး 48MP+12MP+5MP ေတြ ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာကလည္း အလန္းစား ျဖစ္ၿပီး 32MP ျဖစ္ပါတယ္။ ၆.၇ လက္မ FHD+ Super AMOLED Display ပါလာမွာ ျဖစ္ပါတယ္။ အျဖဴ၊ အနက္နဲ႔ အျပာေရာင္ေတြ ေရြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

Samsung က မတ္လမွာ Galaxy S10 Series ေတြကို ေၾကညာခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းေတြဟာ စြမ္းရည္ျမင့္မားသလို ေစ်းကလည္း လန္းပါတယ္။ အခုေတာ့ ေစ်းသက္သာတဲ့ Galaxy S10 Lite ကို ကုမၸဏီက ထုတ္လုပ္ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

FCC ကိုရောက်လာတဲ့ Samsung Galaxy S10 Lite

Galaxy S10 Lite ရဲ့ သတင်းတွေက မကြာခဏဆိုသလို ထွက်ပေါ်နေပါတယ်။ အခုလည်း အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) ကို အဲဒီဖုန်း ရောက်လာပါပြီ။ Settings နဲ့ About Phone Sections တွေကို ရိုက်ထားတဲ့ Screenshot တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်က SM-G770F ဖြစ်ပြီး အရင် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းနဲ့ တူနေပါတယ်။ မကြာခင်မှာ တရားဝင် ကြေညာတော့မယ်လို့ ယူဆရပါတယ်။

Samsung Galaxy S10 Lite ကို မကြာခင်က Geekbench မှာ တွေ့ခဲ့ပြီး အဲဒီ စမတ်ဖုန်းရဲ့ Key Specifications တွေကို သိခဲ့ပါတယ်။ Geekbench အရ Samsung Galaxy S10 Lite မှာ Snapdragon 855 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 8GB RAM ပါလာမှာဖြစ်ပြီး နောက်ဆုံးထုတ် Android 10 OS ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 4,370mAh Battery ပါမယ်လို့ ပြောထားပါတယ်။

အရင်သတင်းတွေအရ Samsung Galaxy S10 Lite မှာ 45W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပြီး အားသွင်းရင် ဖလန်းဖလန်း မြန်နေမှာ သေချာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 48MP+12MP+5MP တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကလည်း အလန်းစား ဖြစ်ပြီး 32MP ဖြစ်ပါတယ်။ ၆.၇ လက်မ FHD+ Super AMOLED Display ပါလာမှာ ဖြစ်ပါတယ်။ အဖြူ၊ အနက်နဲ့ အပြာရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung က မတ်လမှာ Galaxy S10 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ စွမ်းရည်မြင့်မားသလို ဈေးကလည်း လန်းပါတယ်။ အခုတော့ ဈေးသက်သာတဲ့ Galaxy S10 Lite ကို ကုမ္ပဏီက ထုတ်လုပ်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena