[Zawgyi]

Samsung Galaxy Note 10 Lite အေၾကာင္း သတင္းထြက္လာၿပီး သိပ္မၾကာခင္အခ်ိန္အတြင္းမွာပဲ Samsung Galaxy S10 Lite လည္း ထြက္ေပၚလာဦးမယ္လို႔ သတင္းထြက္လာျပန္ပါတယ္။ Galaxy S10 Lite အေၾကာင္း သတင္းကလည္း Note 10 Lite ရဲ႕ သတင္းရင္းျမစ္နဲ႔တူညီတယ္လို႔ သိရပါတယ္။

ဒီႏွစ္ဦးပိုင္းတုန္းက သတင္းထြက္ခဲ့တာကေတာ့ Galaxy S10 Series မွာ အနိမ့္ဆုံးအမ်ိဳးအစားကို Lite အေနနဲ႔ထုတ္မွာမဟုတ္ဘူးလို႔ဆိုေပမယ့္ အခုသတင္းရင္းျမစ္ကေတာ့ ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ Galaxy S10 Lite အတြက္လုပ္ေဆာင္ေနတာ အေသအခ်ာပဲလို႔ အခိုင္အမာေျပာဆိုေနပါတယ္။

ဒါတင္မကေသးဘဲ Galaxy S10 Lite ဟာ 45W အျမန္အားသြင္းစနစ္လည္း ပါဝင္ဦးမွာျဖစ္သလို Snapdragon 855 chipset လည္း သုံးထားဦးမယ္ဆိုတဲ့ ေကာလာဟလကလည္း လြင့္ပ်ံလာပါတယ္။ ဒီအခ်က္အလက္ေတြကေတာ့ Galaxy A91 နဲ႔ခပ္ဆင္ဆင္ျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

ထပ္ၿပီးထြက္ေနတဲ့သတင္းက 8GB of RAM နဲ႔ 128GB သိုေလွာင္မႈပမာဏ တြဲဖက္ထားၿပီး 48MP အဓိကကင္မရာ၊ 12MP ultra-wide နဲ႔ 5MP depth sensor ေတြ ပါဝင္မယ္ဆိုတာပါ။ အေရွ႕ဘက္မွာ 32MP selfie ကင္မရာတစ္လုံးပါဝင္မွာျဖစ္ၿပီး 4,500mAh ဘက္ထရီတပ္ဆင္ထားမယ္လို႔လည္း ဆိုပါတယ္။ ဒီအခ်က္အလက္ေတြက A91 နဲ႔ ဆင္ေနသလို Galaxy S10 ထက္ေတာင္ပိုသာေနတယ္လို႔ဆိုႏိုင္တာေၾကာင့္ မွားယြင္းတဲ့သတင္း ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ပဲ ဆိုရပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

Samsung ဟာ Galaxy S10 Lite ထုတ်ဖို့ လုပ်ဆောင်နေပြီလို့ ကောလာဟလထွက်ပေါ်လာ

Samsung Galaxy Note 1 Lite အကြောင်း သတင်းထွက်လာပြီး သိပ်မကြာခင်အချိန်အတွင်းမှာပဲ Samsung Galaxy S10 Lite လည်း ထွက်ပေါ်လာဦးမယ်လို့ သတင်းထွက်လာပြန်ပါတယ်။ Galaxy S10 Lite အကြောင်း သတင်းကလည်း Note 10 Lite ရဲ့ သတင်းရင်းမြစ်နဲ့တူညီတယ်လို့ သိရပါတယ်။

ဒီနှစ်ဦးပိုင်းတုန်းက သတင်းထွက်ခဲ့တာကတော့ Galaxy S10 Series မှာ အနိမ့်ဆုံးအမျိုးအစားကို Lite အနေနဲ့ထုတ်မှာမဟုတ်ဘူးလို့ဆိုပေမယ့် အခုသတင်းရင်းမြစ်ကတော့ ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy S10 Lite အတွက်လုပ်ဆောင်နေတာ အသေအချာပဲလို့ အခိုင်အမာပြောဆိုနေပါတယ်။

ဒါတင်မကသေးဘဲ Galaxy S10 Lite ဟာ 45W အမြန်အားသွင်းစနစ်လည်း ပါဝင်ဦးမှာဖြစ်သလို Snapdragon 855 chipset လည်း သုံးထားဦးမယ်ဆိုတဲ့ ကောလာဟလကလည်း လွင့်ပျံလာပါတယ်။ ဒီအချက်အလက်တွေကတော့ Galaxy A91 နဲ့ခပ်ဆင်ဆင်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ထပ်ပြီးထွက်နေတဲ့သတင်းက 8GB of RAM နဲ့ 128GB သိုလှောင်မှုပမာဏ တွဲဖက်ထားပြီး 48MP အဓိကကင်မရာ၊ 12MP ultra-wide နဲ့ 5MP depth sensor တွေ ပါဝင်မယ်ဆိုတာပါ။ အရှေ့ဘက်မှာ 32MP selfie ကင်မရာတစ်လုံးပါဝင်မှာဖြစ်ပြီး 4,500mAh ဘက်ထရီတပ်ဆင်ထားမယ်လို့လည်း ဆိုပါတယ်။ ဒီအချက်အလက်တွေက A91 နဲ့ ဆင်နေသလို Galaxy S10 ထက်တောင်ပိုသာနေတယ်လို့ဆိုနိုင်တာကြောင့် မှားယွင်းတဲ့သတင်း ဖြစ်နိုင်ခြေများတယ်လို့ပဲ ဆိုရပါလိမ့်မယ်။

Ref: GSM Arena