[Zawgyi]

Samsung က Galaxy S10 Lite ထုတ္ဖို႔လုပ္ေနၿပီဆိုတဲ့သတင္းကို ၿပီးခဲ့တဲ့တစ္ပါတ္က ေဖာ္ျပေပးခဲ့ပါတယ္။ ဒီတုန္းကေတာ့ Galaxy Note 10 Lite သတင္းနဲ႔အတူ ရင္းျမစ္တစ္ခုတည္းကထြက္လာတဲ့ Galaxy S10 Lite အေၾကာင္းဟာ သိပ္ၿပီးေသခ်ာမႈမရွိသလို ျဖစ္ခဲ့ရပါတယ္။

ဒါေပမယ့္ Galaxy S10, S10+ နဲ႔ S10e တို႔အျပင္ Galaxy S10 Lite ကလည္း အမွန္တကယ္ ထြက္ေပၚမွာျဖစ္ၿပီး S10e ထက္ ေဈးႏႈန္းသက္သာလာဖြယ္လည္း ရွိေနတာ ျဖစ္ပါတယ္။ ထပ္မံထြက္ေပၚလာတဲ့သတင္းေတြမွာလည္း S10 Lite ဟာ Snapdragon 855 chipset ကို အသုံးျပဳထားၿပီး 8GB of RAM, 128GB သိုေလွာင္မႈ ပါဝင္မယ္လို႔ပဲ ေဖာ္ျပေနၾကတာပါ။

Lite အေနနဲ႔ထြက္လာမွာျဖစ္တဲ့အတြက္ အ႐ြယ္ကစားကေတာ့ ေနာင္ေတာ္ေတြထက္ ေသးငယ္မွာဆိုေပမယ့္ သတင္းထြက္ထားတာကေတာ့ 6.7-inch Super AMOLED မ်က္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္မွာ Punch-hole အစား Notch ပါဝင္လာမယ္လို႔လည္း ဒီသတင္းရင္းျမစ္က ေဖာ္ျပထားပါတယ္။ ဘက္ထရီကလည္း 4,500mAh အျပင္ 45W အျမန္အားသြင္းစနစ္လည္း ပါဝင္လာဦးမယ္လို႔ ဆိုပါတယ္။

ကင္မရာပိုင္းဆိုင္ရာနဲ႔ပတ္သက္တဲ့သတင္းကေတာ့ ကနဦးသတင္းနဲ႔ ကြာျခားမႈမရွိပါဘူး။ 48MP အဓိကကင္မရာ၊ 12MP ultra-wied နဲ႔ 5MP depth sensor ေတြ ပါဝင္မယ္ဆိုတာခ်င္း တူညီေနပါတယ္။ အေရွ႕ဘက္ Notch ထဲမွာေတာ့ 32MP ကင္မရာတစ္လုံးပါဝင္လာမယ္လို႔ပဲ ေဖာ္ျပထားပါတယ္။ ေနာက္ဆုံးအျဖစ္ SamMobile ကေနထြက္လာတဲ့သတင္းကေတာ့ Galaxy S10 Lite ဟာ Prism Black, Prism White နဲ႔ Prism Blue ဆိုၿပီး အေရာင္သုံးေရာင္နဲ႔ ထြက္လာမယ္လို႔ ေဖာ္ျပထားတာပါ။

Ref: Phone Arena

[Unicode]

Samsung Galaxy S10 Lite ဟာ အရောင်သုံးမျိုးနဲ့ ထွက်လာမယ်လို့ သတင်းပျံ့နှံ့နေ

Samsung က Galaxy S10 Lite ထုတ်ဖို့လုပ်နေပြီဆိုတဲ့သတင်းကို ပြီးခဲ့တဲ့တစ်ပါတ်က ဖော်ပြပေးခဲ့ပါတယ်။ ဒီတုန်းကတော့ Galaxy Note 10 Lite သတင်းနဲ့အတူ ရင်းမြစ်တစ်ခုတည်းကထွက်လာတဲ့ Galaxy S10 Lite အကြောင်းဟာ သိပ်ပြီးသေချာမှုမရှိသလို ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် Galaxy S10, S10+ နဲ့ S10e တို့အပြင် Galaxy S10 Lite ကလည်း အမှန်တကယ် ထွက်ပေါ်မှာဖြစ်ပြီး S10e ထက် ဈေးနှုန်းသက်သာလာဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ထပ်မံထွက်ပေါ်လာတဲ့သတင်းတွေမှာလည်း S10 Lite ဟာ Snapdragon 855 chipset ကို အသုံးပြုထားပြီး 8GB of RAM, 128GB သိုလှောင်မှု ပါဝင်မယ်လို့ပဲ ဖော်ပြနေကြတာပါ။

Lite အနေနဲ့ထွက်လာမှာဖြစ်တဲ့အတွက် အရွယ်ကစားကတော့ နောင်တော်တွေထက် သေးငယ်မှာဆိုပေမယ့် သတင်းထွက်ထားတာကတော့ 6.7-inch Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်မှာ Punch-hole အစား Notch ပါဝင်လာမယ်လို့လည်း ဒီသတင်းရင်းမြစ်က ဖော်ပြထားပါတယ်။ ဘက်ထရီကလည်း 4,500mAh အပြင် 45W အမြန်အားသွင်းစနစ်လည်း ပါဝင်လာဦးမယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းကတော့ ကနဦးသတင်းနဲ့ ကွာခြားမှုမရှိပါဘူး။ 48MP အဓိကကင်မရာ၊ 12MP ultra-wied နဲ့ 5MP depth sensor တွေ ပါဝင်မယ်ဆိုတာချင်း တူညီနေပါတယ်။ အရှေ့ဘက် Notch ထဲမှာတော့ 32MP ကင်မရာတစ်လုံးပါဝင်လာမယ်လို့ပဲ ဖော်ပြထားပါတယ်။ နောက်ဆုံးအဖြစ် SamMobile ကနေထွက်လာတဲ့သတင်းကတော့ Galaxy S10 Lite ဟာ Prism Black, Prism White နဲ့ Prism Blue ဆိုပြီး အရောင်သုံးရောင်နဲ့ ထွက်လာမယ်လို့ ဖော်ပြထားတာပါ။

Ref: Phone Arena