[Unicode]

လာမယ့်လ CES 2020 မှာ ကြေညာမယ်လို့ ထင်ရတဲ့ Samsung Galaxy S10 Lite ရဲ့ ဓါတ်ပုံတွေ အရင်က ပေါက်ကြားထွက်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ ဖုန်းရဲ့ User Manual ထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းဟာ ပိုသေချာသွားခဲ့ပါပြီ။ User Manual မှာ Galaxy S10 Lite ရဲ့ ပုံကြမ်းပဲပါပါတယ်။ ဒါပေမယ့် မျက်နှာပြင်ရဲ့ အလယ်မှာ Punch Hole ၁ ခုပါမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါမယ်ဆိုတာ သေချာသွားပါပြီ။

အနောက် ဘယ်ဘက်အထက်မှာ လေးထောင့်ပုံသဏ္ဍာန် ကင်မရာ အကွက်ပါလာပြီး ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေရဲ့ ညာဘက်မှာ LED Flash ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ညာဘက်မှာ ပါဝါ၊ အသံခလုတ်တွေနဲ့ ဘယ်ဘက်မှာ SIM ၊ microSD Card Slot တွေ ပါလာပါတယ်။ အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး Samsung Pay အတွက် MST နဲ့ NFC ပါလာမှာပါ။

ကုမ္ပဏီက အဲဒီ ဖုန်း အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် မကြာခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရ Snapdragon 855 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage တွေ ပါလာမှာပါ။ နောက်ဆုံးထုတ် Android 10 မောင်းနှင်ထားနိုင်ပါတယ်။

Galaxy S10 Lite မှာ ၆.၇ လက်မ FHD+ 20:9 Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 45W Fast Charging ပါတဲ့ 4,500mAh ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 12MP Ultrawide နဲ့ 5MP Macro ကင်မရာတွေ ပါလာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy S10 Lite ရဲ႕ ဓါတ္ပံုထြက္ေပၚလာ

လာမယ့္လ CES 2020 မွာ ေၾကညာမယ္လို႔ ထင္ရတဲ့ Samsung Galaxy S10 Lite ရဲ႕ ဓါတ္ပံုေတြ အရင္က ေပါက္ၾကားထြက္ခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ ဖုန္းရဲ႕ User Manual ထြက္ေပၚလာၿပီး ဖုန္း ဒီဇိုင္းဟာ ပိုေသခ်ာသြားခဲ့ပါၿပီ။ User Manual မွာ Galaxy S10 Lite ရဲ႕ ပံုၾကမ္းပဲပါပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္ရဲ႕ အလယ္မွာ Punch Hole ၁ ခုပါမွာ ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါမယ္ဆိုတာ ေသခ်ာသြားပါၿပီ။

အေနာက္ ဘယ္ဘက္အထက္မွာ ေလးေထာင့္ပံုသ႑ာန္ ကင္မရာ အကြက္ပါလာၿပီး ကင္မရာ ၃ လံုးကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ ကင္မရာေတြရဲ႕ ညာဘက္မွာ LED Flash ထည့္သြင္းထားပါတယ္။ ဖုန္းရဲ႕ ညာဘက္မွာ ပါ၀ါ၊ အသံခလုတ္ေတြနဲ႔ ဘယ္ဘက္မွာ SIM ၊ microSD Card Slot ေတြ ပါလာပါတယ္။ ေအာက္ေျခမွာ USB-C Port တပ္ဆင္ထားၿပီး Samsung Pay အတြက္ MST နဲ႔ NFC ပါလာမွာပါ။

ကုမၸဏီက အဲဒီ ဖုန္း အေၾကာင္း ဘာမွ မေျပာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္က ေပါက္ၾကားခဲ့တဲ့ သတင္းအရ Snapdragon 855 SoC ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး 8GB RAM နဲ႔ 128GB Storage ေတြ ပါလာမွာပါ။ ေနာက္ဆံုးထုတ္ Android 10 ေမာင္းႏွင္ထားႏုိင္ပါတယ္။

Galaxy S10 Lite မွာ ၆.၇ လက္မ FHD+ 20:9 Super AMOLED မ်က္ႏွာျပင္ ပါလာမွာ ျဖစ္ၿပီး 45W Fast Charging ပါတဲ့ 4,500mAh ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ၿပီး အေနာက္ဘက္မွာ 48MP Main , 12MP Ultrawide နဲ႔ 5MP Macro ကင္မရာေတြ ပါလာႏိုင္ပါတယ္။

Ref : gsmarena