[Zawgyi]

6.4” QHD+ Dynamic AMOLED Curved Display ကို အသုံးျပဳထားၿပီး Resolution က 1440 x 3040 pixels ရွိပါတယ္။ Aluminum Frame ကို အသုံးျပဳထားၿပီး Corning Gorilla Glass 6 ကို အေရွ႕နဲ႔ Glass 5 ကို အေနာက္မွာ ဖုံးအုပ္ေပးထားပါတယ္။ ဒါ့အျပင္ Water and Dust Resistance မွာလည္း IP68 ရရွိထားပါေသးတယ္။ Processor အပိုင္းအတြက္ Exynos 9820 (8nm) နဲ႔ Snapdragon 855 (7nm) ဆိုၿပီး ၂မ်ိဴးခြဲျခား အသုံးျပဳထားမွာပါ။ ျမန္မာႏိုင္ငံကို ေရာက္ရွိလာမယ့္ ေမာ္ဒယ္ေတြကေတာ့ Exynos 9820 (8nm) ေတြျဖစ္ပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္ၿပီး Memory Storage ကိုေတာ့ 128GB နဲ႔ 512GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ဒါ့အျပင္ RAM 12GB နဲ႔ Storage 1TB (1024GB) ပါမယ့္ ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ထားပါေသးတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ Aperture ၂မ်ိဴး ေျပာင္းလို႔ရတဲ့ 12MP (f/1.5-2.4) Main Camera ကို 12MP (f/2.4) Telephoto Lens + 16MP (f/2.2) Ultra-wide Sensor ေတြနဲ႔ တြဲဖက္ အသုံးျပဳထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Infinity-O Display ထဲမွာေတာ့ Dual Pixel PDAF ေထာက္ပံ့ေပးထားမယ့္ 10M (f/1.9) Selfie Camera နဲ႔ 8MP Depth Sensor ေတြကို တြဲဖက္ တပ္ဆင္ေပးထားပါတယ္။ လုံၿခဳံေရးအပိုင္းအတြက္ Iris Scanner မပါဝင္ေတာ့ပါဘူး။ ဒါေပမယ့္ Qualcomm ရဲ႕ Ultrasonic In-display Fingerprint Sensor ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Audio အပိုင္းအတြက္ AKG က Tuned လုပ္ထားတဲ့ Stereo Speakers ေတြကို အသုံးျပဳထားမွာ ျဖစ္ၿပီး Dolby Atmos အသိအမွတ္ျပဳ လက္မွတ္ေတြလည္း ရရွိထားမွာပါ။ ဘက္ထရီ သိုေလွာင္မႈ 4100mAh ပါဝင္ၿပီး 15W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္ပါတယ္။ ႀကိဳးမဲ့ အားသြင္းစနစ္ကိုလည္း 15W အထိေထာက္ပံ့ေပးထားၿပီး၊ 9W Reverse Wireless Charging စနစ္လည္း ပါဝင္လာခဲ့ပါတယ္။

Galaxy S10 Plus ကို အေရာင္ေတြအေနနဲ႔ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ႔ Ceramic White / Ceramic Black ဆိုၿပီး အေရာင္ ၇မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ေႂကြထည္နဲ႔ ျပဳလုပ္ထားမယ့္ ေမာ္ဒယ္ေတြ ျဖစ္တဲ့ Ceramic White နဲ႔ Ceramic Black ကိုေတာ့ RAM 8GB + Storage 512GB နဲ႔ RAM 12GB + Storage 1TB ေမာ္ဒယ္ ၂မ်ိဴးသာ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ 128GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၉၉၉ (ျမန္မာေငြ ၁,၅၂၀,၀၀၀ ဝန္းက်င္)၊ 521GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၁၂၄၉ (ျမန္မာေငြ ၁၉သိန္း ဝန္းက်င္) နဲ႔ 1TB ေမာ္ဒယ္ကို ကန္ေဒၚလာ ၁၅၉၉ (ျမန္မာေငြ ၂,၄၀၀,၀၀၀ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။

Ref : Techradar, GsmArena

[Unicode]

၁၅သိန်း ဝန်းကျင် ကျသင့်မယ့် Samsung Galaxy S10 Plus

6.4” QHD+ Dynamic AMOLED Curved Display ကို အသုံးပြုထားပြီး Resolution က 1440 x 3040 pixels ရှိပါတယ်။ Aluminum Frame ကို အသုံးပြုထားပြီး Corning Gorilla Glass 6 ကို အရှေ့နဲ့ Glass 5 ကို အနောက်မှာ ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် Water and Dust Resistance မှာလည်း IP68 ရရှိထားပါသေးတယ်။ Processor အပိုင်းအတွက် Exynos 9820 (8nm) နဲ့ Snapdragon 855 (7nm) ဆိုပြီး ၂မျိူးခွဲခြား အသုံးပြုထားမှာပါ။ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် မော်ဒယ်တွေကတော့ Exynos 9820 (8nm) တွေဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်ပြီး Memory Storage ကိုတော့ 128GB နဲ့ 512GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် RAM 12GB နဲ့ Storage 1TB (1024GB) ပါမယ့် မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Aperture ၂မျိူး ပြောင်းလို့ရတဲ့ 12MP (f/1.5-2.4) Main Camera ကို 12MP (f/2.4) Telephoto Lens + 16MP (f/2.2) Ultra-wide Sensor တွေနဲ့ တွဲဖက် အသုံးပြုထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Infinity-O Display ထဲမှာတော့ Dual Pixel PDAF ထောက်ပံ့ပေးထားမယ့် 10M (f/1.9) Selfie Camera နဲ့ 8MP Depth Sensor တွေကို တွဲဖက် တပ်ဆင်ပေးထားပါတယ်။ လုံခြုံရေးအပိုင်းအတွက် Iris Scanner မပါဝင်တော့ပါဘူး။ ဒါပေမယ့် Qualcomm ရဲ့ Ultrasonic In-display Fingerprint Sensor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Audio အပိုင်းအတွက် AKG က Tuned လုပ်ထားတဲ့ Stereo Speakers တွေကို အသုံးပြုထားမှာ ဖြစ်ပြီး Dolby Atmos အသိအမှတ်ပြု လက်မှတ်တွေလည်း ရရှိထားမှာပါ။ ဘက်ထရီ သိုလှောင်မှု 4100mAh ပါဝင်ပြီး 15W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်ကိုလည်း 15W အထိထောက်ပံ့ပေးထားပြီး၊ 9W Reverse Wireless Charging စနစ်လည်း ပါဝင်လာခဲ့ပါတယ်။

Galaxy S10 Plus ကို အရောင်တွေအနေနဲ့ Prism White, Prism Black, Prism Blue, Prism Green, Flamingo Pink နဲ့ Ceramic White / Ceramic Black ဆိုပြီး အရောင် ၇မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကြွေထည်နဲ့ ပြုလုပ်ထားမယ့် မော်ဒယ်တွေ ဖြစ်တဲ့ Ceramic White နဲ့ Ceramic Black ကိုတော့ RAM 8GB + Storage 512GB နဲ့ RAM 12GB + Storage 1TB မော်ဒယ် ၂မျိူးသာ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ရောင်းချသွားမယ့် စျေးနှုန်းကတော့ 128GB မော်ဒယ်ကို ကန်ဒေါ်လာ ၉၉၉ (မြန်မာငွေ ၁,၅၂၀,၀၀၀ ဝန်းကျင်)၊ 521GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၂၄၉ (မြန်မာငွေ ၁၉သိန်း ဝန်းကျင်) နဲ့ 1TB မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၉၉ (မြန်မာငွေ ၂,၄၀၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Techradar, GsmArena