[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဂ်ာမနီမွာ Galaxy S10 Series ေတြအတြက္ Samsung One UI 2.0 Stable Update ကို စတင္ ျဖန္႔ခ်ိေပးခဲ့ပါတယ္။ အေစာပိုင္းက Beta Program မွာ ပါ၀င္ထားသူေတြသာ ရခဲ့တာ ျဖစ္ၿပီး အခုေတာ့ တစ္ႏိုင္ငံလံုးက ဖုန္းေတြမွာ ရရွိၾကပါၿပီ။

ဂ်ာမနီက Galaxy S10 ပိုင္ရွင္ေတြဟာ Android 10 အေျချပဳ Update ကို စတင္ ရရွိေနၿပီး ဖိုင္အရြယ္အစားမွာ 1.9GB ျဖစ္ပါတယ္။ Update မွာ ဒီဇင္ဘာလအတြက္ Security Patch လည္း ပါပါတယ္။ တျခားႏုိင္ငံေတြမွာလည္း Galaxy S10 Series အတြက္ Stable Android 10 မၾကာခင္ ရရွိေတာ့မယ္လို႔ ထင္ပါတယ္။

Android 10 မွာ အလန္းစား လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာပါတယ္။ ကုမၸဏီေတြက Android 10 ကို သူတို႔ ကိုယ္ပိုင္ User Interface ေတြနဲ႔ ေပါင္းစပ္ၿပီး စမတ္ဖုန္းေတြမွာ ထည့္သြင္းေပးဖို႔ ႀကိဳးစားေနၾကပါတယ္။ ထံုးစံအတိုင္း စြမ္းရည္ျမင့္ ဖုန္းေတြမွာ အရင္ဆံုး ထည့္သြင္းေပးၾကမွာ ျဖစ္ၿပီး အဲဒီေနာက္မွာ စြမ္းရည္သင့္နဲ႔ စြမ္းရည္နိမ့္ ဖုန္းေတြမွာ ရၾကမွာပါ။

ဂ်ာမနီ ျပင္ပမွာ ေနထိုင္ၿပီး Update ကို ခ်က္ခ်င္း သံုးခ်င္ေနပါၿပီ ဆိုသူေတြအတြက္ Galaxy S10 Model ၃ ခုစလံုးရဲ႕ Firmware ေတြကို SamMobile Website မွာ တင္ထားပါတယ္။ Firmware ေတြကို Flash လုပ္တတ္သူေတြက ေအာက္ပါ Link ေတြကေန ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ ကိုယ္တိုင္ Firmware တင္မယ့္ သူေတြအတြက္ ေဒတာေတြကို အရင္ဆံုး Back Up လုပ္ထားဖို႔ အၾကံေပးလိုက္ပါတယ္။

Download

S10 , S10e , S10+ 

Ref : gsmarena

[Unicode]

Samsung Galaxy S10 Series အတွက် Stable Android 10 ရပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျာမနီမှာ Galaxy S10 Series တွေအတွက် Samsung One UI 2.0 Stable Update ကို စတင် ဖြန့်ချိပေးခဲ့ပါတယ်။ အစောပိုင်းက Beta Program မှာ ပါဝင်ထားသူတွေသာ ရခဲ့တာ ဖြစ်ပြီး အခုတော့ တစ်နိုင်ငံလုံးက ဖုန်းတွေမှာ ရရှိကြပါပြီ။

ဂျာမနီက Galaxy S10 ပိုင်ရှင်တွေဟာ Android 10 အခြေပြု Update ကို စတင် ရရှိနေပြီး ဖိုင်အရွယ်အစားမှာ 1.9GB ဖြစ်ပါတယ်။ Update မှာ ဒီဇင်ဘာလအတွက် Security Patch လည်း ပါပါတယ်။ တခြားနိုင်ငံတွေမှာလည်း Galaxy S10 Series အတွက် Stable Android 10 မကြာခင် ရရှိတော့မယ်လို့ ထင်ပါတယ်။

Android 10 မှာ အလန်းစား လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ ကုမ္ပဏီတွေက Android 10 ကို သူတို့ ကိုယ်ပိုင် User Interface တွေနဲ့ ပေါင်းစပ်ပြီး စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးဖို့ ကြိုးစားနေကြပါတယ်။ ထုံးစံအတိုင်း စွမ်းရည်မြင့် ဖုန်းတွေမှာ အရင်ဆုံး ထည့်သွင်းပေးကြမှာ ဖြစ်ပြီး အဲဒီနောက်မှာ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် ဖုန်းတွေမှာ ရကြမှာပါ။

ဂျာမနီ ပြင်ပမှာ နေထိုင်ပြီး Update ကို ချက်ချင်း သုံးချင်နေပါပြီ ဆိုသူတွေအတွက် Galaxy S10 Model ၃ ခုစလုံးရဲ့ Firmware တွေကို SamMobile Website မှာ တင်ထားပါတယ်။ Firmware တွေကို Flash လုပ်တတ်သူတွေက အောက်ပါ Link တွေကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ကိုယ်တိုင် Firmware တင်မယ့် သူတွေအတွက် ဒေတာတွေကို အရင်ဆုံး Back Up လုပ်ထားဖို့ အကြံပေးလိုက်ပါတယ်။

Download

S10 , S10e , S10+ 

Ref : gsmarena