[Zawgyi]
ကျွန်တော်တို့တတွေ နုနုရွရွ၊ ကြင်ကြင်နာနာနဲ့ ကိုင်ဆောင်ချင်ကြတဲ့ Flagship စမတ်ဖုန်း အသစ်စက်စက်တွေကို ခြစ်ဖြဲ၊ ထုခွဲပြီး အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်နေတဲ့ နာမည်ကြီး YouTuber ဖြစ်သူ Jerrry Rig Everything ဟာ Samsung Galaxy S10 ရဲ့ Teardown video ကို သူရဲ့ YouTube Channel မှာ လွှင့်တင်လာခဲ့ပါတယ်။
JRE ရဲ့ ကျေးဇူးကြောင့် Samsung S10 ရဲ့ အတွင်းထဲမှာ ဘာတွေပါတယ်၊ ဘယ်အစိတ်အပိုင်းတွေကို ဘယ်လိုမျိုး တပ်ဆင်ထားတယ်ဆိုတာကို ကျွန်တော်တို့တတွေ မြင်တွေ့ခွင့် ရရှိခဲ့ပါပြီ။ အဆိုပါ Teardown Video အရဆိုရင် အစိတ်အပိုင်း တော်တော်များများမှာ ပြဿနာ သိပ်မရှိပေမယ့် USB Port နဲ့ In-Display Fingerprint Sensor တွေမှာတော့ ပြဿနာ အနည်းငယ် ရှိနေပါတယ်။ အကယ်၍ မိမိရဲ့ Galaxy S10 က USB Port မကောင်းတော့ဘူး ဒါမှမဟုတ် In-Display Fingerprint Sensor အလုပ်မလုပ်တော့ဘူးဆိုရင် ထီပေါက်ပြီလို့ မှတ်ယူရမယ့် အနေအထားပါ။
Ref : Android Authority
[Unicode]
Galaxy S10 မှာ USB Port မကောင်းတော့ရင် Motherboard တစ်ခုလုံး လဲရမည်၊ Fingerprint Sensor မကောင်းတော့ရင် Display တစ်ခုလုံး လဲရမည်
ကျွန်တော်တို့တတွေ နုနုရွရွ၊ ကြင်ကြင်နာနာနဲ့ ကိုင်ဆောင်ချင်ကြတဲ့ Flagship စမတ်ဖုန်း အသစ်စက်စက်တွေကို ခြစ်ဖြဲ၊ ထုခွဲပြီး အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်နေတဲ့ နာမည်ကြီး YouTuber ဖြစ်သူ Jerrry Rig Everything ဟာ Samsung Galaxy S10 ရဲ့ Teardown video ကို သူရဲ့ YouTube channel မှာ လွှင့်တင်လာခဲ့ပါတယ်။
JRE ရဲ့ ကျေးဇူးကြောင့် Samsung S10 ရဲ့ အတွင်းထဲမှာ ဘာတွေပါတယ်၊ ဘယ်အစိတ်အပိုင်းတွေကို ဘယ်လိုမျိူး တပ်ဆင်ထားတယ်ဆိုတာကို ကျွန်တော်တို့တတွေ မြင်တွေ့ခွင့် ရရှိခဲ့ပါပြီ။ အဆိုပါ Teardown video အရဆိုရင် အစိတ်အပိုင်း တော်တော်များများမှာ ပြဿနာ သိပ်မရှိပေမယ့် USB Port နဲ့ In-display Fingerprint Sensor တွေမှာတော့ ပြဿနာ အနည်းငယ် ရှိနေပါတယ်။ အကယ်၍ မိမိရဲ့ Galaxy S10 က USB Port မကောင်းတော့ဘူး ဒါမှမဟုတ် In-display Fingerprint Sensor အလုပ်မလုပ်တော့ဘူးဆိုရင် ထီပေါက်ပြီလို့ မှတ်ယူရမယ့် အနေအထားပါ။
ဘာဖြစ်လို့လဲဆိုတော့ Galaxy S10 မှာ တပ်ဆင်ထားတဲ့ USB-C Port ဟာ Motherboard နဲ့ အသေကပ်ထားလို့ပါ။ ဒါ့ကြောင့် USB Port မကောင်းတော့ဘူးဆိုရင် အရင်မျိူးဆက် စမတ်ဖုန်းတွေလိုမျိူး USB Port တစ်ခုတည်း လဲလှယ်လို့ ရမှာမဟုတ်ဘဲ Motherboard တစ်ခုလုံး လဲလှယ်ရမယ်လို့ ပြောဆိုမှုများ ရှိနေပါတယ်။
Samsung Galaxy S10 ဟာ Qualcomm ရဲ့ Ultrasonic In-display Fingerprint Sensor တွေကို ပထမဦးဆုံး အသုံးပြုလာတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Ultrasonic In-display Fingerprint နည်းပညာက Optical In-display Fingerprint နည်းပညာတွေလိုမျိူး လက်ဗွေရာကို အလင်းရောင်နဲ့ ဖမ်းယူတာ မဟုတ်ဘဲ အသံလှိုင်းနဲ့ ဖမ်းယူတာ ဖြစ်ပါတယ်။ Galaxy S10 မှာ အဆိုပါ Fingerprint Sensor ကို Display နဲ့အတူ အသေကပ်ထားတာကြောင့် Sensor အလုပ်မလုပ်တော့ဘူးဆိုရင် Display ကြီး တစ်ခုလုံး လဲလှယ်ပေးရမှာ ဖြစ်ပါတယ်။
Ref : Android Authority