[Zawgyi]

ဒီလ အေစာပိုင္းတုန္းက Infinity-O Display နဲ႔ Samsung Galaxy A8s ကို မိတ္ဆက္ေပးသြားခဲ့ၿပီျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကို မ်က္ႏွာျပင္ထဲမွာ ျမႇဳပ္ႏွံထားတဲ့ ဒီဖုန္းဟာ တ႐ုတ္ႏိုင္ငံေဈးကြက္အတြက္ အထူးတလည္ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္ Galaxy S10 ကေတာ့ ႏိုင္ငံတကာေဈးကြက္အတြက္ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

အခုထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ Samsung Galaxy S10 ဟာ Lock ခ်ထားေပမယ့္လည္း Selfie ကင္မရာကေန ပြတ္ဆြဲလိုက္မယ္ဆိုရင္ အလြယ္တကူ ဓာတ္ပုံ႐ိုက္ကူးဖို႔ ပြင့္သြားမယ္လို႔ သိရပါတယ္။ ဒီ Feature ဟာ Galaxy A8s မွာ အသုံးျပဳထားတဲ့ Feature တစ္ခုလည္း ျဖစ္ပါတယ္။

ဒီသတင္းကေတာ့ အေစာပိုင္းကတည္းက Twitter Leakster IceUniverse မွာ ေကာလာဟလအေနနဲ႔ ေပၚေပါက္ခဲ့ၿပီး ျဖစ္ပါတယ္။ အခုေတာ့ IceUniverse ရဲ႕ ေကာလာဟလက အမွန္တကယ္ျဖစ္လာဖြယ္ရွိေနပါၿပီ။ ဒါေပမယ့္ ကင္မရာကို ဝန္းပတ္ထားတဲ့ ေတာက္ပမႈဟာ ဘယ္လိုလုပ္ေဆာင္ခ်က္ေတြ ရွိေနလဲဆိုတာကိုေတာ့ တိတိက်က် ေျပာႏိုင္ျခင္း မရွိေသးတာကို ေတြ႕ရပါတယ္။ ကင္မရာမွာေတာ့ မ်က္ႏွာသြင္ျပင္လကၡဏာသိမွတ္မႈဆိုင္ရာနဲ႔ အျခားလုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္လာႏိုင္ပါတယ္။

မ်က္ႏွာျပင္ထဲမွာ ရွိေနတဲ့ Selfie ကင္မရာဟာ 24 MP Sensor နဲ႔အတူ f/2.0 ျဖစ္တယ္လို႔လည္း သိရပါတယ္။ အခုအခ်ိန္ထိေတာ့ Samsung အေနနဲ႔ တူညီတဲ့ Platform ပဲ သုံးမလား၊ တျခားတစ္ခုခုကို ေျပာင္းသုံးမလားဆိုတာကို စုံစမ္းလို႔ မရေသးပါဘူး။ ခန႔္မွန္းခ်က္ေတြအရေတာ့ Galaxy S10 Series ဟာ လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာဖြယ္ရွိၿပီး Flagship သစ္ကေတာ့ မတ္လထဲမွာ ေရာက္ရွိလာႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMarena

[Unicode]

ဒီလ အစောပိုင်းတုန်းက Infinity-O Display နဲ့ Samsung Galaxy A8s ကို မိတ်ဆက်ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကို မျက်နှာပြင်ထဲမှာ မြှုပ်နှံထားတဲ့ ဒီဖုန်းဟာ တရုတ်နိုင်ငံဈေးကွက်အတွက် အထူးတလည် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့် Galaxy S10 ကတော့ နိုင်ငံတကာဈေးကွက်အတွက် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Samsung Galaxy S10 ဟာ Lock ချထားပေမယ့်လည်း Selfie ကင်မရာကနေ ပွတ်ဆွဲလိုက်မယ်ဆိုရင် အလွယ်တကူ ဓာတ်ပုံရိုက်ကူးဖို့ ပွင့်သွားမယ်လို့ သိရပါတယ်။ ဒီ Feature ဟာ Galaxy A8s မှာ အသုံးပြုထားတဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။

ဒီသတင်းကတော့ အစောပိုင်းကတည်းက Twitter leakster IceUniverse မှာ ကောလာဟလအနေနဲ့ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ IceUniverse ရဲ့ ကောလာဟလက အမှန်တကယ်ဖြစ်လာဖွယ်ရှိနေပါပြီ။ ဒါပေမယ့် ကင်မရာကို ဝန်းပတ်ထားတဲ့ တောက်ပမှုဟာ ဘယ်လိုလုပ်ဆောင်ချက်တွေ ရှိနေလဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ကင်မရာမှာတော့ မျက်နှာသွင်ပြင်လက္ခဏာသိမှတ်မှုဆိုင်ရာနဲ့ အခြားလုပ်ဆောင်ချက်တွေလည်း ပါဝင်လာနိုင်ပါတယ်။

မျက်နှာပြင်ထဲမှာ ရှိနေတဲ့ Selfie ကင်မရာဟာ 24 MP sensor နဲ့အတူ f/2.0 ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုအချိန်ထိတော့ Samsung အနေနဲ့ တူညီတဲ့ Platform ပဲ သုံးမလား၊ တခြားတစ်ခုခုကို ပြောင်းသုံးမလားဆိုတာကို စုံစမ်းလို့ မရသေးပါဘူး။ ခန့်မှန်းချက်တွေအရတော့ Galaxy S10 Series ဟာ လာမယ့်နှစ် အစောပိုင်းမှာ ကြေညာဖွယ်ရှိပြီး Flagship သစ်ကတော့ မတ်လထဲမှာ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

 

Ref: GSMarena