[Zawgyi]

ဂ်ာမနီနဲ႔ ဆြစ္ တို႔က Samsung Galaxy S10 အသုံးျပဳသူေတြကေတာ့ အလန္းစား Update သစ္ကို ရရွိေနၾကၿပီ ျဖစ္ပါတယ္။ ဒီ Update သစ္ဟာ အေရွ႕ကင္မရာကိုအသုံးျပဳၿပီး Slow-motion Video recording ျပဳလုပ္ႏိုင္ေအာင္ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Galaxy S10 ရဲ႕ အေရွ႕ကင္မရာနဲ႔ ခ်ိဳၿမိန္တဲ့ ဗီဒီယိုအေႏွး႐ိုက္ခ်က္ေတြ ႐ိုက္ကူးႏိုင္ေတာ့မွာပါ။

ဒီ OTA update ဟာ ဗီဒီယိုအေႏွး႐ိုက္ လုပ္ေဆာင္ခ်က္ကို ထည့္သြင္း႐ုံတင္မကဘဲ Auto Hotspot လည္း ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ ကိုယ့္ရဲ႕ မိုလ္ဘိုင္း connection ကို အနီးအနားက Device ေတြဆီ မွ်ေဝႏိုင္တာပါ။ ဒီလိုလုပ္ဖို႔အတြက္ တူညီတဲ့ Samsung account ထဲေတာ့ ဝင္ေရာက္ထားဖို႔ လိုပါလိမ့္မယ္။

Update မွာ ေနာက္ထပ္ေတြ႕ျမင္ရတာကေတာ့ လက္ေဗြဖတ္မႈဆိုင္ရာကို အဆင့္ျမႇင့္တင္ထားတဲ့အေၾကာင္းပါပဲ။ လက္ေဗြစနစ္ရဲ႕ ခ်ိဳ႕ယြင္းမႈေၾကာင့္ ကမာၻ႔နာမည္ႀကီးဘဏ္ေတြအေတာ္မ်ားမ်ားက Galaxy S10 နဲ႔ Note 10 တို႔ကိုအသုံးျပဳၿပီး ဘဏ္အေကာင့္ App ထဲဝင္ေရာက္ျခင္းကို ပယ္ဖ်က္တဲ့အထိျဖစ္ခဲ့တာေၾကာင့္ ဒီ Update မွာ ေျဖရွင္းေပးမႈဟာ ဝမ္းသာစရာ လို႔ဆိုရမွာပါ။

Firmware update ဟာ Media နဲ႔ Device button ေတြကို Notification Shade ထဲ ထပ္ထည့္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ ဖုန္းကေနတစ္ဆင့္ အျခားဘလူးတုသ္သုံးႏိုင္တဲ့ Device ျဖစ္တဲ့ တီဗီလိုအရရာမ်ိဳးကို ခ်ိတ္ဆက္ၿပီး ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္ပါတယ္။ အခုအခ်ိန္ထိေတာ့ အထက္မွာေဖာ္ျပခဲ့တဲ့အတိုင္း ဂ်ာမနီနဲ႔ ဆြစ္ဇာလန္ ပဲ ဒီ Update ကို ရေသးတယ္လို႔ သိရပါတယ္။ အျခားေဈးကြက္ေတြအေနနဲ႔လည္း သိပ္အၾကာႀကီး ေစာင့္ဆိုင္းရဖြယ္မရွိဘူးလို႔ ယူဆပါတယ္။

Ref: GSM Arena

[Unicode]

Selfie Camera နဲ့ Slow-motion Video ရိုက်ကူးနိုင်ပြီဖြစ်တဲ့ Samsung Galaxy S10 Update

ဂျာမနီနဲ့ ဆွစ် တို့က Samsung Galaxy S10 အသုံးပြုသူတွေကတော့ အလန်းစား Update သစ်ကို ရရှိနေကြပြီ ဖြစ်ပါတယ်။ ဒီ Update သစ်ဟာ အရှေ့ကင်မရာကိုအသုံးပြုပြီး Slow-motion Video recording ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy S10 ရဲ့ အရှေ့ကင်မရာနဲ့ ချိုမြိန်တဲ့ ဗီဒီယိုအနှေးရိုက်ချက်တွေ ရိုက်ကူးနိုင်တော့မှာပါ။

ဒီ OTA update ဟာ ဗီဒီယိုအနှေးရိုက် လုပ်ဆောင်ချက်ကို ထည့်သွင်းရုံတင်မကဘဲ Auto Hotspot လည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ကိုယ့်ရဲ့ မိုလ်ဘိုင်း connection ကို အနီးအနားက Device တွေဆီ မျှဝေနိုင်တာပါ။ ဒီလိုလုပ်ဖို့အတွက် တူညီတဲ့ Samsung account ထဲတော့ ဝင်ရောက်ထားဖို့ လိုပါလိမ့်မယ်။

Update မှာ နောက်ထပ်တွေ့မြင်ရတာကတော့ လက်ဗွေဖတ်မှုဆိုင်ရာကို အဆင့်မြှင့်တင်ထားတဲ့အကြောင်းပါပဲ။ လက်ဗွေစနစ်ရဲ့ ချို့ယွင်းမှုကြောင့် ကမ္ဘာ့နာမည်ကြီးဘဏ်တွေအတော်များများက Galaxy S10 နဲ့ Note 10 တို့ကိုအသုံးပြုပြီး ဘဏ်အကောင့် App ထဲဝင်ရောက်ခြင်းကို ပယ်ဖျက်တဲ့အထိဖြစ်ခဲ့တာကြောင့် ဒီ Update မှာ ဖြေရှင်းပေးမှုဟာ ဝမ်းသာစရာ လို့ဆိုရမှာပါ။

Firmware update ဟာ Media နဲ့ Device button တွေကို Notification Shade ထဲ ထပ်ထည့်ပေးခဲ့ပါတယ်။ ဒါကြောင့် ဖုန်းကနေတစ်ဆင့် အခြားဘလူးတုသ်သုံးနိုင်တဲ့ Device ဖြစ်တဲ့ တီဗီလိုအရရာမျိုးကို ချိတ်ဆက်ပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ဂျာမနီနဲ့ ဆွစ်ဇာလန် ပဲ ဒီ Update ကို ရသေးတယ်လို့ သိရပါတယ်။ အခြားဈေးကွက်တွေအနေနဲ့လည်း သိပ်အကြာကြီး စောင့်ဆိုင်းရဖွယ်မရှိဘူးလို့ ယူဆပါတယ်။

Ref: GSM Arena