လက်ရှိထွက်ထားတဲ့ Galaxy S9 ဖုန်းတွေက သင့်အတွက် ပျင်းစရာကောင်းလွန်းနေပါသလား။ အဲ့ဒီလိုဖြစ်နေတယ်ဆိုရင်တော့ Galaxy S10 ကိုတော့ သင်စိတ်ဝင်စားမှာအမှန်ပါပဲ။

လက်ရှိ Galaxy S9 နဲ့ S9 Plus ဖုန်းတွေက အရင်နှစ်ကထွက်ခဲ့တဲ့ Galaxy S8 ဖုန်းတွေနဲ့ အမြင်အရရော အသုံးပြုတဲ့အပိုင်းမှာပါ Samsung User တွေအတွက် သိသိသာသာကြီးပြောင်းလဲသွားတာမျိုးတွေ ရှိမှာမဟုတ်ပါဘူး။ အဲ့ဒီလို ဖြစ်နေတာကလည်း Samsung အနေနဲ့ Galaxy S10 ကို ကြီးမားတဲ့ Galaxy ပြောင်းလဲမှုကြီးအဖြစ်လုပ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။

Galaxy S တွေကြားမှာ အမြဲမိတ်ဆက်လေ့ရှိတဲ့ Galaxy Note Series တွေကိုလည်း နှစ်စဉ်စောင့်ကြည့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Note မှာ ပါလာတဲ့ Feature အသစ်အချို့က နောက်လာမယ့် Galaxy S နဲ့လည်း အတူပါလာတတ်လို့ အရင်ထွက်မယ့် Note တွေကိုစောင့်ကြည့်ရတာပါ။

လက်တလောသတင်းပေါက်ထားတာကတော့ Samsung ရဲ့နောက်ကျောဖက်မှာထားထားတဲ့ Fingerprint Scanner ကပျောက်သွားတော့မယ်ဆိုတာပါပဲ။ ဖုန်းရဲ့နောက်ကျောဖက်မှာ Fingerprint Scanner ထားမယ့်အစား Display မှာပဲ Fingerprint Scan ဖတ်နိုင်အောင်လုပ်ပေးသွားမယ်လို့ သတင်းထွက်ထားပါတယ်။ အခုလိုဖြစ်လာမယ်ဆိုရင်တော့ Galaxy ဖုန်းတွေက အခုထက် ပိုလှလာမှာသေချာပါတယ်။

Under Display Fingerprint နည်းပညာကို Samsung က သူတို့ကိုယ်တိုင် စမ်းသပ်နေပေမယ့် အခြားကုမ္ပဏီတွေဆီကနည်းပညာကိုလည်း ယူသုံးနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းပညာက ဈေးကြီးတာကြောင့် ထုတ်လုပ်မှုအပိုင်းမှာ ဖုန်းရဲ့တန်ဖိုးက တက်သွားနိုင်ပါတယ်။ အဲ့ဒီအတွက် Samsung အနေနဲ့ဘယ်လို ဈေးကွက်ကိုင်တွယ်မလဲဆိုတဲ့အချက်ကိုလည်း ပြန်စဉ်းစားရပါမယ်။ Galaxy S10 ထွက်လာဖို့က တစ်နှစ်နီးပါးလိုသေးတာဖြစ်လို့ နောက်ထပ်ထွက်လာဦးမယ့် သတင်းတွေကိုစောင့်ရင်း ပိုတိကျတဲ့ S10 နဲ့ပတ်သက်တဲ့ အကြောင်းတွေကိုသိရဦးမှာပါ။