[Zawgyi]

ျပန္လည္ျပင္ဆင္ထားတဲ့ Galaxy S10+ ရဲ႕ ႐ုပ္ပုံေတြမွာေတာ့ ေက်ာဘက္မွာ ကင္မရာေလးလုံးနဲ႔ဆိုတာကို ျမင္ေတြ႕ခဲ့ၾကၿပီးပါၿပီ။ ဒီတစ္ေခါက္ေတာ့ Galaxy S10 က ေပါ့ေပါ့ပါးပါးပုံစံ၊ အေနာက္ဘက္မွာ ကင္မရာႏွစ္လုံး တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။

Samsung ဟာ မတူညီတဲ့ ကင္မရာေတြတပ္ဆင္ၿပီး အမ်ိဳးအစားကြဲျပားဖို႔ ႀကိဳးစားခဲ့တယ္ပဲ ဆိုရမွာပါ။ ဒါေပမယ့္ ေနာက္ႏွစ္မွာဆိုရင္ေတာ့ Galaxy S Flagship သုံးမ်ိဳးထက္မနည္း ရွိလာပါလိမ့္မယ္။ S10+ ကေတာ့ မ်က္ႏွာျပင္ခုံးက်ယ္က်ယ္၊ ဒီဇိုင္းလန္းလန္းနဲ႔ ထိပ္တန္းေမာ္ဒယ္တစ္ခု ျဖစ္လာပါလိမ့္မယ္။

အမ်ိဳးအစားကေတာ့ ႏွစ္မ်ိဳးလာမယ္လို႔ သိရပါတယ္။ 5.8-inch မ်က္ႏွာျပင္နဲ႔ကေတာ့ တစ္ဘက္ပဲ မ်က္ႏွာျပင္ခုံး ပါမွာပါ။ တစ္ဘက္ကေတာ့ ပုံမွန္အတိုင္း အျပားပါပဲ။ အဲဒါက အေျခခံပုံစံ ျဖစ္ပါလိမ့္မယ္။ မ်က္ႏွာျပင္ အခုံးေတြနဲ႔ပဲျဖစ္ၿပီး In-Display Fingerprint Reader ပါတဲ့ တစ္မ်ိဳးကေတာ့ ၾကားထဲက ေမာ္ဒယ္ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။

အေျခခံေမာ္ဒယ္ကေတာ့ ေဘးဘက္မွာ Fingerprint ထည့္ထားတဲ့ ပုံစံမ်ိဳး ျဖစ္ပါလိမ့္မယ္။ လက္ရွိေတြ႕ျမင္ရမယ့္ ပုံမွာေတာ့ ေဘးဘက္ကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားမွာ မဟုတ္ပါဘူး။ ကာဗာခြံမွာေတာ့ ပါဝါခလုတ္အတြက္ေရာ၊ Fingerprint Reader အတြက္ပါ ေဖာက္ၿပီးခ်န္ထားတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ Galaxy S10 မွာ ကင္မရာ ဘယ္ႏွလုံးပါမလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာပါ။

S10+ ဘက္ကိုသြားၾကည့္မယ္ဆိုရင္ အထင္ႀကီးစရာ AnTuTu ရမွတ္နဲ႔ EXynos 9820 သုံးထားတယ္လို႔ အေစာပိုင္းတုန္းက ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Snapdragon 855 Version က ပိုၿပီးျမန္ဆန္ႏိုင္မယ္လို႔ ဆိုရင္လည္း ရပါတယ္။ အရင္တုန္းက ေတြ႕ခဲ့ရတဲ့ Benchmark မွာေတာ့ ႏွစ္မ်ိဳးလုံးရဲ႕ စြမ္းေဆာင္ရည္ခ်င္း ကြာဟမႈက က်ဥ္းေျမာင္းေနတယ္ဆိုေပမယ့္ 855 က အနည္းငယ္ အစြန္းထြက္ေနတာကိုလည္း ေတြ႕ရပါလိမ့္မယ္။ ။ လက္ေတြ႕ထြက္လာရင္ေတာ့ အမွန္တကယ္စမ္းသပ္မႈေတြၾကားမွာ အေျဖက ဘယ္ေလာက္ထိ ေျပာင္းလဲသြားဦးမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

Ref: GSMarena

[Unicode]

ပြန်လည်ပြင်ဆင်ထားတဲ့ Galaxy S10+ ရဲ့ ရုပ်ပုံတွေမှာတော့ ကျောဘက်မှာ ကင်မရာလေးလုံးနဲ့ဆိုတာကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ ဒီတစ်ခေါက်တော့ Galaxy S10 က ပေါ့ပေါ့ပါးပါးပုံစံ၊ အနောက်ဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။

Samsung ဟာ မတူညီတဲ့ ကင်မရာတွေတပ်ဆင်ပြီး အမျိုးအစားကွဲပြားဖို့ ကြိုးစားခဲ့တယ်ပဲ ဆိုရမှာပါ။ ဒါပေမယ့် နောက်နှစ်မှာဆိုရင်တော့ Galaxy S flagship သုံးမျိုးထက်မနည်း ရှိလာပါလိမ့်မယ်။ S10+ ကတော့ မျက်နှာပြင်ခုံးကျယ်ကျယ်၊ ဒီဇိုင်းလန်းလန်းနဲ့ ထိပ်တန်းမော်ဒယ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

အမျိုးအစားကတော့ နှစ်မျိုးလာမယ်လို့ သိရပါတယ်။ 5.8-inch မျက်နှာပြင်နဲ့ကတော့ တစ်ဘက်ပဲ မျက်နှာပြင်ခုံး ပါမှာပါ။ တစ်ဘက်ကတော့ ပုံမှန်အတိုင်း အပြားပါပဲ။ အဲဒါက အခြေခံပုံစံ ဖြစ်ပါလိမ့်မယ်။ မျက်နှာပြင် အခုံးတွေနဲ့ပဲဖြစ်ပြီး In-display fingerprint reader ပါတဲ့ တစ်မျိုးကတော့ ကြားထဲက မော်ဒယ်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

အခြေခံမော်ဒယ်ကတော့ ဘေးဘက်မှာ Fingerprint ထည့်ထားတဲ့ ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။ လက်ရှိတွေ့မြင်ရမယ့် ပုံမှာတော့ ဘေးဘက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားမှာ မဟုတ်ပါဘူး။ ကာဗာခွံမှာတော့ ပါဝါခလုတ်အတွက်ရော၊ Fingerprint reader အတွက်ပါ ဖောက်ပြီးချန်ထားတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Galaxy S10 မှာ ကင်မရာ ဘယ်နှလုံးပါမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာပါ။

S10+ ဘက်ကိုသွားကြည့်မယ်ဆိုရင် အထင်ကြီးစရာ AnTuTu ရမှတ်နဲ့ EXynos 9820 သုံးထားတယ်လို့ အစောပိုင်းတုန်းက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် Snapdragon 855 version က ပိုပြီးမြန်ဆန်နိုင်မယ်လို့ ဆိုရင်လည်း ရပါတယ်။ အရင်တုန်းက တွေ့ခဲ့ရတဲ့ Benchmark မှာတော့ နှစ်မျိုးလုံးရဲ့ စွမ်းဆောင်ရည်ချင်း ကွာဟမှုက ကျဉ်းမြောင်းနေတယ်ဆိုပေမယ့် 855 က အနည်းငယ် အစွန်းထွက်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ။ လက်တွေ့ထွက်လာရင်တော့ အမှန်တကယ်စမ်းသပ်မှုတွေကြားမှာ အဖြေက ဘယ်လောက်ထိ ပြောင်းလဲသွားဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

 

Ref: GSMarena