[Zawgyi]

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက က်င္းပခဲ့တဲ့ Galaxy Unpacked ပြဲေတာ္ႀကီးမွာ Samsung ဟာ Galaxy S10, S10 Plus, S10e နဲ႔ Foldable စမတ္ဖုန္းျဖစ္တဲ့ Galaxy Fold အျပင္ Samsung Galaxy S10 5G စမတ္ဖုန္းကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက Galaxy S10 5G နဲ႔ ပတ္သတ္ၿပီး ေရာင္းခ်သြားမယ့္ ေန႔ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ Samsung ဘက္က တရားဝင္ ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိခဲ့ပါဘူး။

ဒီေန႔မွာေတာ့ Galaxy S10 5G ရဲ႕ သတင္း အစအနေတြဟာ ေတာင္ကိုရီးယားႏိုင္ငံအေျခစိုက္ မီဒီယာတစ္ခုျဖစ္တဲ့ Korea Herald ကေန တစ္ဆင့္ ထြက္ေပၚလာပါၿပီ။ Korea Herald ရဲ႕ အဆိုအရ ကမာၻ႔ပထမဦးဆုံး 5G စမတ္ဖုန္းျဖစ္လာမယ့္ Galaxy S10 5G ကို ဧၿပီလ ၅ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ၿပီး ကိုရီးယားေငြ ဝမ္ ၁၅သိန္း က်သင့္မယ္လို႔ သိရပါတယ္။ ကိုရီးယားေငြ ဝမ္ ၁၅သိန္းဟာ အေမရိကန္ေဒၚလာ ၁၃၃၀ နဲ႔ ညီမွ်ၿပီး ျမန္မာေငြနဲ႔ ျပန္တြက္မယ္ဆိုရင္ေတာ့ က်ပ္သိန္း ၂၀ ဝန္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။

သာမန္ Galaxy S10 Series နဲ႔ S10 5G တို႔ ေစ်းအမ်ားႀကီး ကြာျခားသြားရတဲ့ အေၾကာင္းအရင္းကေတာ့ 4G Chips ေတြထက္ ပိုမိုေစ်းႀကီးတဲ့ 5G Chips ေတြကို ထည့္သြင္းတပ္ဆင္ထားရလို႔ ျဖစ္ပါတယ္။ Samsung ကေတာ့ သူတို႔ရဲ႕ Galaxy S10 5G ဟာ သာမန္ 4G စမတ္ဖုန္းေတြထက္ ကြန္ရက္ခ်ိတ္ဆက္မႈမွာ အဆ ၂၀ အထိ ပိုမိုျမန္ဆန္တယ္လို႔ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ Samsung အေနနဲ႔ Galaxy Fold ရဲ႕ 5G ဗားရွင္းကိုလည္း ေမလထဲမွာ မိတ္ဆက္သြားႏိုင္ဖြယ္ ရွိပါတယ္။

Ref : Cnet

[Unicode]

မြန်မာငွေ သိန်း ၂၀ ဝန်းကျင် ကျသင့်နိုင်တဲ့ Samsung Galaxy S10 5G

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲတော်ကြီးမှာ Samsung ဟာ Galaxy S10, S10 Plus, S10e နဲ့ Foldable စမတ်ဖုန်းဖြစ်တဲ့ Galaxy Fold အပြင် Samsung Galaxy S10 5G စမတ်ဖုန်းကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက Galaxy S10 5G နဲ့ ပတ်သတ်ပြီး ရောင်းချသွားမယ့် နေ့ရက်နဲ့ စျေးနှုန်းတွေကိုတော့ Samsung ဘက်က တရားဝင် ထုတ်ဖော်ပြောကြားသွားခြင်း မရှိခဲ့ပါဘူး။

ဒီနေ့မှာတော့ Galaxy S10 5G ရဲ့ သတင်း အစအနတွေဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Korea Herald ကနေ တစ်ဆင့် ထွက်ပေါ်လာပါပြီ။ Korea Herald ရဲ့ အဆိုအရ ကမ္ဘာ့ပထမဦးဆုံး 5G စမတ်ဖုန်းဖြစ်လာမယ့် Galaxy S10 5G ကို ဧပြီလ ၅ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ကိုရီးယားငွေ ဝမ် ၁၅သိန်း ကျသင့်မယ်လို့ သိရပါတယ်။ ကိုရီးယားငွေ ဝမ် ၁၅သိန်းဟာ အမေရိကန်ဒေါ်လာ ၁၃၃၀ နဲ့ ညီမျှပြီး မြန်မာငွေနဲ့ ပြန်တွက်မယ်ဆိုရင်တော့ ကျပ်သိန်း ၂၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

သာမန် Galaxy S10 Series နဲ့ S10 5G တို့ စျေးအများကြီး ကွာခြားသွားရတဲ့ အကြောင်းအရင်းကတော့ 4G Chips တွေထက် ပိုမိုစျေးကြီးတဲ့ 5G Chips တွေကို ထည့်သွင်းတပ်ဆင်ထားရလို့ ဖြစ်ပါတယ်။ Samsung ကတော့ သူတို့ရဲ့ Galaxy S10 5G ဟာ သာမန် 4G စမတ်ဖုန်းတွေထက် ကွန်ရက်ချိတ်ဆက်မှုမှာ အဆ ၂၀ အထိ ပိုမိုမြန်ဆန်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ Galaxy Fold ရဲ့ 5G ဗားရှင်းကိုလည်း မေလထဲမှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိပါတယ်။

Ref : Cnet