[Zawgyi]

Samsung Galaxy S10 စီးရီး မိတ္ဆက္ပြဲႀကီး နီးကပ္လာတာနဲ႔အမွ် အခ်က္အလက္ ေပါက္ၾကားမႈေတြကလည္း ပိုပိုမ်ားလို႔ လာပါတယ္။ ဒါေပမယ့္ ေပါက္ၾကားမႈ ေတာ္ေတာ္မ်ားမ်ားက Galaxy S10 နဲ႔ Galaxy S10+ တို႔ရဲ႕ အခ်က္အလက္ေတြသာျဖစ္ၿပီး Galaxy S10e ရဲ႕ အခ်က္အလက္ေတြကို သိပ္မေတြ႕ရပါဘူး။ ဒီေန႔မွာေတာ့ Galaxy S10 စီးရီးထဲမွာ ေစ်းအနည္းဆုံး ေမာ္ဒယ္ျဖစ္လာမယ့္ Galaxy S10e ရဲ႕ အခ်က္အလက္ေတြနဲ႔အတူ တကယ့္ လက္ေတြ႕ဘဝမွာ ႐ိုက္ကူးထားတဲ့ အသစ္စက္စက္ ဓာတ္ပုံေတြ ေပၚထြက္လို႔ လာပါၿပီ။

အခုျမင္ေတြ႕ရတဲ့ ဓာတ္ပုံေတြအရဆိုရင္ Galaxy S10e ဟာ ကြၽန္ေတာ္တို႔ ထင္ထားတဲ့အတိုင္း ၅.၈လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Flat Display ကို Infinity-O Display ဒီဇိုင္းနဲ႔ ဆန္းသစ္ထားမွာ ျဖစ္ပါတယ္။ Operating System အပိုင္းအတြက္ OneUI ကို အသုံးျပဳထားတာ ေတြ႕ရၿပီး Selfie ကင္မရာအေပါက္က Galaxy A8s မွာလိုမ်ိဴး အနည္းငယ္ ႀကီးေနတာကို ေတြ႕ရပါတယ္။ Processor ကိုေတာ့ Galaxy S10 နဲ႔ S10+ တို႔မွာ အသုံးျပဳထားမယ့္ Exynos 9820 နဲ႔ Snapdragon 855 ေတြကို အသုံးျပဳထားႏိုင္ပါတယ္။ Galaxy S10e ကို RAM 6GB + Storage 128GB တစ္မ်ိဴးတည္းသာ ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာမွာေတာ့ Galaxy S10 နဲ႔ S10+ တို႔လိုမ်ိဴး Triple Camera Setup မဟုတ္ဘဲ Dual Camera Setup ကိုသာ တပ္ဆင္ထားမွာပါ။ ဒါ့အျပင္ Galaxy S10e မွာ ကိုယ့္ဖုန္းကေန တျခားဖုန္းကို အားျပန္သြင္းေပးႏိုင္တဲ့ PowerShare စနစ္လည္း မပါဝင္ဘူးလို႔ သိရပါတယ္။ အလားတူ Security အပိုင္းမွာလည္း In-display Fingerprint Sensor ပါဝင္မွာ မဟုတ္ဘဲ ေဘးဘက္ေဘာင္ထဲမွာ ထည့္ထားမယ့္ Side-mounted Fingerprint Sensor ကိုသာ အသုံးျပဳထားမွာ ျဖစ္ပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ Galaxy S10e ရဲ႕ ေစ်းႏႈန္းဟာ ကန္ေဒၚလာ ၈၅၀ ဝန္းက်င္ (ျမန္မာေငြ ၁၃သိန္း ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုထားၾကပါတယ္။

Ref : Sammobile

[Unicode]

Samsung Galaxy S10e ရဲ့ အသစ်စက်စက် ဓာတ်ပုံတွေ ထွက်ပေါ်လာပြန်ပြီ

Samsung Galaxy S10 စီးရီး မိတ်ဆက်ပွဲကြီး နီးကပ်လာတာနဲ့အမျှ အချက်အလက် ပေါက်ကြားမှုတွေကလည်း ပိုပိုများလို့ လာပါတယ်။ ဒါပေမယ့် ပေါက်ကြားမှု တော်တော်များများက Galaxy S10 နဲ့ Galaxy S10+ တို့ရဲ့ အချက်အလက်တွေသာဖြစ်ပြီး Galaxy S10e ရဲ့ အချက်အလက်တွေကို သိပ်မတွေ့ရပါဘူး။ ဒီနေ့မှာတော့ Galaxy S10 စီးရီးထဲမှာ စျေးအနည်းဆုံး မော်ဒယ်ဖြစ်လာမယ့် Galaxy S10e ရဲ့ အချက်အလက်တွေနဲ့အတူ တကယ့် လက်တွေ့ဘဝမှာ ရိုက်ကူးထားတဲ့ အသစ်စက်စက် ဓာတ်ပုံတွေ ပေါ်ထွက်လို့ လာပါပြီ။

အခုမြင်တွေ့ရတဲ့ ဓာတ်ပုံတွေအရဆိုရင် Galaxy S10e ဟာ ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း ၅.၈လက်မ မျက်နှာပြင် အကျယ်ရှိ Flat Display ကို Infinity-O Display ဒီဇိုင်းနဲ့ ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Operating System အပိုင်းအတွက် OneUI ကို အသုံးပြုထားတာ တွေ့ရပြီး Selfie ကင်မရာအပေါက်က Galaxy A8s မှာလိုမျိူး အနည်းငယ် ကြီးနေတာကို တွေ့ရပါတယ်။ Processor ကိုတော့ Galaxy S10 နဲ့ S10+ တို့မှာ အသုံးပြုထားမယ့် Exynos 9820 နဲ့ Snapdragon 855 တွေကို အသုံးပြုထားနိုင်ပါတယ်။ Galaxy S10e ကို RAM 6GB + Storage 128GB တစ်မျိူးတည်းသာ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာမှာတော့ Galaxy S10 နဲ့ S10+ တို့လိုမျိူး Triple Camera Setup မဟုတ်ဘဲ Dual Camera Setup ကိုသာ တပ်ဆင်ထားမှာပါ။ ဒါ့အပြင် Galaxy S10e မှာ ကိုယ့်ဖုန်းကနေ တခြားဖုန်းကို အားပြန်သွင်းပေးနိုင်တဲ့ PowerShare စနစ်လည်း မပါဝင်ဘူးလို့ သိရပါတယ်။ အလားတူ Security အပိုင်းမှာလည်း In-display Fingerprint Sensor ပါဝင်မှာ မဟုတ်ဘဲ ဘေးဘက်ဘောင်ထဲမှာ ထည့်ထားမယ့် Side-mounted Fingerprint Sensor ကိုသာ အသုံးပြုထားမှာ ဖြစ်ပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ Galaxy S10e ရဲ့ စျေးနှုန်းဟာ ကန်ဒေါ်လာ ၈၅၀ ဝန်းကျင် (မြန်မာငွေ ၁၃သိန်း ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Sammobile