[Zawgyi]

Samsung Galaxy S10 series ဟာ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ Galaxy S10 series အတြက္ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ထြက္ေပၚလာခဲ့တဲ့ သတင္းေတြ၊ ေပါက္ၾကားမႈေတြက အခုထိ ရပ္တန႔္မသြားေသးဘဲ ျဖစ္ေနတုန္းပါ။

Galaxy S10 နဲ႔ S10 Plus ေတြရဲ႕ ဓါတ္ပုံေတြ ေပါက္ၾကားခဲ့လို႔ ဒီဖုန္းေတြက ဘယ္လိုပုံစံေတြ ရွိလဲဆိုတာကို ေတြ႕ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုေတာ့ Galaxy S10 E အတြက္ စာနယ္ဇင္းမိတ္ဆက္မႈျပဳလုပ္ခ်ိန္မွာသုံးမယ့္ ပုံရိပ္ေတြ ေပါက္ၾကားလာခဲ့ျပန္ပါတယ္။

Galaxy S10 E (Edge) ဆိုတာက Galaxy S10 series ေတြထဲမွာ ေဈးအသက္သာဆုံး Version ျဖစ္တဲ့ Galaxy S 10 Lite ကိုပဲ အျခားနာမည္တစ္မ်ိဳးနဲ႔ ေခၚေဝၚတာ ျဖစ္ပါတယ္။ ျမင္ေတြ႕ရတဲ့ ဓါတ္ပုံမွာေတာ့ Galaxy S10 E ဟာ S10 နဲ႔ S10 Plus တို႔လိုပုံစံပဲျဖစ္ၿပီး နည္းနည္းေသးငယ္ပါတယ္။ ဒါကလည္း အေစာပိုင္းေပါက္ၾကားမႈေတြမွာ သိၿပီးသားပါ။

Render ပုံေတြကေန သိႏိုင္တာကေတာ့ Flat display panel ျဖစ္ၿပီး Bezel ေတြကလည္း S10 နဲ႔ S10 Plus ေတြထက္ ႀကီးပါတယ္။ ေဈးသက္သာတဲ့ အမ်ိဳးအစားျဖစ္တဲ့အတြက္ အခ်ိဳ႕အရာေတြကေတာ့ လိုအပ္ခ်က္ေတြ ရွိႏိုင္ေပမယ့္ Selfie ကင္မရာကေတာ့ Punch-hole ထဲမွာပါပဲ။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးတပ္ဆင္ထားၿပီး Fingerprint အတြက္ ေနရာေတာ့ မရွိပါဘူး။

ေက်ာဘက္မွာ Fingerprint အတြက္ေနရာမေတြ႕ရတာက In-display fingerprint ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္လို႔ရပါတယ္။ ဒါေပမယ့္ ေဈးနိမ့္တဲ့ အမ်ိဳးအစားျဖစ္တာေၾကာင့္ ေဘးဘက္က Power Buttom မွာလည္း ထည့္သြင္းလာႏိုင္ပါတယ္။ ပုံထဲမွာေတြ႕ျမင္ရသေလာက္ကေတာ့ S10 E ေအာက္ေျခမွာ headphone ေပါက္ပါဝင္ေနပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy S10 E ရဲ့ Press Render တွေပေါက်ကြားလာ

Samsung Galaxy S10 series ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ Galaxy S10 series အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ၊ ပေါက်ကြားမှုတွေက အခုထိ ရပ်တန့်မသွားသေးဘဲ ဖြစ်နေတုန်းပါ။

Galaxy S10 နဲ့ S10 Plus တွေရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့လို့ ဒီဖုန်းတွေက ဘယ်လိုပုံစံတွေ ရှိလဲဆိုတာကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ Galaxy S10 E အတွက် စာနယ်ဇင်းမိတ်ဆက်မှုပြုလုပ်ချိန်မှာသုံးမယ့် ပုံရိပ်တွေ ပေါက်ကြားလာခဲ့ပြန်ပါတယ်။

Galaxy S10 E (Edge) ဆိုတာက Galaxy S10 series တွေထဲမှာ ဈေးအသက်သာဆုံး Version ဖြစ်တဲ့ Galaxy S 10 Lite ကိုပဲ အခြားနာမည်တစ်မျိုးနဲ့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ ဓါတ်ပုံမှာတော့ Galaxy S10 E ဟာ S10 နဲ့ S10 Plus တို့လိုပုံစံပဲဖြစ်ပြီး နည်းနည်းသေးငယ်ပါတယ်။ ဒါကလည်း အစောပိုင်းပေါက်ကြားမှုတွေမှာ သိပြီးသားပါ။

Render ပုံတွေကနေ သိနိုင်တာကတော့ Flat display panel ဖြစ်ပြီး Bezel တွေကလည်း S10 နဲ့ S10 Plus တွေထက် ကြီးပါတယ်။ ဈေးသက်သာတဲ့ အမျိုးအစားဖြစ်တဲ့အတွက် အချို့အရာတွေကတော့ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် Selfie ကင်မရာကတော့ Punch-hole ထဲမှာပါပဲ။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး Fingerprint အတွက် နေရာတော့ မရှိပါဘူး။

ကျောဘက်မှာ Fingerprint အတွက်နေရာမတွေ့ရတာက In-display fingerprint ဖြစ်လာနိုင်တယ်လို့ မျှော်လင့်လို့ရပါတယ်။ ဒါပေမယ့် ဈေးနိမ့်တဲ့ အမျိုးအစားဖြစ်တာကြောင့် ဘေးဘက်က Power Buttom မှာလည်း ထည့်သွင်းလာနိုင်ပါတယ်။ ပုံထဲမှာတွေ့မြင်ရသလောက်ကတော့ S10 E အောက်ခြေမှာ headphone ပေါက်ပါဝင်နေပါတယ်။

Ref: GSMArena