[Zawgyi]

ဒီေန႔မွာေတာ့ Samsung Galaxy S10+ စပယ္ရွယ္ဗားရွင္းႀကီးရဲ႕ စြမ္းေဆာင္ရည္ ရလဒ္နဲ႔ အခ်က္အလက္ေတြဟာ AnTuTu နဲ႔ Geekbench မွာ တၿပိဳင္တည္း ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ Samsung Galaxy S10+ နဲ႔ပတ္သတ္ၿပီး လတ္တေလာ ၾကားသိေနရတဲ့ ေကာလဟလသတင္းေတြအရဆိုရင္ Galaxy S10+ ကို RAM 6GB + Storage 128GB , RAM 8GB + Storage 512GB နဲ႔ RAM 12GB + Storage 1TB (1024GB) ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴး ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ ေမာ္ဒယ္ ၃မ်ိဴးထဲက ေစ်းအႀကီးဆုံးနဲ႔ အလန္းဆုံးျဖစ္မယ့္ RAM 12 ဗားရွင္းကို Ceramic (ေႂကြထည္) Body နဲ႔ ဖန္တီးထားတာျဖစ္ၿပီး Limited-edition အေနနဲ႔ ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။

ေမာ္ဒယ္နံပါတ္ SM-G975F အမည္ရွိ စမတ္ဖုန္းတစ္လုံးဟာ Geekbench ဝက္ဆိုက္ကေန တဆင့္ ေပၚထြက္လာၿပီး၊ RAM 12GB အထိ ပါဝင္ေနတာေၾကာင့္ Galaxy S10+ ရဲ႕ အထူးထုတ္ဗားရွင္းလို႔ ယူဆရပါတယ္။ Processor အပိုင္းအတြက္ Exynos 9820 ကို အသုံးျပဳထားၿပီး Android 9 Pie OS ကို ထည့္သြင္းေမာင္းႏွင္ထားပါတယ္။ Single-core Score မွာ ၄၄၅၀ မွတ္ရရွိထားၿပီး Multi-core Score မွာေတာ့ ၉၇၅၃ မွတ္အထိ ရရွိထားတာ ေတြ႕ရပါတယ္။

AnTuTu မွာ ထြက္ေပၚခဲ့တဲ့ Galaxy S10+ ရဲ႕ ေမာ္ဒယ္နံပါတ္ကလည္း SM-G975F ျဖစ္ၿပီး Exynos 9820 SoC ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ Geekbench မွာ ေပၚထြက္ခဲ့တဲ့ ေမာ္ဒယ္လိုမ်ိဴး RAM 12GB + Storage 1TB ပါဝင္ၿပီး Android 9 Pie OS ကို ထည့္သြင္းေမာင္းႏွင္ထားတာ ျဖစ္ပါတယ္။ Display Resolution မွာ 2280px x 1080px လို႔ေဖာ္ျပထားေပမယ့္ ဒီထက္ပိုေကာင္းတဲ့ Resolution နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ စုစုေပါင္းရမွတ္ကေတာ့ ၃၂၆,၁၈၅ အထိ ပိုင္ဆိုင္ထားတာျဖစ္တဲ့အတြက္ ေက်နပ္အားရစရာေကာင္းတဲ့ ရလဒ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ရလဒ္ေတြက တရားဝင္ မဟုတ္ေသးတာေၾကာင့္ အျပည့္အဝေတာ့ ယုံၾကည္ထားလို႔ မရေသးပါဘူး။

Galaxy S10+ ေမာ္ဒယ္ေတြရဲ႕ ခန႔္မွန္းေစ်းႏႈန္းကေတာ့ RAM 6GB ေမာ္ဒယ္အတြက္ ယူ႐ို ၉၉၉ (ျမန္မာေငြ ၁၇သိန္း ဝန္းက်င္)၊ RAM 8GB ေမာ္ဒယ္အတြက္ ယူ႐ို ၁၂၄၉ (ျမန္မာေငြ ၂၁သိန္း ဝန္းက်င္) နဲ႔ RAM 12GB ေမာ္ဒယ္အတြက္ ယူ႐ို ၁၄၉၉ (ျမန္မာေငြ ၂၅သိန္း ဝန္းက်င္) က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

AnTuTu နဲ့ Geekbench ပေါ်ကို ရောက်ရှိလာတဲ့ Samsung Galaxy S10+ စပယ်ရှယ်ဗားရှင်းကြီး

ဒီနေ့မှာတော့ Samsung Galaxy S10+ စပယ်ရှယ်ဗားရှင်းကြီးရဲ့ စွမ်းဆောင်ရည် ရလဒ်နဲ့ အချက်အလက်တွေဟာ AnTuTu နဲ့ Geekbench မှာ တပြိုင်တည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Samsung Galaxy S10+ နဲ့ပတ်သတ်ပြီး လတ်တလော ကြားသိနေရတဲ့ ကောလဟလသတင်းတွေအရဆိုရင် Galaxy S10+ ကို RAM 6GB + Storage 128GB , RAM 8GB + Storage 512GB နဲ့ RAM 12GB + Storage 1TB (1024GB) ဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ မော်ဒယ် ၃မျိူးထဲက စျေးအကြီးဆုံးနဲ့ အလန်းဆုံးဖြစ်မယ့် RAM 12 ဗားရှင်းကို Ceramic (ကြွေထည်) Body နဲ့ ဖန်တီးထားတာဖြစ်ပြီး Limited-edition အနေနဲ့ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။

မော်ဒယ်နံပါတ် SM-G975F အမည်ရှိ စမတ်ဖုန်းတစ်လုံးဟာ Geekbench ဝက်ဆိုက်ကနေ တဆင့် ပေါ်ထွက်လာပြီး၊ RAM 12GB အထိ ပါဝင်နေတာကြောင့် Galaxy S10+ ရဲ့ အထူးထုတ်ဗားရှင်းလို့ ယူဆရပါတယ်။ Processor အပိုင်းအတွက် Exynos 9820 ကို အသုံးပြုထားပြီး Android 9 Pie OS ကို ထည့်သွင်းမောင်းနှင်ထားပါတယ်။ Single-core Score မှာ ၄၄၅၀ မှတ်ရရှိထားပြီး Multi-core Score မှာတော့ ၉၇၅၃ မှတ်အထိ ရရှိထားတာ တွေ့ရပါတယ်။

AnTuTu မှာ ထွက်ပေါ်ခဲ့တဲ့ Galaxy S10+ ရဲ့ မော်ဒယ်နံပါတ်ကလည်း SM-G975F ဖြစ်ပြီး Exynos 9820 SoC ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ Geekbench မှာ ပေါ်ထွက်ခဲ့တဲ့ မော်ဒယ်လိုမျိူး RAM 12GB + Storage 1TB ပါဝင်ပြီး Android 9 Pie OS ကို ထည့်သွင်းမောင်းနှင်ထားတာ ဖြစ်ပါတယ်။ Display Resolution မှာ 2280px x 1080px လို့ဖော်ပြထားပေမယ့် ဒီထက်ပိုကောင်းတဲ့ Resolution နဲ့ ပွဲထွက်လာနိုင်ပါတယ်။ စုစုပေါင်းရမှတ်ကတော့ ၃၂၆,၁၈၅ အထိ ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် ကျေနပ်အားရစရာကောင်းတဲ့ ရလဒ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရလဒ်တွေက တရားဝင် မဟုတ်သေးတာကြောင့် အပြည့်အဝတော့ ယုံကြည်ထားလို့ မရသေးပါဘူး။

Galaxy S10+ မော်ဒယ်တွေရဲ့ ခန့်မှန်းစျေးနှုန်းကတော့ RAM 6GB မော်ဒယ်အတွက် ယူရို ၉၉၉ (မြန်မာငွေ ၁၇သိန်း ဝန်းကျင်)၊ RAM 8GB မော်ဒယ်အတွက် ယူရို ၁၂၄၉ (မြန်မာငွေ ၂၁သိန်း ဝန်းကျင်) နဲ့ RAM 12GB မော်ဒယ်အတွက် ယူရို ၁၄၉၉ (မြန်မာငွေ ၂၅သိန်း ဝန်းကျင်) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina