[Zawgyi]

၁၀ ႏွစ္တာ တီထြင္ဖန္တီးဆန္းသစ္မႈအထိမ္းအမွတ္အျဖစ္ မိတ္ဆက္လိုက္သည့္ အရည္အေသြးျမင့္ စမတ္ဖုန္းသစ္မ်ား

ပထမဆုံးေသာ Galaxy S စတင္မိတ္ဆက္ခဲ့သည့္အခ်ိန္မွစၿပီး ဆယ္ႏွစ္တာအခ်ိန္ကာလတစ္ခုသို႔ေရာက္ရွိလာသည့္အထိမ္းအမွတ္အျဖစ္ Samsung Electronics Co., Ltd သည္ အရည္အေသြးျမင့္ စမတ္ဖုန္းသစ္မ်ားျဖစ္ၾကသည့္ Galaxy S10 စီးရီးသစ္စမတ္ဖုန္းမ်ားအား ျမန္မာႏိုင္ငံတြင္စတင္မိတ္ဆက္လိုက္သည္။ ထူးျခားဆန္းသစ္ေသာ စမတ္ဖုန္းသစ္မ်ား မိတ္ဆက္မႈႏွင့္အတူ Galaxy S10 စီးရီးတြင္ ျမန္မာႏိုင္ငံရွိ စမတ္ဖုန္းေဈးကြက္အတြင္း ထူးျခားေသာ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္ တီထြင္ဖန္တီးထားေသာေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ မိမိသေဘာက်ႏွစ္သက္ရာ လုပ္ေဆာင္ခ်က္မ်ားကို အသုံးျပဳႏိုင္မည္ျဖစ္သည္။ စမတ္ဖုန္းတစ္ခုခ်င္းစီတြင္ မ်ိဳးဆက္သစ္ အေတြ႕အႀကဳံမ်ားအား သုံးစြဲသူမ်ား သေဘာက်ႏွစ္ၿခိဳက္သည့္ သက္ဆိုင္ရာနယ္ပယ္အလိုက္ ဖုန္းမ်က္ႏွာျပင္၊ ကင္မရာ ႏွင့္ စြမ္းေဆာင္ရည္တို႔တြင္ တီထြင္ဖန္တီးဆန္းသစ္မႈမ်ားအား ထည့္သြင္းထားသည္။

ဆယ္စုႏွစ္တစ္ခုတာ တီထြင္ဖန္တီးဆန္းသစ္မႈမ်ား၏ အေထာက္အထားအေနျဖင့္ အရည္အေသြးျမင့္ စမတ္ဖုန္းပိုင္ဆိုင္လိုသူမ်ားအတြက္ ဒီဇိုင္းျပဳလုပ္ဖန္တီးထားသည့္ Galaxy S10 တြင္ စြမ္းအားျမင့္ စြမ္းေဆာင္ရည္ ႏွင့္ တစ္ဆင့္ထပ္မံတိုးျမႇင့္ထားေသာ မ်ိဳးဆက္သစ္ဖုန္းအသုံးျပဳမႈအေတြ႕အႀကဳံမ်ားအား ထည့္သြင္းေပးထားသည္။ အထူးမြမ္းမံထားေသာ စမတ္ဖုန္းအား သုံးစြဲလိုသူမ်ားအေနျဖင့္ ဖုန္းမ်က္ႏွာျပင္၊ ကင္မရာ ႏွင့္ စြမ္းေဆာင္ရည္ အစရွိသည့္ လုပ္ေဆာင္ခ်က္တစ္ခုခ်င္းစီအား တစ္ဆင့္ထပ္မံတိုးျမႇင့္ထားေသာ Galaxy S10+ အား ေ႐ြးခ်ယ္ႏိုင္သည္။ ျပန႔္ျပဴးေသာမ်က္ႏွာျပင္ႏွင့္အတူ က်စ္လ်စ္ေသာ အ႐ြယ္အစားႏွင့္ထုတ္လုပ္ထားေသာ Galaxy S10e တြင္ မရွိမျဖစ္လိုအပ္ေသာ အရည္အေသြးျမင့္ လုပ္ေဆာင္ခ်က္မ်ားကို သုံးစြဲလိုသူမ်ားအတြက္ ထည့္သြင္းေပးထားသည္။ အသစ္ထပ္မံထြက္ရွိလာေသာ Dynamic AMOLED မ်က္ႏွာျပင္၊ ေနာက္ဆုံးေပၚမ်ိဳးဆက္သစ္ကင္မရာ ႏွင့္ ဉာဏ္ရည္ျမင့္ စြမ္းေဆာင္ရည္ တို႔အားထည့္သြင္းထားေသာ Galaxy S10 စီးရီးသစ္မ်ားသည္ သုံးစြဲသူမ်ားအတြက္ ေ႐ြးခ်ယ္မႈမ်ား ပိုမိုေပးစြမ္းႏိုင္မည္ျဖစ္ၿပီး စမတ္ဖုန္းမ်ားအတြက္ စံႏႈန္းသစ္မ်ားကို ထပ္မံသတ္မွတ္ေပးလိုက္သည္။

“လြန္ခဲ့တဲ့ ၁၀ ႏွစ္ကတည္းက Galaxy S Series အေနနဲ႔ အရည္အေသြးျမင့္ တီထြင္ဖန္တီးမႈေတြအတြက္ အၿမဲရပ္တည္ခဲ့ၿပီး သုံးစြဲသူေတြအတြက္ အေကာင္းဆုံးဖုန္းအသုံးျပဳမႈအေတြ႕အႀကဳံေတြကို ေပးစြမ္းခဲ့ပါတယ္။ ဒါတင္မကဘဲ သုံးစြဲသူေတြအတြက္ အသုံးဝင္ၿပီး သင့္ေတာ္တဲ့ စမတ္ဖုန္းေတြကိုလည္း အၿမဲထုတ္လုပ္မိတ္ဆက္ေပးေနခဲ့ပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္ဝင္းထက္မွ ေျပာၾကားသည္။ “Galaxy S10 မွာ Galaxy series မွာအစဥ္အဆက္ ပါဝင္လာတဲ့ အေကာင္းဆုံးေသာ စြမ္းေဆာင္ရည္နဲ႔ အရည္အေသြးျမင့္ ဖုန္းမ်က္ႏွာျပင္၊ ကင္မရာနဲ႔ စြမ္းေဆာင္ရည္ဆိုင္ရာ တီထြင္ဖန္တီးဆန္းသစ္မႈေတြကို ထည့္သြင္းထားပါတယ္။ အသစ္ထြက္ရွိလာတဲ့ အရည္အေသြးျမင့္ စမတ္ဖုန္းသစ္ သုံးလုံးနဲ႔အတူ သုံးစြဲသူတစ္ဦးခ်င္းစီရဲ႕လိုအပ္ခ်က္ေတြအေပၚမူတည္ၿပီး ဖုန္းတစ္လုံးခ်င္းစီကို ဖန္တီးထားပါတယ္။ ကြၽန္ေတာ္တို႔ Samsung အေနနဲ႔ ဆယ္စုႏွစ္တစ္ခုတာ မ်ိဳးဆက္သစ္ စမတ္ဖုန္းနည္းပညာေခတ္သစ္ကို ေဖာ္ေဆာင္ေပးႏိုင္တဲ့ ကမာၻ႔ထိပ္တန္းအမွတ္တံဆိပ္တစ္ခုအျဖစ္ ရပ္တည္ေနတယ္ဆိုတာလည္း အားလုံးအသိပဲျဖစ္ပါတယ္။” ဟုကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံရွိ Samsung ခ်စ္သူမ်ားအေနျဖင့္ ႀကိဳတင္မွာယူလိုပါက ေဖေဖာ္ဝါရီ ၂၃ ရက္မွ မတ္လ ၁၁ ရက္၊ ၂၀၁၉ အတြင္း ဖုန္းလက္က်န္ရွိသည္အထိ နီးစပ္ရာ Samsung အေရာင္းဆိုင္ႏွင့္ ရန္ကုန္၊ မႏၲေလးၿမိဳ႕အတြင္းရွိ အေရာင္းကိုယ္စားလွယ္ဆိုင္မ်ားတြင္ စရန္ေငြ ၁၀၀,၀၀၀ က်ပ္ေပးသြင္း၍ မွာယူႏိုင္မည္ျဖစ္သည္။ ႀကိဳတင္မွာယူသူမ်ားအေနျဖင့္ မွာယူထားေသာ ဖုန္းမ်ားအား အဆိုပါဆိုင္မ်ားတြင္ မတ္လ ၁၆ ရက္၊ ၂၀၁၉ မွစတင္၍ သြားေရာက္ထုတ္ယူႏိုင္သည္။ အထူးအခြင့္အေရးအေနျဖင့္ ႀကိဳတင္မွာယူသူမ်ားသည္ ေငြက်ပ္ ၂၀၀,၀၀၀ တန္ဖိုးရွိ Galaxy Buds နားၾကပ္အသစ္တစ္စုံအား အထူးလက္ေဆာင္အေနျဖင့္ ရရွိမည္ျဖစ္သည္။ ထို႔အျပင္ Galaxy S10 ဖုန္းဝယ္ယူသူမ်ားအေနျဖင့္ အထူးခံစားခြင့္မ်ားပါဝင္သည့္ Samsung Premium Care ဝန္ေဆာင္မႈကိုလည္း ရရွိမည္ျဖစ္သည္။

Galaxy S10 စမတ္ဖုန္း စတင္မိတ္ဆက္ျခင္းႏွင့္အတူ Samsung Myanmar သည္ Mytel Myanmar ႏွင့္ ပူးေပါင္းထားသည္။ ထို႔ေၾကာင့္ Galaxy S10 ဖုန္းဝယ္ယူသူမ်ားအေနျဖင့္ လစဥ္ အင္တာနက္လက္ေဆာင္ 3GB ႏွင့္ Mytel အခ်င္းခ်င္း ဖုန္းေခၚဆိုမႈ မိနစ္ ၃၀၀ အား ေျခာက္လဆက္တိုက္ရရွိမည္ျဖစ္သည္။

Galaxy စမတ္ဖုန္းသစ္မိတ္ဆက္မႈအထိမ္းအမွတ္အေနျဖင့္ Samsung Myanmar မွ နာမည္ေက်ာ္ အြန္လိုင္းေဖ်ာ္ေျဖေရးအက္ပလီေကးရွင္းျဖစ္သည့္ Cookie TV ႏွင့္ ပူးေပါင္းထားေသာေၾကာင့္ Galaxy S10 ဝယ္ယူသူမ်ားအေနျဖင့္ ၂၃,၇၀၀ က်ပ္ တန္ဖိုးရွိ ထိရွ အထူးပက္ေက့ခ်္ (ႏိုင္ငံတကာဆိုင္ရာ TV Channel အခု ၅၀ ပါဝင္) အား ဝယ္ယူသည့္ေန႔မွစတင္၍ သုံးလဆက္တိုက္ ၾကည့္ရႈခံစားႏိုင္မည္ျဖစ္သည္။ အဆိုပါအထူးအစီအစဥ္ကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လကုန္အထိသာ ျပဳလုပ္သြားမည္ျဖစ္သည္။

Galaxy S10 စမတ္ဖုန္းမ်ားအား ျမန္မာႏိုင္ငံေဈးကြက္တြင္ မတ္လ ၁၈ ရက္၊ ၂၀၁၉ မွစတင္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ Galaxy S10e အား တမူထူးျခားလွပေသာ အဝါေရာင္ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး Galaxy S10 ႏွင့္ S10 plus တို႔အား လွပဆန္းသစ္ေသာ အေရာင္ေျပးမ်ားျဖစ္သည့္ အစိမ္းေရာင္၊ အမည္းေရာင္ ႏွင့္ အျဖဴေရာင္ အစရွိသျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

အ႐ြယ္အစားအေနျဖင့္ ပိုမိုမ်ားျပားေသာ ဖုန္းတြင္းမွတ္ဉာဏ္ 1TB ပါဝင္သည့္ Galaxy S10 plus အား ေတာက္ေျပာင္လွပေသာ ေႂကြေရာင္ျဖစ္သည့္ အမည္းေရာင္ ႏွင့္ အျဖဴေရာင္အစရွိသျဖင့္ ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး အျခားေသာ ဖုန္းမ်ားအေနျဖင့္ 128 GB အ႐ြယ္အစားရွိဖုန္းတြင္းမွတ္ဉာဏ္ႏွင့္အတူ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

ေဈးႏႈန္းအေနျဖင့္ 128 GB Storage ပါဝင္ေသာ Galaxy S10e အား ၁,၁၅၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ Galaxy S10 အား ၁,၃၉၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ Galaxy S10 Plus အား ၁,၅၄၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း အသီးသီးဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။ 1TB Storage ပါဝင္ေသာ Galaxy S10 Plus အား ၂,၄၉၉,၀၀၀ က်ပ္ျဖင့္လည္း ဝယ္ယူႏိုင္မည္ ျဖစ္သည္။

[Unicode]

နောက်ဆုံးပေါ် မျိုးဆက်သစ် Galaxy S10 စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

၁၀ နှစ်တာ တီထွင်ဖန်တီးဆန်းသစ်မှုအထိမ်းအမှတ်အဖြစ် မိတ်ဆက်လိုက်သည့် အရည်အသွေးမြင့် စမတ်ဖုန်းသစ်များ

ရန်ကုန်၊ မြန်မာ – ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် – ပထမဆုံးသော Galaxy S စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစပြီး ဆယ်နှစ်တာအချိန်ကာလတစ်ခုသို့ရောက်ရှိလာသည့်အထိမ်းအမှတ်အဖြစ် Samsung Electronics Co., Ltd သည် အရည်အသွေးမြင့် စမတ်ဖုန်းသစ်များဖြစ်ကြသည့် Galaxy S10 စီးရီးသစ်စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်လိုက်သည်။ ထူးခြားဆန်းသစ်သော စမတ်ဖုန်းသစ်များ မိတ်ဆက်မှုနှင့်အတူ Galaxy S10 စီးရီးတွင် မြန်မာနိုင်ငံရှိ စမတ်ဖုန်းဈေးကွက်အတွင်း ထူးခြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တီထွင်ဖန်တီးထားသောကြောင့် သုံးစွဲသူများအနေဖြင့် မိမိသဘောကျနှစ်သက်ရာ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းတစ်ခုချင်းစီတွင် မျိုးဆက်သစ် အတွေ့အကြုံများအား သုံးစွဲသူများ သဘောကျနှစ်ခြိုက်သည့် သက်ဆိုင်ရာနယ်ပယ်အလိုက် ဖုန်းမျက်နှာပြင်၊ ကင်မရာ နှင့် စွမ်းဆောင်ရည်တို့တွင် တီထွင်ဖန်တီးဆန်းသစ်မှုများအား ထည့်သွင်းထားသည်။

ဆယ်စုနှစ်တစ်ခုတာ တီထွင်ဖန်တီးဆန်းသစ်မှုများ၏ အထောက်အထားအနေဖြင့် အရည်အသွေးမြင့် စမတ်ဖုန်းပိုင်ဆိုင်လိုသူများအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည့် Galaxy S10 တွင် စွမ်းအားမြင့် စွမ်းဆောင်ရည် နှင့် တစ်ဆင့်ထပ်မံတိုးမြှင့်ထားသော မျိုးဆက်သစ်ဖုန်းအသုံးပြုမှုအတွေ့အကြုံများအား ထည့်သွင်းပေးထားသည်။ အထူးမွမ်းမံထားသော စမတ်ဖုန်းအား သုံးစွဲလိုသူများအနေဖြင့် ဖုန်းမျက်နှာပြင်၊ ကင်မရာ နှင့် စွမ်းဆောင်ရည် အစရှိသည့် လုပ်ဆောင်ချက်တစ်ခုချင်းစီအား တစ်ဆင့်ထပ်မံတိုးမြှင့်ထားသော Galaxy S10+ အား ရွေးချယ်နိုင်သည်။ ပြန့်ပြူးသောမျက်နှာပြင်နှင့်အတူ ကျစ်လျစ်သော အရွယ်အစားနှင့်ထုတ်လုပ်ထားသော Galaxy S10e တွင် မရှိမဖြစ်လိုအပ်သော အရည်အသွေးမြင့် လုပ်ဆောင်ချက်များကို သုံးစွဲလိုသူများအတွက် ထည့်သွင်းပေးထားသည်။ အသစ်ထပ်မံထွက်ရှိလာသော Dynamic AMOLED မျက်နှာပြင်၊ နောက်ဆုံးပေါ်မျိုးဆက်သစ်ကင်မရာ နှင့် ဉာဏ်ရည်မြင့် စွမ်းဆောင်ရည် တို့အားထည့်သွင်းထားသော Galaxy S10 စီးရီးသစ်များသည် သုံးစွဲသူများအတွက် ရွေးချယ်မှုများ ပိုမိုပေးစွမ်းနိုင်မည်ဖြစ်ပြီး စမတ်ဖုန်းများအတွက် စံနှုန်းသစ်များကို ထပ်မံသတ်မှတ်ပေးလိုက်သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက Galaxy S Series အနေနဲ့ အရည်အသွေးမြင့် တီထွင်ဖန်တီးမှုတွေအတွက် အမြဲရပ်တည်ခဲ့ပြီး သုံးစွဲသူတွေအတွက် အကောင်းဆုံးဖုန်းအသုံးပြုမှုအတွေ့အကြုံတွေကို ပေးစွမ်းခဲ့ပါတယ်။ ဒါတင်မကဘဲ သုံးစွဲသူတွေအတွက် အသုံးဝင်ပြီး သင့်တော်တဲ့ စမတ်ဖုန်းတွေကိုလည်း အမြဲထုတ်လုပ်မိတ်ဆက်ပေးနေခဲ့ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။ “Galaxy S10 မှာ Galaxy series မှာအစဉ်အဆက် ပါဝင်လာတဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်နဲ့ အရည်အသွေးမြင့် ဖုန်းမျက်နှာပြင်၊ ကင်မရာနဲ့ စွမ်းဆောင်ရည်ဆိုင်ရာ တီထွင်ဖန်တီးဆန်းသစ်မှုတွေကို ထည့်သွင်းထားပါတယ်။ အသစ်ထွက်ရှိလာတဲ့ အရည်အသွေးမြင့် စမတ်ဖုန်းသစ် သုံးလုံးနဲ့အတူ သုံးစွဲသူတစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး ဖုန်းတစ်လုံးချင်းစီကို ဖန်တီးထားပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ ဆယ်စုနှစ်တစ်ခုတာ မျိုးဆက်သစ် စမတ်ဖုန်းနည်းပညာခေတ်သစ်ကို ဖော်ဆောင်ပေးနိုင်တဲ့ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေတယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။” ဟုကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံရှိ Samsung ချစ်သူများအနေဖြင့် ကြိုတင်မှာယူလိုပါက ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၁၁ ရက်၊ ၂၀၁၉ အတွင်း ဖုန်းလက်ကျန်ရှိသည်အထိ နီးစပ်ရာ Samsung အရောင်းဆိုင်နှင့် ရန်ကုန်၊ မန္တလေးမြို့အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ်ပေးသွင်း၍ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် မှာယူထားသော ဖုန်းများအား အဆိုပါဆိုင်များတွင် မတ်လ ၁၆ ရက်၊ ၂၀၁၉ မှစတင်၍ သွားရောက်ထုတ်ယူနိုင်သည်။ အထူးအခွင့်အရေးအနေဖြင့် ကြိုတင်မှာယူသူများသည် ငွေကျပ် ၂၀၀,၀၀၀ တန်ဖိုးရှိ Galaxy Buds နားကြပ်အသစ်တစ်စုံအား အထူးလက်ဆောင်အနေဖြင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် Galaxy S10 ဖုန်းဝယ်ယူသူများအနေဖြင့် အထူးခံစားခွင့်များပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိမည်ဖြစ်သည်။

Galaxy S10 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar သည် Mytel Myanmar နှင့် ပူးပေါင်းထားသည်။ ထို့ကြောင့် Galaxy S10 ဖုန်းဝယ်ယူသူများအနေဖြင့် လစဉ် အင်တာနက်လက်ဆောင် 3GB နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ် ၃၀၀ အား ခြောက်လဆက်တိုက်ရရှိမည်ဖြစ်သည်။

Galaxy စမတ်ဖုန်းသစ်မိတ်ဆက်မှုအထိမ်းအမှတ်အနေဖြင့် Samsung Myanmar မှ နာမည်ကျော် အွန်လိုင်းဖျော်ဖြေရေးအက်ပလီကေးရှင်းဖြစ်သည့် Cookie TV နှင့် ပူးပေါင်းထားသောကြောင့် Galaxy S10 ဝယ်ယူသူများအနေဖြင့် ၂၃,၇၀၀ ကျပ် တန်ဖိုးရှိ ထိရှ အထူးပက်ကေ့ချ် (နိုင်ငံတကာဆိုင်ရာ TV Channel အခု ၅၀ ပါဝင်) အား ဝယ်ယူသည့်နေ့မှစတင်၍ သုံးလဆက်တိုက် ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ အဆိုပါအထူးအစီအစဉ်ကို ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိသာ ပြုလုပ်သွားမည်ဖြစ်သည်။

Galaxy S10 စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် မတ်လ ၁၈ ရက်၊ ၂၀၁၉ မှစတင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy S10e အား တမူထူးခြားလှပသော အဝါရောင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy S10 နှင့် S10 plus တို့အား လှပဆန်းသစ်သော အရောင်ပြေးများဖြစ်သည့် အစိမ်းရောင်၊ အမည်းရောင် နှင့် အဖြူရောင် အစရှိသဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အရွယ်အစားအနေဖြင့် ပိုမိုများပြားသော ဖုန်းတွင်းမှတ်ဉာဏ် 1TB ပါဝင်သည့် Galaxy S10 plus အား တောက်ပြောင်လှပသော ကြွေရောင်ဖြစ်သည့် အမည်းရောင် နှင့် အဖြူရောင်အစရှိသဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး အခြားသော ဖုန်းများအနေဖြင့် 128 GB အရွယ်အစားရှိဖုန်းတွင်းမှတ်ဉာဏ်နှင့်အတူ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် 128 GB Storage ပါဝင်သော Galaxy S10e အား ၁,၁၅၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy S10 အား ၁,၃၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy S10 Plus အား ၁,၅၄၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ 1TB Storage ပါဝင်သော Galaxy S10 Plus အား ၂,၄၉၉,၀၀၀ ကျပ်ဖြင့်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။