Zawgyi
Ref – Phone Arena
Unicode
Samsung ကနေ ပုံမှန်အားဖြင့် နှစ်စပိုင်းမှာ Galaxy S Series စမတ်ဖုန်းတွေကို မိတ်ဆက်နေကြဖြစ်ပြီးတော့ လာမယ့် ၂၀၂၀ ခုနှစ် အစောပိုင်းမှာလည်း Galaxy S11 စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂၀၁၉ မကုန်ခင်မှာတင် Galaxy S11 ရဲ့ 3D Render ပုံတွေကို OnLeaks ကနေ ဖော်ပြလိုက်ပါပြီ။
အခု Galaxy S11 ရဲ့ Render ပုံတွေအရတော့ ဖုန်းရဲ့အရှေ့ဘက် Design က Selfie Camera ကို Infinity-O Design အနေနဲ့ ပြုလုပ်ထားပြီးတော့ ပိုပြီး သေးငယ်တဲ့ Selfie Camera ပါဝင်လာမှာပါ။ Curved Display ကိုပဲ ဆက်လက်သုံးစွဲထားပြီးတော့ ဘေးဘောင်တွေကလည်း သိသိသာသာကို ပိုပါးလွှာနေမှာဖြစ်ပါတယ်။
နောက်ဖက်ပိုင်းမှာကတော့ Camera ပိုင်းမှာ S10 နဲ့ ယှဥ်ရင် တော်တော်လေးကို ကွာခြားသွားပြီး Camera ကို ၅ လုံးအထိ ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ ဒ့ါအပြင် Camera Design ကလည်း မကြာခင် မိတ်ဆက်လာဖို့ရှိနေတဲ့ Galaxy A71 နဲ့ A51 လိုမျိုး လေးထောင့်ပုံစံဖြစ်နေမှာပါ။
အဆိုပါ Camera တွေဟာ Primary အနေနဲ့ 2nd Gen 108MP Sensor ၊ 5x Optical Zoom Support ပြုလုပ်မယ့် Telephoto ၊ Ultrawide Sensor နဲ့ ToF Sensor တွေကတော့ ကျိန်းသေနေပြီး နောက်ကျန်တဲ့ Sensor ကတော့ Macro ဒါမှမဟုတ် Depth Sensor ဖြစ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျိန်းသေတာကတော့ နောက်နှစ်မှာ မိတ်ဆက်မယ့် Galaxy S11 ဖုန်းက ကင်မရာပိုင်းကိုတေ့ာ သေချာအဆင့်မြှင့်တင်လာမှာပါ။
Samsung Galaxy S11 ဟာ Ultrasonic Fingerprint Sensor ကိုလည်း အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး 5G ကို Support ပြုလုပ်တဲ့ Exynos 980 Processor သို့မဟုတ် Qualcomm Snapdragon 865 Processor ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခု Galaxy S11 Design ကို အစောကြီး ကြိုသိနေရတဲ့အတွက် ထင်ထားတာထက် စောပြီးလည်းမိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။
Ref – Phone Arena