Zawgyi

Samsung ကေန Galaxy S11 Series စမတ္ဖုန္းေတြကို လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာမွ မိတ္ဆက္မယ္လို႔ ယူဆရေပမယ့္ အခုအခ်ိန္မွာေတာ့ Leak သတင္းေတြက ဆက္တိုက္ကို ထြက္ရွိေနၿပီျဖစ္ပါတယ္။ အခုလည္း S11 Series ဖုန္းေတြထဲက အေကာင္းဆုံးျဖစ္လာမယ့္ Galaxy S11+ ဖုန္းရဲ႕ Benchmark ေတြက Geekbench Website မွာ ေပါက္ၾကားလာခဲ့ပါတယ္။

အခုေပါက္ၾကားခ်က္အရ Samsung Galaxy S11+ (SM-G986) ဟာ Samsung ရဲ႕ ကိုယ္ပိုင္ Exynos 9830 Chipset ကို အသုံးျပဳလာတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ ထုံးစံအတိုင္း အခ်ိဳ႕ Market ေတြမွာေတာ့ Qualcomm Snapdragon 865 Processor အသုံးျပဳထားတဲ့ S11 Series ကိုလည္း ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

အခု Benchmark အရ Galaxy S11+ ဟာ RAM 12GB အသုံးျပဳထားၿပီး ၿပီးခဲ့တဲ့ S10+ ရဲ႕ RAM 8GB နဲ႔ ယွဥ္ရင္ သိသိသာသာကို တိုးလာတာပါ။ Android Version အေနနဲ႔လည္း Android 10 အျပင္ OneUI 2.0 ကို အသုံးျပဳၿပီး စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခု Benchmark ရလဒ္ေတြအရ အားရဖို႔မေကာင္းဘဲ Single-core Score ေတြမွာ Galaxy Note 10 Series ေတြမွာသုံးထားတဲ့ Exynos 9825 Processor ထက္ေတာင္ အားနည္းေနေသးတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခု ရလဒ္ဟာ Stable မျဖစ္ေသးဘဲ စမ္းသပ္ေနဆဲရလဒ္တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ Exynos 9830 Chipset နဲ႔ ပတ္သတ္ၿပီးလည္း အတိအက်မသိရွိရေသးေပမယ့္ 2+2+4 Cores Cluster ကို အသုံးျပဳထားတဲ့ Octa-core Chipset တစ္ခုျဖစ္လာမွာပါ။

ဘာပဲျဖစ္ျဖစ္ ဒီ Exynos 9830 Processor ကို အသုံးျပဳလာမယ့္ Galaxy S11 Series ဖုန္းေတြဟာ 120Hz Quad HD+ AMOLED Display ၊ 108MP 5 Camera Setup နဲ႔ 5G Connectivity ကိုပါ Support ျပဳလုပ္မွာေတာ့ ေသခ်ာသေလာက္ကိုရွိေနပါၿပီ။

Ref – GSM Arena

Unicode

Samsung ကနေ Galaxy S11 Series စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာမှ မိတ်ဆက်မယ်လို့ ယူဆရပေမယ့် အခုအချိန်မှာတော့ Leak သတင်းတွေက ဆက်တိုက်ကို ထွက်ရှိနေပြီဖြစ်ပါတယ်။ အခုလည်း S11 Series ဖုန်းတွေထဲက အကောင်းဆုံးဖြစ်လာမယ့် Galaxy S11+ ဖုန်းရဲ့ Benchmark တွေက Geekbench Website မှာ ပေါက်ကြားလာခဲ့ပါတယ်။

အခုပေါက်ကြားချက်အရ Samsung Galaxy S11+ (SM-G986) ဟာ Samsung ရဲ့ ကိုယ်ပိုင် Exynos 9830 Chipset ကို အသုံးပြုလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း အချို့ Market တွေမှာတော့ Qualcomm Snapdragon 865 Processor အသုံးပြုထားတဲ့ S11 Series ကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

အခု Benchmark အရ Galaxy S11+ ဟာ RAM 12GB အသုံးပြုထားပြီး ပြီးခဲ့တဲ့ S10+ ရဲ့ RAM 8GB နဲ့ ယှဥ်ရင် သိသိသာသာကို တိုးလာတာပါ။ Android Version အနေနဲ့လည်း Android 10 အပြင် OneUI 2.0 ကို အသုံးပြုပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု Benchmark ရလဒ်တွေအရ အားရဖို့မကောင်းဘဲ Single-core Score တွေမှာ Galaxy Note 10 Series တွေမှာသုံးထားတဲ့ Exynos 9825 Processor ထက်တောင် အားနည်းနေသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု ရလဒ်ဟာ Stable မဖြစ်သေးဘဲ စမ်းသပ်နေဆဲရလဒ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ Exynos 9830 Chipset နဲ့ ပတ်သတ်ပြီးလည်း အတိအကျမသိရှိရသေးပေမယ့် 2+2+4 Cores Cluster ကို အသုံးပြုထားတဲ့ Octa-core Chipset တစ်ခုဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Exynos 9830 Processor ကို အသုံးပြုလာမယ့် Galaxy S11 Series ဖုန်းတွေဟာ 120Hz Quad HD+ AMOLED Display ၊ 108MP 5 Camera Setup နဲ့ 5G Connectivity ကိုပါ Support ပြုလုပ်မှာတော့ သေချာသလောက်ကိုရှိနေပါပြီ။

Ref – GSM Arena