Zawgyi

Samsung ကုမၸဏီဟာ ပုံမွန္အားျဖင့္ ေဖေဖာ္ဝါရီလေလာက္မွာ မိတ္ဆက္ေလ့ရွိတဲ့ Galaxy S11 ဖုန္းအတြက္ ျပင္ဆင္မႈေတြ ေတာ္ေတာ္ျပဳလုပ္ၿပီးစီးေနၿပီလုိ႔ ယူဆရပါတယ္။ ယေန႔မွာ SafetyKorea ဝက္ဆိုက္ကေန ေမာ္ဒယ္နံပါတ္ EB-BG980ABY နဲ႔စမတ္ဖုန္းတစ္လုံးရဲ႕ ဘကၳရီကို အတည္ျပဳေပးခဲ့ၿပီး ၄င္းဖုန္းဟာ ေမာ္ဒယ္နံပါတ္ G980 နဲ႔ Samsung ဖုန္းတစ္လုံးျဖစ္ပါတယ္။ Galaxy S10e ဖုန္းဟာ SM-G970 ျဖစ္တာေၾကာင့္ ဒီဖုန္းဟာ Galaxy S11e ျဖစ္ႏုိင္ပါတယ္။

ဒီအခ်က္အလက္နဲ႔အတူ ဘကၳရီရဲ႕ဓါတ္ပုံတစ္ခုပါ ပါဝင္ခဲ့ပါတယ္။ ပုံက အရမ္းရွင္းလင္းမေနေပမယ့္ ဘကၳရီဟာ 3.85V အားနဲ႔ျဖစ္တာေၾကာင့္ 3,730 mAh ဘကၳရီလို႔ ယူဆရပါတယ္။ ဒါေပမယ့္ ေစ်းကြက္ထဲမွာေတာ့ 3,800 – 3,900 mAH နဲ႔ထြက္ရွိလာေနၾကပါ။ Galaxy S10e ဟန္းဆက္တုန္းက 3,100 mAh ဘကၳရီပါဝင္ခဲ့တာေၾကာင့္ ႀကီးမားတဲ့ တုိးတက္မႈကို ေတြ႕လာရတာပါ။ ပုံသ႑ာန္ကလည္း ေလးေထာင့္က်က်ျဖစ္တဲ့အတြက္ Galaxy S10e မွာပါဝင္တဲ့ ဘကၳရီကို Capacity ျမွင့္တင္ထားရုံတင္မကဘဲ လုံးဝဒီဇုိင္းေျပာင္းလဲေရးဆြဲထားတာလုိ႔ ယူဆရမွာျဖစ္ပါတယ္။

Galaxy S11 ဖုန္းအသစ္ေတြမွာ 90Hz Display နဲ႔ 5G Modem ပါဝင္လာမွာျဖစ္တယ္လို႔ သတင္းထြက္ထားၿပီး အခုလိုပိုႀကီးတဲ့ဘကၳရီကို ျမွင့္တင္လာတာဟာ ဒီအခ်က္အလက္ေတြေၾကာင့္ ပါဝါစားပုိကုန္မွာကို ကာမိေအာင္ျဖစ္ႏုိင္ပါတယ္။ Galaxy S11 ဖုန္းေတြအားလုံးဟာ ၂၀၁၉ မွာလုိ 5G ကြန္ရက္အတြက္ သီးသန္႔ဆုိၿပီး ထြက္ေတာ့မွာမဟုတ္ဘဲ ေမာ္ဒယ္အားလုံးကို 5G ရရွိႏုိင္တဲ့ ဟန္းဆက္ေတြအေနနဲ႔ ထုတ္လုပ္လာမွာျဖစ္ပါတယ္။

ဒါ့အျပင္ Galaxy S11 ရဲ႕ကင္မရာအစိတ္အပုိင္းအတြက္လည္း ကုဒ္နာမည္တစ္ခုကို သိခဲ့ရၿပီး ေလာေလာဆယ္မွာ အေရးမႀကီးေသးေပမယ့္ သူ႕ရဲ႕အဓိက Feature တစ္ခုျဖစ္လာႏုိင္ပါတယ္။ သူ႕နာမည္ေျပာင္ကို Hubble လို႔ေပးထားၿပီး ဒါဟာ S11 မွာပါဝင္မယ့္ 5x Periscope Lens ကို ရည္ညႊန္းတာလို႔ ယူဆရပါတယ္။ Hubble ဆုိတဲ့အမည္ဟာ ထင္ရွားတဲ့ Space Telescope ႀကီးရဲ႕အမည္ျဖစ္တာေၾကာင့္ တင္စားေခၚေဝၚထားတာလို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလလောက်မှာ မိတ်ဆက်လေ့ရှိတဲ့ Galaxy S11 ဖုန်းအတွက် ပြင်ဆင်မှုတွေ တော်တော်ပြုလုပ်ပြီးစီးနေပြီလို့ ယူဆရပါတယ်။ ယနေ့မှာ SafetyKorea ဝက်ဆိုက်ကနေ မော်ဒယ်နံပါတ် EB-BG980ABY နဲ့စမတ်ဖုန်းတစ်လုံးရဲ့ ဘက္ထရီကို အတည်ပြုပေးခဲ့ပြီး ၎င်းဖုန်းဟာ မော်ဒယ်နံပါတ် G980 နဲ့ Samsung ဖုန်းတစ်လုံးဖြစ်ပါတယ်။ Galaxy S10e ဖုန်းဟာ SM-G970 ဖြစ်တာကြောင့် ဒီဖုန်းဟာ Galaxy S11e ဖြစ်နိုင်ပါတယ်။

ဒီအချက်အလက်နဲ့အတူ ဘက္ထရီရဲ့ဓါတ်ပုံတစ်ခုပါ ပါဝင်ခဲ့ပါတယ်။ ပုံက အရမ်းရှင်းလင်းမနေပေမယ့် ဘက္ထရီဟာ 3.85V အားနဲ့ဖြစ်တာကြောင့် 3,730 mAh ဘက္ထရီလို့ ယူဆရပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာတော့ 3,800 – 3,900 mAH နဲ့ထွက်ရှိလာနေကြပါ။ Galaxy S10e ဟန်းဆက်တုန်းက 3,100 mAh ဘက္ထရီပါဝင်ခဲ့တာကြောင့် ကြီးမားတဲ့ တိုးတက်မှုကို တွေ့လာရတာပါ။ ပုံသဏ္ဍာန်ကလည်း လေးထောင့်ကျကျဖြစ်တဲ့အတွက် Galaxy S10e မှာပါဝင်တဲ့ ဘက္ထရီကို Capacity မြှင့်တင်ထားရုံတင်မကဘဲ လုံးဝဒီဇိုင်းပြောင်းလဲရေးဆွဲထားတာလို့ ယူဆရမှာဖြစ်ပါတယ်။

Galaxy S11 ဖုန်းအသစ်တွေမှာ 90Hz Display နဲ့ 5G Modem ပါဝင်လာမှာဖြစ်တယ်လို့ သတင်းထွက်ထားပြီး အခုလိုပိုကြီးတဲ့ဘက္ထရီကို မြှင့်တင်လာတာဟာ ဒီအချက်အလက်တွေကြောင့် ပါဝါစားပိုကုန်မှာကို ကာမိအောင်ဖြစ်နိုင်ပါတယ်။ Galaxy S11 ဖုန်းတွေအားလုံးဟာ ၂၀၁၉ မှာလို 5G ကွန်ရက်အတွက် သီးသန့်ဆိုပြီး ထွက်တော့မှာမဟုတ်ဘဲ မော်ဒယ်အားလုံးကို 5G ရရှိနိုင်တဲ့ ဟန်းဆက်တွေအနေနဲ့ ထုတ်လုပ်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Galaxy S11 ရဲ့ကင်မရာအစိတ်အပိုင်းအတွက်လည်း ကုဒ်နာမည်တစ်ခုကို သိခဲ့ရပြီး လောလောဆယ်မှာ အရေးမကြီးသေးပေမယ့် သူ့ရဲ့အဓိက Feature တစ်ခုဖြစ်လာနိုင်ပါတယ်။ သူ့နာမည်ပြောင်ကို Hubble လို့ပေးထားပြီး ဒါဟာ S11 မှာပါဝင်မယ့် 5x Periscope Lens ကို ရည်ညွှန်းတာလို့ ယူဆရပါတယ်။ Hubble ဆိုတဲ့အမည်ဟာ ထင်ရှားတဲ့ Space Telescope ကြီးရဲ့အမည်ဖြစ်တာကြောင့် တင်စားခေါ်ဝေါ်ထားတာလို့ ယူဆရပါတယ်။

Ref – GSM Arena