Zawgyi

Samsung ရဲ႕ ေနာက္လာမယ့္ Flagship ဖုန္းေတြျဖစ္တဲ့ Galaxy S11 Series ဖုန္းေတြထဲက S11 နဲ႔ S11e စမတ္ဖုန္းေတြရဲ႕ Render ဓါတ္ပုံေတြက တရားဝင္မမိတ္ဆက္ခင္ လပိုင္းအလိုမွာတင္ ေပါက္ၾကားလာခဲ့ၿပီးျဖစ္ပါတယ္။ အခုလည္း S11 Plus ဖုန္းရဲ႕ Render ဓါတ္ပုံေတြကို OnLeaks ကေန ေဖာ္ျပလိုက္ၿပီျဖစ္ပါတယ္။

အခု Samsung Galaxy S11 Plus စမတ္ဖုန္းဟာ ႀကီးမားတဲ့ 6.9″ Curved OLED Display ကို ထည့္သြင္းထားမွာျဖစ္ၿပီးေတာ့ Under-Display Fingerprint Sensor နဲ႔ Selfie Camera အတြက္ Infinity-O Design ကို ဆက္လက္အသုံးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အေရွ႕ဘက္ကေနၾကည့္မယ္ဆိုရင္ေတာ့ Galaxy S11 Plus ဖုန္းေတြက Galaxy Note 10 Plus လိုမ်ိဳးပဲျဖစ္ေနမွာပါ။

ဒါေပမယ့္ ေနာက္ဖက္မွာေတာ့ ႀကီးမားတဲ့ Camera Bump နဲ႔အတူ 5 Camera Setup ကို ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ S10 Plus မွာတုန္းက Triple Camera ကေန အခုလိုမ်ိဳး Camera ၅ လုံးအထိ တပ္ဆင္ထားတဲ့အတြက္ S11 Plus ဖုန္းက Camera ပိုင္းမွာ သိသိသာသာကို အဆင့္ျမႇင့္တင္လာမွာပါ။

ေလာေလာဆယ္မွာေတာ့ အဆိုပါ Camera အားလုံးရဲ႕ Specification ကို မသိရေသးေပမယ့္ Primary Sensor က 108MP ရွိမွာျဖစ္သလို 5x Optical Zoom လည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္သတင္းအရလည္း Laser Autofocus ကို အသုံးျပဳလာမွာျဖစ္ၿပီး 8K Video Recording ကိုပါ Support ျပဳလုပ္လာမယ္လို႔ သိရပါတယ္။

Samsung Galaxy S11 Plus စမတ္ဖုန္းဟာ ပုံမွန္အတိုင္းပဲ USB-C Charging Port နဲ႔ Speaker ေတြကို ဖုန္းေအာက္ေျခမွာ ထည့္သြင္းထားေပမယ့္ 3.5mm Audio Jack ကေတာ့ ပါဝင္ေတာ့မွာမဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ အခုဆိုရင္ လာမယ့္ ၂၀၂၀ ေဖေဖာ္ဝါရီလမွာ မိတ္ဆက္လာမယ့္ Galaxy S11 Series ဖုန္းေတြအကုန္လုံး အေစာႀကီးႀကိဳတင္ၿပီး ဘယ္လိုပုံရွိလာမလဲဆိုတာကို သိႏိုင္ၿပီလို႔ ေျပာရမွာပါ။

Ref – OnLeaks

Unicode

Samsung ရဲ့ နောက်လာမယ့် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S11 Series ဖုန်းတွေထဲက S11 နဲ့ S11e စမတ်ဖုန်းတွေရဲ့ Render ဓါတ်ပုံတွေက တရားဝင်မမိတ်ဆက်ခင် လပိုင်းအလိုမှာတင် ပေါက်ကြားလာခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း S11 Plus ဖုန်းရဲ့ Render ဓါတ်ပုံတွေကို OnLeaks ကနေ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

အခု Samsung Galaxy S11 Plus စမတ်ဖုန်းဟာ ကြီးမားတဲ့ 6.9″ Curved OLED Display ကို ထည့်သွင်းထားမှာဖြစ်ပြီးတော့ Under-Display Fingerprint Sensor နဲ့ Selfie Camera အတွက် Infinity-O Design ကို ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အရှေ့ဘက်ကနေကြည့်မယ်ဆိုရင်တော့ Galaxy S11 Plus ဖုန်းတွေက Galaxy Note 10 Plus လိုမျိုးပဲဖြစ်နေမှာပါ။

ဒါပေမယ့် နောက်ဖက်မှာတော့ ကြီးမားတဲ့ Camera Bump နဲ့အတူ 5 Camera Setup ကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ S10 Plus မှာတုန်းက Triple Camera ကနေ အခုလိုမျိုး Camera ၅ လုံးအထိ တပ်ဆင်ထားတဲ့အတွက် S11 Plus ဖုန်းက Camera ပိုင်းမှာ သိသိသာသာကို အဆင့်မြှင့်တင်လာမှာပါ။

လောလောဆယ်မှာတော့ အဆိုပါ Camera အားလုံးရဲ့ Specification ကို မသိရသေးပေမယ့် Primary Sensor က 108MP ရှိမှာဖြစ်သလို 5x Optical Zoom လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်သတင်းအရလည်း Laser Autofocus ကို အသုံးပြုလာမှာဖြစ်ပြီး 8K Video Recording ကိုပါ Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

Samsung Galaxy S11 Plus စမတ်ဖုန်းဟာ ပုံမှန်အတိုင်းပဲ USB-C Charging Port နဲ့ Speaker တွေကို ဖုန်းအောက်ခြေမှာ ထည့်သွင်းထားပေမယ့် 3.5mm Audio Jack ကတော့ ပါဝင်တော့မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုဆိုရင် လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလမှာ မိတ်ဆက်လာမယ့် Galaxy S11 Series ဖုန်းတွေအကုန်လုံး အစောကြီးကြိုတင်ပြီး ဘယ်လိုပုံရှိလာမလဲဆိုတာကို သိနိုင်ပြီလို့ ပြောရမှာပါ။

Ref – OnLeaks