[Unicode]

Samsung Galaxy S11 Series တွေကို ဖေဖော်ဝါရီလမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ နေရာမျိုးစုံမှာ ထွက်ပေါ်နေပါတယ်။ အခုတော့ Samsung Galaxy S11+ အတွက် Bluetooth Certification ရသွားပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်ကို SM-G988 လို့ ဖော်ပြထားပါတယ်။

GeekBench ရဲ့ အရင် သတင်းအချက်အလက်တွေအရ SM-G988 မော်ဒယ်နံပါတ်ဟာ Galaxy S11+ ဖြစ်ပါတယ်။ Galaxy S11 Series ၃ လုံးထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး ကျန် ၂ လုံးက Galaxy S11 နဲ့ S11e တို့ ဖြစ်ပါတယ်။ Samsung က Galaxy S11 အစား Galaxy S20 နာမည်ကို သုံးမယ်လို့လည်း သတင်းထွက်နေပါတယ်။

Bluetooth Certification အရ S11+ မှာ Bluetooth 5.0 ပါမယ်ဆိုတာကလွဲပြီး တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ တခြား ပေါက်ကြားသတင်းတွေအရ S11+ မှာ 5,000mAh Battery ပါလာမယ်လို့ သိရပါတယ်။ ၆.၉ လက်မ 120Hz AMOLED မျက်နှာပြင် ၊ Snapdragon 865/Exynos 990 Chipset ပါမယ်လို့ သိရပါတယ်။ 12GB RAM အထိ ရွေးချယ်နိုင်ပြီး 512GB Storage ပါလာနိုင်ပါတယ်။

Galaxy S11+ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက ကင်မရာတွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ ၊ ၅ လုံးလောက် ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြားသတင်းတွေအရ 9-to-1 Bayer 108MP ကင်မရာနဲ့ 5x Optical Periscope တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]






Ref : gsmarena