[Unicode]

၂၀၂၀ ရောက်ဖို့နီးလာလေလေ Samsung Galaxy S11 တွေရဲ့ သတင်းတွေက ပိုပြီး များလာလေလေပါပဲ။ လက်ရှိအချိန်အထိ ကုမ္ပဏီက S11 Series နဲ့ပတ်သက်ပြီး ဘာသတင်းမှ မထုတ်သေးပေမယ့် မီဒီယာစာမျက်နှာထက်မှာတော့ S11 Series ကို S20 အဖြစ် ပြောင်းလဲထုတ်ဝေမယ်လို့တောင် သတင်းထွက်ထားပြီးပါပြီ။

အခုလည်း Samsung ရဲ့ Galaxy S11 တွေရဲ့ (သတင်းထွက်ထားသလို ပြောင်းလဲသွားမယ်ဆိုရင်တော့ Galaxy S20 အဖြစ်ခေါ်ဝေါ်ရမှာပါ) ရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ပတ်သက်ပြီး ဖော်ပြလာကြပြန်ပါပြီ။ Galaxy S11e ဟာ 6.4-inch မျက်နှာပြင်၊ Galaxy S11 ကတော့ 6.5-inch အရွယ်အစားဖြစ်ပြီး Galaxy S11+ ကတော့ 6.9-inch အထိ ကျယ်ပြန့်မယ့် မျက်နှာပြင်အရွယ်အစားရှိမယ်လို့ သတင်းထွက်လာတာပါ။

ထုံးစံအတိုင်း ပေါက်ကြားသတင်းတွေရဲ့ ဘုရင်ကြီး IceUniverse က ဒီသတင်းကို တွစ်တာမှာ ဖြန့်ခဲ့တာပါ။ သူကတော့ ဒီသတင်းကို မော်ဒယ်သုံးမျိုးစလုံးရဲ့ Screen protector (မျက်နှာပြင်အကာ) တွေနဲ့အတူ တွဲပြီးတင်ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာလည်း Galaxy S11 မော်ဒယ်သုံးမျိုးရဲ့ မျက်နှာပြင်အကာတွေဟာ အထက်မှာရေးသားထားသလို အရွယ်အစား ကြီးစဉ်ငယ်လိုက် ဖြစ်နေတာကို တွေ့ရမှာပါ။

ဒီမျက်နှာပြင်အကာတွေကနေတစ်ဆင့် သိနိုင်တာက Galaxy S11 တွေရဲ့ အောက်ဘက် Bezel တွေဟာ အတော်လေးကို ကျဉ်းမြောင်းမယ်ဆိုတာပါ။ ဒါ့အပြင် S11 series ဟာ ကင်မရာပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာဖြစ်သလို ဒီမော်ဒယ်သုံးမျိုးစလုံးဟာ Snapdragon 865 SoC အသုံးပြုထားမှာဖြစ်ပြီး ဥရောပဈေးကွက်အတွက်တော့ Exynos 990 SoC ကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလနဲ့ နီးကပ်လာပြီဖြစ်တာကြောင့် ပိုပြီးတိကျသေချာတဲ့ သတင်းအချက်အလက်တွေ ထွက်လာဦးမှာမို့လို့ နားစွင့်ထားဖို့ပဲလိုပါတော့တယ်။

Ref: Phone Arena

[Zawgyi]

Samsung Galaxy S11 Series ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ Screen Protector ဓါတ္ပုံ ေပါက္ၾကားထြက္ေပၚလာ

၂၀၂၀ ေရာက္ဖို႔နီးလာေလေလ Samsung Galaxy S11 ေတြရဲ႕ သတင္းေတြက ပိုၿပီး မ်ားလာေလေလပါပဲ။ လက္ရွိအခ်ိန္အထိ ကုမၸဏီက S11 Series နဲ႔ပတ္သက္ၿပီး ဘာသတင္းမွ မထုတ္ေသးေပမယ့္ မီဒီယာစာမ်က္ႏွာထက္မွာေတာ့ S11 Series ကို S20 အျဖစ္ ေျပာင္းလဲထုတ္ေဝမယ္လို႔ေတာင္ သတင္းထြက္ထားၿပီးပါၿပီ။

အခုလည္း Samsung ရဲ႕ Galaxy S11 ေတြရဲ႕ (သတင္းထြက္ထားသလို ေျပာင္းလဲသြားမယ္ဆိုရင္ေတာ့ Galaxy S20 အျဖစ္ေခၚေဝၚရမွာပါ) ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ပတ္သက္ၿပီး ေဖာ္ျပလာၾကျပန္ပါၿပီ။ Galaxy S11e ဟာ 6.4-inch မ်က္ႏွာျပင္၊ Galaxy S11 ကေတာ့ 6.5-inch အ႐ြယ္အစားျဖစ္ၿပီး Galaxy S11+ ကေတာ့ 6.9-inch အထိ က်ယ္ျပန႔္မယ့္ မ်က္ႏွာျပင္အ႐ြယ္အစားရွိမယ္လို႔ သတင္းထြက္လာတာပါ။

ထုံးစံအတိုင္း ေပါက္ၾကားသတင္းေတြရဲ႕ ဘုရင္ႀကီး IceUniverse က ဒီသတင္းကို တြစ္တာမွာ ျဖန႔္ခဲ့တာပါ။ သူကေတာ့ ဒီသတင္းကို ေမာ္ဒယ္သုံးမ်ိဳးစလုံးရဲ႕ Screen protector (မ်က္ႏွာျပင္အကာ) ေတြနဲ႔အတူ တြဲၿပီးတင္ခဲ့ပါတယ္။ ဓါတ္ပုံထဲမွာလည္း Galaxy S11 ေမာ္ဒယ္သုံးမ်ိဳးရဲ႕ မ်က္ႏွာျပင္အကာေတြဟာ အထက္မွာေရးသားထားသလို အ႐ြယ္အစား ႀကီးစဥ္ငယ္လိုက္ ျဖစ္ေနတာကို ေတြ႕ရမွာပါ။

ဒီမ်က္ႏွာျပင္အကာေတြကေနတစ္ဆင့္ သိႏိုင္တာက Galaxy S11 ေတြရဲ႕ ေအာက္ဘက္ Bezel ေတြဟာ အေတာ္ေလးကို က်ဥ္းေျမာင္းမယ္ဆိုတာပါ။ ဒါ့အျပင္ S11 series ဟာ ကင္မရာပိုင္းမွာလည္း အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ထားမွာျဖစ္သလို ဒီေမာ္ဒယ္သုံးမ်ိဳးစလုံးဟာ Snapdragon 865 SoC အသုံးျပဳထားမွာျဖစ္ၿပီး ဥေရာပေဈးကြက္အတြက္ေတာ့ Exynos 990 SoC ကို အသုံးျပဳမယ္လို႔ ဆိုပါတယ္။ ေဖေဖာ္ဝါရီလနဲ႔ နီးကပ္လာၿပီျဖစ္တာေၾကာင့္ ပိုၿပီးတိက်ေသခ်ာတဲ့ သတင္းအခ်က္အလက္ေတြ ထြက္လာဦးမွာမို႔လို႔ နားစြင့္ထားဖို႔ပဲလိုပါေတာ့တယ္။

Ref: Phone Arena