[Zawgyi]

Samsung Galaxy S11 နဲ႔ပတ္သက္တဲ့သတင္းေတြကေတာ့ ၿပီးခဲ့တဲ့ ေမလဆန္းေလာက္ကတည္းက ထြက္ေပၚေနခဲ့တာပါ။ Code Name “Picasso” ျဖစ္တယ္လို႔ Ice Universe က ေျပာဆိုခဲ့တာပါ။ ဒီေနာက္ပိုင္းမွာလည္း Galaxy S11 ရဲ႕ ကင္မရာနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြက ဆက္တိုက္ဆိုသလို ထြက္ေပၚခဲ့ပါေသးတယ္။

Galaxy S11 ဟာ 108MP ကင္မရာနဲ႔အတူ 5x Optical Zoom လည္း ပါဝင္ဦးမယ္လို႔ သတင္းထြက္ထားတာပါ။ S11 ရဲ႕ Renders ပုံရိပ္အခ်ိဳ႕ထြက္ေပၚလာေတာ့ အဓိကကင္မရာ၊ Ultra wide, wide-angle နဲ႔ 5x telephoto စတာေတြကို တစ္တန္းတည္းေနရာခ်ထားၿပီး DepthVision camera, Flash စတာေတြကိုေအာက္ဖက္မွာ သီးသန႔္ခြဲထုတ္ထားတဲ့ ပုံစံျမင္ေတြ႕ခဲ့ရပါတယ္။

အခု ေအာက္တိုဘာလကုန္ပိုင္းေလာက္မွာေတာ့ Galaxy S11 ရဲ႕ အတြင္းအစိတ္အပိုင္းအေၾကာင္း သတင္းထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ ၂၀၂၀ မွာထြက္လာမယ့္ ဒီ Flagship ကို ေဈးကြက္ေပၚမူတည္ၿပီး Snapdragon 865 နဲ႔ Exynos 9830 ေတြသုံးထားမယ္လို႔ သတင္းထြက္ေပၚခဲ့တာပါ။

Snapdragon 865 ကေတာ့ အေမရိကန္နဲ႔ တ႐ုတ္ေဈးကြက္အတြက္ျဖစ္ၿပီး ႏိုင္ငံတကာေဈးကြက္အတြက္ Exynos 9830 လို႔ ဆိုလိုက္တာျဖစ္ပါတယ္။ ဒီသတင္းက ေကာလာဟလအဆင့္မွာပဲရွိေနေပမယ့္ ျဖစ္ႏိုင္ေျခရွိတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံး One UI 2.0 beta နဲ႔ ထြက္လာမယ္လို႔လည္း ဆိုထားပါေသးတယ္။

ေနာက္ထပ္ ထြက္ေပၚေနတဲ့သတင္းေတြကေတာ့ LPDDR5 memory ျဖစ္ၿပီး UFS 3.0 storage နဲ႔ 5G လည္း ေထာက္ပံ့ေပးဦးမယ္ဆိုတာပါ။ အေရွ႕ဘက္ကင္မရာနဲ႔ပတ္သက္တာကေတာ့ Punch-hole ဒီဇိုင္းပဲ ဆက္သြားမလား၊ ဒါမွမဟုတ္ Elevating အမ်ိဳးအစားပဲ ျဖစ္လာမလားဆိုတာကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref: GSM Arena

[Unicode]

Samsung Galaxy S11 မှာ Exynos 9830 ဒါမှမဟုတ် Snapdragon 865 သုံးထားမယ်လို့ သတင်းထွက်ပေါ်လာ

Samsung Galaxy S11 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ ပြီးခဲ့တဲ့ မေလဆန်းလောက်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ Code Name “Picasso” ဖြစ်တယ်လို့ Ice Universe က ပြောဆိုခဲ့တာပါ။ ဒီနောက်ပိုင်းမှာလည်း Galaxy S11 ရဲ့ ကင်မရာနဲ့ပတ်သက်တဲ့ ကောလာဟလတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါသေးတယ်။

Galaxy S11 ဟာ 108MP ကင်မရာနဲ့အတူ 5x Optical Zoom လည်း ပါဝင်ဦးမယ်လို့ သတင်းထွက်ထားတာပါ။ S11 ရဲ့ Renders ပုံရိပ်အချို့ထွက်ပေါ်လာတော့ အဓိကကင်မရာ၊ Ultra wide, wide-angle နဲ့ 5x telephoto စတာတွေကို တစ်တန်းတည်းနေရာချထားပြီး DepthVision camera, Flash စတာတွေကိုအောက်ဖက်မှာ သီးသန့်ခွဲထုတ်ထားတဲ့ ပုံစံမြင်တွေ့ခဲ့ရပါတယ်။

အခု အောက်တိုဘာလကုန်ပိုင်းလောက်မှာတော့ Galaxy S11 ရဲ့ အတွင်းအစိတ်အပိုင်းအကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ မှာထွက်လာမယ့် ဒီ Flagship ကို ဈေးကွက်ပေါ်မူတည်ပြီး Snapdragon 865 နဲ့ Exynos 9830 တွေသုံးထားမယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

Snapdragon 865 ကတော့ အမေရိကန်နဲ့ တရုတ်ဈေးကွက်အတွက်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်အတွက် Exynos 9830 လို့ ဆိုလိုက်တာဖြစ်ပါတယ်။ ဒီသတင်းက ကောလာဟလအဆင့်မှာပဲရှိနေပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံး One UI 2.0 beta နဲ့ ထွက်လာမယ်လို့လည်း ဆိုထားပါသေးတယ်။

နောက်ထပ် ထွက်ပေါ်နေတဲ့သတင်းတွေကတော့ LPDDR5 memory ဖြစ်ပြီး UFS 3.0 storage နဲ့ 5G လည်း ထောက်ပံ့ပေးဦးမယ်ဆိုတာပါ။ အရှေ့ဘက်ကင်မရာနဲ့ပတ်သက်တာကတော့ Punch-hole ဒီဇိုင်းပဲ ဆက်သွားမလား၊ ဒါမှမဟုတ် Elevating အမျိုးအစားပဲ ဖြစ်လာမလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: GSM Arena