Unicode

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နောက်လာမယ့်နှစ်အတွက် Samsung ရဲ့ ပထမဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S11 Series စမတ်ဖုန်းတွေထဲက Galaxy S11+ မှာပါဝင်လာမယ့် Battery Information တွေပေါက်ကြားခဲ့ပါတယ်။ အဆိုပါ သတင်းအရ Galaxy S11+ ဟာ Samsung Flagship ဖုန်းတွေထဲမှာ Battery Capacity အများဆုံးလို့ ပြောလို့ရတဲ့ 5000mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။

အခုလည်း Galaxy S11 ဖုန်းရဲ့ Battery Information တွေ ပေါက်ကြားလာခဲ့ပြန်ပါပြီ။ ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့ သတင်းကလည်း SafetyKorea ကနေပဲ ပေါက်ကြားလာတာဖြစ်ပြီး Battery Certified ဖြစ်သွားပြီဖြစ်တဲ့အတွက် ကျိန်းသေတဲ့သတင်းတစ်ခုလို့ ပြောရမှာပါ။

ဒီသတင်းအရ Galaxy S11 မှာ 4500mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ မနှစ်တုန်းက Galaxy S10 ရဲ့ 3400mAh Battery နဲ့ ယှဥ်ရင် အများကြီးကို ပိုတိုးတက်လာတာပဲဖြစ်ပါတယ်။ အခု S11 ရဲ့ Battery Model Number ကလည်း EB-BG985ABY ဖြစ်တဲ့အတွက် S11 ရဲ့ Model Number SM-G985 နဲ့ ကိုက်ညီနေတာလည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် S11 မှာတောင် 4500mAh Battery ပါဝင်လာတာက လက်ရှိ Galaxy Note 10+ တို့နဲ့ တူညီသလို အားရဖို့ကောင်းတဲ့အချက်လည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy S11 ဖုန်းဟာ 6.7″ 120Hz QHD+ Dynamic AMOLED Display ၊ Snapdragon 865 သို့မဟုတ် Exynos 9830 Processor ၊ RAM 8GB LPDDR5 ၊ 512GB UFS 2.0 Storage တွေပါဦးမှာဖြစ်တဲ့အပြင် 108MP Primary Sensor လည်းတပ်ဆင်ထားမှာဖြစ်တဲ့ Battery Life ပိုင်းမှာ ပိုကောင်းလာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena

Zawgyi





Ref – GSM Arena