Unicode

Samsung ရဲ့ နောက်လာမယ့် ၂၀၂၀ အတွက် Flagship ဖုန်းတွေဖြစ်လာမယ့် S11 Series ဖုန်းတွေဟာ မိတ်ဆက်ဖို့အချိန်လိုသေးတယ်ဆိုပေမယ့် Leak သတင်းတွေကတော့ ဆက်တိုက်ကို ထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း Safety Korea ကနေ Battery နဲ့ သက်ဆိုင်တဲ့သတင်းတစ်ခုထပ်ပြီး ထွက်ရှိလာပြန်ပါပြီ။

အခုသတင်းအရတော့ Samsung Galaxy S11+ စမတ်ဖုန်းဟာ ကြီးမားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Samsung Galaxy S11+ မှာ ပါဝင်တဲ့ Battery လို့ယူဆရတဲ့ Battery Model Number က EB-BG988ABY ဖြစ်ပြီး Geekbench မှာ ပေါက်ကြားခဲ့ဖူးတဲ့ Galaxy S11+ ရဲ့ Model Number ဖြစ်တဲ့ SM-G988 နဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။

Battery ရဲ့ ဓါတ်ပုံမှာလည်း Minimal Capacity 4885mAh နဲ့ Typical Capacity 5000mAh ရှိတယ်လို့ အတည်ပြုထားပြီးတော့ ဒီ ပမာဏဟာ ယခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Galaxy S10+ ရဲ့ 4100mAh Battery နဲ့ ယှဥ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

ဒ့ါအပြင် S11+ မှာသာ 5000mAh Battery ပါဝင်လာရင် လက်ရှိ Samsung Flagship ဖုန်းတွေထဲမှာ Battery ပမာဏအများဆုံးဖုန်းလည်းဖြစ်လာမှာပါ။ လောလောဆယ်မှာဆိုရင် Galaxy M20 နဲ့ M30 ဖုန်းတွေပဲ 5000mAh Battery ပါဝင်တဲ့ Samsung ဖုန်းဖြစ်နေပြီးတော့ Galaxy M30s ကပဲ 6000mAh Battery နဲ့ Battery ပမာဏအများဆုံးဖြစ်နေတာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S11+ ဟာ 6.9″ QHD+ 120Hz Dynamic AMOLED Display ၊ Snapdragon 865/Exynos 990 Processor နဲ့ 108MP Camera တွေပါဝင်မှာဖြစ်တဲ့အတွက် မနှစ်က S10+ ထက် ဘယ်လောက်ပိုပြီး Battery ပိုခံနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena

Zawgyi

Samsung ရဲ႕ ေနာက္လာမယ့္ ၂၀၂၀ အတြက္ Flagship ဖုန္းေတြျဖစ္လာမယ့္ S11 Series ဖုန္းေတြဟာ မိတ္ဆက္ဖို႔အခ်ိန္လိုေသးတယ္ဆိုေပမယ့္ Leak သတင္းေတြကေတာ့ ဆက္တိုက္ကို ထြက္ရွိေနတာျဖစ္ပါတယ္။ အခုလည္း Safety Korea ကေန Battery နဲ႔ သက္ဆိုင္တဲ့သတင္းတစ္ခုထပ္ၿပီး ထြက္ရွိလာျပန္ပါၿပီ။

အခုသတင္းအရေတာ့ Samsung Galaxy S11+ စမတ္ဖုန္းဟာ ႀကီးမားတဲ့ 5000mAh Battery ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီ Samsung Galaxy S11+ မွာ ပါဝင္တဲ့ Battery လို႔ယူဆရတဲ့ Battery Model Number က EB-BG988ABY ျဖစ္ၿပီး Geekbench မွာ ေပါက္ၾကားခဲ့ဖူးတဲ့ Galaxy S11+ ရဲ႕ Model Number ျဖစ္တဲ့ SM-G988 နဲ႔လည္း ကိုက္ညီေနတာျဖစ္ပါတယ္။

Battery ရဲ႕ ဓါတ္ပုံမွာလည္း Minimal Capacity 4885mAh နဲ႔ Typical Capacity 5000mAh ရွိတယ္လို႔ အတည္ျပဳထားၿပီးေတာ့ ဒီ ပမာဏဟာ ယခုႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ Galaxy S10+ ရဲ႕ 4100mAh Battery နဲ႔ ယွဥ္ရင္ သိသိသာသာကို တိုးတက္လာတာျဖစ္ပါတယ္။

ဒ့ါအျပင္ S11+ မွာသာ 5000mAh Battery ပါဝင္လာရင္ လက္ရွိ Samsung Flagship ဖုန္းေတြထဲမွာ Battery ပမာဏအမ်ားဆုံးဖုန္းလည္းျဖစ္လာမွာပါ။ ေလာေလာဆယ္မွာဆိုရင္ Galaxy M20 နဲ႔ M30 ဖုန္းေတြပဲ 5000mAh Battery ပါဝင္တဲ့ Samsung ဖုန္းျဖစ္ေနၿပီးေတာ့ Galaxy M30s ကပဲ 6000mAh Battery နဲ႔ Battery ပမာဏအမ်ားဆုံးျဖစ္ေနတာပါ။

ဘာပဲျဖစ္ျဖစ္ Samsung Galaxy S11+ ဟာ 6.9″ QHD+ 120Hz Dynamic AMOLED Display ၊ Snapdragon 865/Exynos 990 Processor နဲ႔ 108MP Camera ေတြပါဝင္မွာျဖစ္တဲ့အတြက္ မႏွစ္က S10+ ထက္ ဘယ္ေလာက္ပိုၿပီး Battery ပိုခံႏိုင္မလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena