[Unicode]

နိုဝင်ဘာလကုန်ပိုင်းတုန်းက Samsung Galaxy S11e ရဲ့ Renders တွေ ထွက်ပေါ်လာခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ မိတ်ဆက်လာမယ်ဆိုတဲ့ ဒီဟန်းဆက်ဟာ Galaxy S11 Series တွေထဲမှာတော့ ဈေးအချိုဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ Galaxy S10e ထက်တော့ ပိုကောင်းလာတာ အသေအချာပါပဲ။

တရုတ် 3C ကနေ ထွက်လာတဲ့စာရွက်စာတမ်းတွေအရ Samsung Galaxy S11e ဟာ 5G ချိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။ မော်ဒယ်နံပါတ် SM-G9810 အနေနဲ့3C မှာ တွေ့မြင်ရတာပါ။ ဒီနှစ်ထဲမှာ ပရီမီယံဖြစ်တဲ့ Galaxy S10 5G ကိုပဲထုတ်ခဲ့ပေမယ့် လာမယ့်နှစ်ရဲ့ Galaxy S11 မိသားစုဝင်အားလုံးကိုတော့ 5G အမျိုးအစားအဖြစ် ထုတ်သွားဖွယ် ရှိနေပါတယ်။

Galaxy S11e ဟာ ဈေးနှုန်းချိုသာတဲ့ အမျိုးအစားဖြစ်ပေမယ့် 25W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားဦးမှာပါ။ S10e တုန်းက 15W ပဲဖြစ်ခဲ့တာကြောင့် S11e အတွက် တိုးမြှင့်ပေးလိုက်တာက စိတ်ကျေနပ်စရာ အတော်ကောင်းတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် ဒီစနစ်ဟာ USB Power Delivery ကို အခြေခံထားတာကြောင့် Charger အတော်များများနဲ့ အဆင်ပြေပါတယ်။

လက်ရှိအချိန်အထိသိရသလောက်က Galaxy S11e ဟာ Curved Display မှာ Punch-hole နဲ့အတူ Selfie ကင်မရာတပ်ဆင်ပေးထားမှာပါ။ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ပေးထားမှာဖြစ်ပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။ ကောလာဟလထွက်ထားတာကတော့ 108MP အဓိကကင်မရာကို Ultra wide, Telephoto တို့နဲ့ တွဲပေးထားမယ်ဆိုတာပါ။

3.5mm Audio Jack ပါဝင်တော့မှာမဟုတ်ဘဲ In-display fingerprint လည်းဖြစ်လာမယ်လို့ သိရပါတယ်။ Exynos 990 Processor ကို 6GB of RAM နဲ့ တွဲဖက်ထားမယ်လို့လည်း သတင်းထွက်ထားပါတယ်။ သိုလှောင်မှုကိုတော့ 128GB နဲ့ 256GB နှစ်မျိုး ပေးထားပြီး ဘက်ထရီကတော့ 4000mAh ပမာဏလို့ သိရပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy S11e မွာ 5G ခ်ိတ္ဆက္မႈနဲ႔ 25W အျမန္အားသြင္းစနစ္ေတြ ပါဝင္လာ

ႏိုဝင္ဘာလကုန္ပိုင္းတုန္းက Samsung Galaxy S11e ရဲ႕ Renders ေတြ ထြက္ေပၚလာခဲ့ပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းမွာ မိတ္ဆက္လာမယ္ဆိုတဲ့ ဒီဟန္းဆက္ဟာ Galaxy S11 Series ေတြထဲမွာေတာ့ ေဈးအခ်ိဳဆုံး ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကထြက္ခဲ့တဲ့ Galaxy S10e ထက္ေတာ့ ပိုေကာင္းလာတာ အေသအခ်ာပါပဲ။

တ႐ုတ္ 3C ကေန ထြက္လာတဲ့စာ႐ြက္စာတမ္းေတြအရ Samsung Galaxy S11e ဟာ 5G ခ်ိတ္ဆက္ႏိုင္တယ္လို႔ သိရပါတယ္။ ေမာ္ဒယ္နံပါတ္ SM-G9810 အေနနဲ႔3C မွာ ေတြ႕ျမင္ရတာပါ။ ဒီႏွစ္ထဲမွာ ပရီမီယံျဖစ္တဲ့ Galaxy S10 5G ကိုပဲထုတ္ခဲ့ေပမယ့္ လာမယ့္ႏွစ္ရဲ႕ Galaxy S11 မိသားစုဝင္အားလုံးကိုေတာ့ 5G အမ်ိဳးအစားအျဖစ္ ထုတ္သြားဖြယ္ ရွိေနပါတယ္။

Galaxy S11e ဟာ ေဈးႏႈန္းခ်ိဳသာတဲ့ အမ်ိဳးအစားျဖစ္ေပမယ့္ 25W အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားဦးမွာပါ။ S10e တုန္းက 15W ပဲျဖစ္ခဲ့တာေၾကာင့္ S11e အတြက္ တိုးျမႇင့္ေပးလိုက္တာက စိတ္ေက်နပ္စရာ အေတာ္ေကာင္းတယ္လို႔ ဆိုရပါမယ္။ ဒါ့အျပင္ ဒီစနစ္ဟာ USB Power Delivery ကို အေျခခံထားတာေၾကာင့္ Charger အေတာ္မ်ားမ်ားနဲ႔ အဆင္ေျပပါတယ္။

လက္ရွိအခ်ိန္အထိသိရသေလာက္က Galaxy S11e ဟာ Curved Display မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတပ္ဆင္ေပးထားမွာပါ။ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ေပးထားမွာျဖစ္ေပမယ့္ အေသးစိတ္ေတာ့ မသိရေသးပါဘူး။ ေကာလာဟလထြက္ထားတာကေတာ့ 108MP အဓိကကင္မရာကို Ultra wide, Telephoto တို႔နဲ႔ တြဲေပးထားမယ္ဆိုတာပါ။

3.5mm Audio Jack ပါဝင္ေတာ့မွာမဟုတ္ဘဲ In-display fingerprint လည္းျဖစ္လာမယ္လို႔ သိရပါတယ္။ Exynos 990 Processor ကို 6GB of RAM နဲ႔ တြဲဖက္ထားမယ္လို႔လည္း သတင္းထြက္ထားပါတယ္။ သိုေလွာင္မႈကိုေတာ့ 128GB နဲ႔ 256GB ႏွစ္မ်ိဳး ေပးထားၿပီး ဘက္ထရီကေတာ့ 4000mAh ပမာဏလို႔ သိရပါတယ္။

Ref: GSM Arena