Unicode

Samsung ရဲ့မကြာခင်မိတ်ဆက်လာမယ့် Galaxy S20 လိုင်းအပ်ဟာ အခုရက်ပိုင်းမှာ သတင်းထွက်ရှိမှု ပိုစိပ်လာပြီး ယနေ့ Geekbench ပေါ်မှာ ထွက်ပေါ်လာတာကတော့ Galaxy S20 5G ပဲဖြစ်ပါတယ်။

Galaxy S20 ဖုန်းဟာ အခုထွက်လာမယ့် S20 စီးရီးဝင် စမတ်ဖုန်းသုံးလုံးထဲမှာ အငယ်ဆုံးဖြစ်ပြီး Geekbench ပေါ်ကို Galaxy S20 5G ဆိုတဲ့ အမည်နဲ့ရောက်လာခဲ့တယ်။ ဒီဖုန်းမှာ 6.2” လက်မအရွယ် Screen နဲ့ 4,000 mAh ဘက္ထရီတို့ ပါဝင်လာပြီး ပိုအရွယ်ကြီးတဲ့ S20+ နဲ့ S20 Ultra တို့လိုပဲ Snapdragon 865 သို့မဟုတ် Exynos 9830 ချစ်ပ်ဆက်တွေကိုပဲ အသုံးပြုလာမှာပါ။

Geekbench ပေါ်ကိုရောက်လာခဲ့တဲ့ ဟန်းဆက်မှာ မော်ဒယ်နံပါတ် SM-G981U လို့ပေးထားတာကို မြင်ခဲ့ရပြီး Snapdragon 865 ဗားရှင်းဖြစ်ပါတယ်။ သူ့ကိုအဖော်လုပ်လာတာကတော့ S20 ဖုန်းအားလုံးမှာ အခြေခံမန်မိုရီအဖြစ် ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ 12GB RAM ဖြစ်ပါတယ်။

S20 ရဲ့ ကျန်သေးတဲ့ Specs တွေကတော့ ကောလာဟလအဆင့်ပဲရှိသေးပေမယ့် သူ့မှာ 12MP အဓိက ကင်မရာ၊ 64MP Telephoto နဲ့ 12MP Ultrawide Sensor တို့ပါဝင်တဲ့ နောက်ဘက် Triple-cam ပါဝင်မယ်လို့တော့ ယူဆရပါတယ်။ S20 စီးရီးကို လာမယ့်ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy Z Flip နဲ့အတူ မိတ်ဆက်လာမှာပါ။

Ref – GSM Arena

Zawgyi





Ref – GSM Arena