[Unicode]

Samsung က ၁ လအတွင်းမှာ Galaxy S20 Series တွေကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ XDA Developer က စာရေးသူ Max Weinbach က Galaxy S20 ဖုန်း ၅ လုံးထွက်လာမယ်လို့ တွစ်တာမှာ မျှဝေလိုက်ပါတယ်။ အဲဒီဖုန်းတွေက Galaxy S20, Galaxy S20 5G, Galaxy S20+, Galaxy S20+ 5G နဲ့ Galaxy S20 Ultra 5G တို့ ဖြစ်ပါတယ်။ Snapdragon 865 ပါတဲ့ ဖုန်း အားလုံးမှာ 5G ပါလာမှာပါ။ 5G မပါတဲ့ မော်ဒယ်မှာ Exynos 990 ထည့်ထားနိုင်ပါတယ်။

Max က Galaxy S20+ 5G ရဲ့ ဓါတ်ပုံတွေကိုလည်း မျှဝေလိုက်ပြီး ဒီဇိုင်းကို သိလာရပါပြီ။ အရှေ့ ကင်မရာ ၂ လုံးအတွက် မျက်နှာပြင်ရဲ့ ဘယ်ဘက် အထက်မှာ ဆေးတောင့်ပုံ Punch Hole မပါတော့ဘဲ အလယ်မှာပဲ ကင်မရာ ၁ လုံးပါလာပါတယ်။ Max က အရင်မျိုးဆက် Galaxy S10+ လောက် မျက်နှာပြင်က မကွေးညွှတ်ဘူးလို့ ပြောပါတယ်။ Samsung က မျက်နှာပြင်အတွက် 2.5D Glass ကို သုံးတဲ့အတွက် ဒီလို ဖြစ်သွားတာပါ။

Galaxy S20+ မှာ Bixby Button မပါတော့တဲ့အတွက် ခလုတ်တွေ ပိုနည်းသွားပါတယ်။ အနောက်ဘက်မှာ မြင်နေကျမဟုတ်တဲ့ လေးထောင့်ပုံ ကင်မရာ အကွက် ပါလာပြီး ကင်မရာ ၃ လုံးကို ဘယ်ဘက်မှာ ဒေါင်လိုက်နဲ့ နောက် ၁ လုံးကို ညာဘက်မှာ LED Flash နဲ့ မိုက်ကရိုဖုန်းကြားမှာ ထည့်သွင်းထားပါတယ်။
Processor မတူတာ အပြင် Galaxy S20+ နဲ့ Galaxy S20+ 5G ကြားမှာ ဘာတွေကွဲပြားမလဲဆိုတာ မသိရသေးပါဘူး။ Max က ဗီဒီယို အပါအဝင် အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ သူ့ဆီမှာ ရှိတယ်လို့ ပြောထားတဲ့အတွက် ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပါ။

Ref : gizmochina

[Zawgyi]

Samsung Galaxy S20+ 5G ရဲ႕ ဓါတ္ပုံေတြ ထြက္ေပၚလာ

Samsung က ၁ လအတြင္းမွာ Galaxy S20 Series ေတြကို ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ XDA Developer က စာေရးသူ Max Weinbach က Galaxy S20 ဖုန္း ၅ လုံးထြက္လာမယ္လို႔ တြစ္တာမွာ မွ်ေဝလိုက္ပါတယ္။ အဲဒီဖုန္းေတြက Galaxy S20, Galaxy S20 5G, Galaxy S20+, Galaxy S20+ 5G နဲ႔ Galaxy S20 Ultra 5G တို႔ ျဖစ္ပါတယ္။ Snapdragon 865 ပါတဲ့ ဖုန္း အားလုံးမွာ 5G ပါလာမွာပါ။ 5G မပါတဲ့ ေမာ္ဒယ္မွာ Exynos 990 ထည့္ထားႏိုင္ပါတယ္။

Max က Galaxy S20+ 5G ရဲ႕ ဓါတ္ပုံေတြကိုလည္း မွ်ေဝလိုက္ၿပီး ဒီဇိုင္းကို သိလာရပါၿပီ။ အေရွ႕ ကင္မရာ ၂ လုံးအတြက္ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ အထက္မွာ ေဆးေတာင့္ပုံ Punch Hole မပါေတာ့ဘဲ အလယ္မွာပဲ ကင္မရာ ၁ လုံးပါလာပါတယ္။ Max က အရင္မ်ိဳးဆက္ Galaxy S10+ ေလာက္ မ်က္ႏွာျပင္က မေကြးၫႊတ္ဘူးလို႔ ေျပာပါတယ္။ Samsung က မ်က္ႏွာျပင္အတြက္ 2.5D Glass ကို သုံးတဲ့အတြက္ ဒီလို ျဖစ္သြားတာပါ။

Galaxy S20+ မွာ Bixby Button မပါေတာ့တဲ့အတြက္ ခလုတ္ေတြ ပိုနည္းသြားပါတယ္။ အေနာက္ဘက္မွာ ျမင္ေနက်မဟုတ္တဲ့ ေလးေထာင့္ပုံ ကင္မရာ အကြက္ ပါလာၿပီး ကင္မရာ ၃ လုံးကို ဘယ္ဘက္မွာ ေဒါင္လိုက္နဲ႔ ေနာက္ ၁ လုံးကို ညာဘက္မွာ LED Flash နဲ႔ မိုက္က႐ိုဖုန္းၾကားမွာ ထည့္သြင္းထားပါတယ္။
Processor မတူတာ အျပင္ Galaxy S20+ နဲ႔ Galaxy S20+ 5G ၾကားမွာ ဘာေတြကြဲျပားမလဲဆိုတာ မသိရေသးပါဘူး။ Max က ဗီဒီယို အပါအဝင္ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြ သူ႔ဆီမွာ ရွိတယ္လို႔ ေျပာထားတဲ့အတြက္ ဆက္လက္ေစာင့္ေမွ်ာ္ၾကည့္ရႈရမွာပါ။

Ref : gizmochina