သတင်းတွေ အရမ်းဟော့နေတဲ့ Samsung Galaxy S20 Series ကို ကြေညာလိုက်ပါပြီ။  S20+ မှာ 120Hz Refresh Rate ပါတဲ့ ၆.၇ လက်မ 1440p+ Dynamic AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 20:9 အချိုးရှိတဲ့အတွက် အရင်ကထက် ပိုရှည်လာပါတယ်။ အနောက်ဘက် ပင်မ ကင်မရာဟာ 12MP ဖြစ်ပြီး OIS ပါလာပါတယ်။ Zoom ကင်မရာတွေထဲမှာ Resolution အမြင့်ဆုံး ဖြစ်တဲ့ 64MP Telephoto ကင်မရာပါလာပါတယ်။ Samsung က 3x Hybrid Zoom လို့ ခေါ်ပြီး 30x “Super Resolution Zoom” အထိ ပံ့ပိုးပေးပါတယ်။ အဲဒီ ကင်မရာမှာလည်း OIS ပါပါတယ်။

64MP ကင်မရာက 8K ဗီဒီယို ရိုက်ကူးပေးနိုင်ပြီး S20 Series ၃ လုံးဟာ 8K ဗီဒီယို ရိုက်ကူးနိုင်တဲ့ ပထမဆုံး ဖုန်းတွေဖြစ်ပါတယ်။ 12MP Ultrawide Angle ကင်မရာနဲ့ Depth အခြေပြု Effects ၊ Portrait Shots တွေအတွက် DepthVision ကင်မရာ ထည့်ပေးထားပါတယ်။

S20+ မှာ နိုင်ငံအလိုက် Snapdragon 865 or Exynos 990 Chipset မောင်းနှင်ထားမှာပါ။ 5G ပါလာပေမယ့် တချို့နိုင်ငံတွေအတွက် 4G မော်ဒယ်ကိုလည်း ရောင်းပေးမှာပါ။ 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ ရပါတယ်။ 25W Wired Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ 15W Fast Wireless Charging ပါလာသလို တခြား ကိရိယာတွေကို ကြိုး ၊ ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ 8/128GB မော်ဒယ်ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၇ သိန်းကျော်ရှိပါတယ်။ ဒီထက် Memory ပိုများတာ လိုချင်ရင် 12/512GB အထိ ရွေးချယ်နိုင်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှာ ရောင်းမှာပါ။ 4G မော်ဒယ်အတွက် 8/128GB ပဲ ပါပါတယ်။

Ref : gsmarena