[Unicode]

မကြာခင်က Galaxy S20 ရဲ့ အပြာရောင် ဓါတ်ပုံထွက်ပေါ်လာခဲ့ပြီး အခုတော့ ဓါတ်ပုံအသစ်တွေ ထပ်မံတွေ့လာရပါတယ်။ ဓါတ်ပုံတွေမှာ ပန်းရောင်နဲ့ အညိုရောင်တွေကို မြင်ရပါတယ်။ S20 Series ၃ လုံးရဲ့ Official Cover Cases ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပြီး အရင်ထွက်ခဲ့တဲ့ Cases တွေနဲ့ တူညီနေပါတယ်။

XDA Developer က စာရေးသူ Max Weinbach က Galaxy S20 ဖုန်း ၅ လုံးထွက်လာမယ်လို့ တွစ်တာမှာ မကြာခင်က မျှဝေခဲ့ပါတယ်။ အဲဒီဖုန်းတွေက Galaxy S20, Galaxy S20 5G, Galaxy S20+, Galaxy S20+ 5G နဲ့ Galaxy S20 Ultra 5G တို့ ဖြစ်ပါတယ်။ Snapdragon 865 ပါတဲ့ ဖုန်း အားလုံးမှာ 5G ပါလာမှာဖြစ်ပြီး 5G မပါတဲ့ မော်ဒယ်မှာ Exynos 990 ထည့်ထားနိုင်ပါတယ်။

Samsung နောက်ထုတ်မယ့် စွမ်းရည်မြင့် Galaxy S20 Series တွေမှာ နည်းပညာ အသစ်များစွာ ပါလာနိုင်ပါတယ်။ အနောက်ကင်မရာတွေက အလန်းဆုံး အစိတ်အပိုင်းတွေဖြစ်လာမှာပါ။ လာမယ့်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ Galaxy S20 Series တွေနဲ့အတူ Galaxy Z Flip ကို ကြေညာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy S20 ရဲ႕ အညိဳနဲ႔ ပန္းေရာင္ေတြ ထြက္ေပၚလာ

မၾကာခင္က Galaxy S20 ရဲ႕ အျပာေရာင္ ဓါတ္ပုံထြက္ေပၚလာခဲ့ၿပီး အခုေတာ့ ဓါတ္ပုံအသစ္ေတြ ထပ္မံေတြ႕လာရပါတယ္။ ဓါတ္ပုံေတြမွာ ပန္းေရာင္နဲ႔ အညိဳေရာင္ေတြကို ျမင္ရပါတယ္။ S20 Series ၃ လုံးရဲ႕ Official Cover Cases ဓါတ္ပုံေတြလည္း ထြက္ေပၚလာၿပီး အရင္ထြက္ခဲ့တဲ့ Cases ေတြနဲ႔ တူညီေနပါတယ္။

XDA Developer က စာေရးသူ Max Weinbach က Galaxy S20 ဖုန္း ၅ လုံးထြက္လာမယ္လို႔ တြစ္တာမွာ မၾကာခင္က မွ်ေဝခဲ့ပါတယ္။ အဲဒီဖုန္းေတြက Galaxy S20, Galaxy S20 5G, Galaxy S20+, Galaxy S20+ 5G နဲ႔ Galaxy S20 Ultra 5G တို႔ ျဖစ္ပါတယ္။ Snapdragon 865 ပါတဲ့ ဖုန္း အားလုံးမွာ 5G ပါလာမွာျဖစ္ၿပီး 5G မပါတဲ့ ေမာ္ဒယ္မွာ Exynos 990 ထည့္ထားႏိုင္ပါတယ္။

Samsung ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ Galaxy S20 Series ေတြမွာ နည္းပညာ အသစ္မ်ားစြာ ပါလာႏိုင္ပါတယ္။ အေနာက္ကင္မရာေတြက အလန္းဆုံး အစိတ္အပိုင္းေတြျဖစ္လာမွာပါ။ လာမယ့္လမွာ က်င္းပမယ့္ Samsung Unpacked Event မွာ Galaxy S20 Series ေတြနဲ႔အတူ Galaxy Z Flip ကို ေၾကညာမယ္လို႔ ထင္ပါတယ္။

Ref : gsmarena