Samsung ဟာ သိပ်မကြာခင်မှာပဲ Galaxy S20 Fan Edition ကို စတင်မိတ်ဆက်တော့မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုပေါင်းများစွာကိုလည်း တွေ့မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ S20 FE ဟာ TENAA ကိုရောက်ရှိလို့လာခဲ့ပါပြီ။

Galaxy S20 Fan Edition 5G ကို TENAA မှာ မော်ဒယ်နံပါတ် SM-G7810 နဲ့အတူ တွေ့မြင်ရတာဖြစ်ပြီး 6.5-inch မျက်နှာပြင်၊ 4,500mAh ဘက်ထရီ၊ 15W အားသွင်းစနစ် စတဲ့အချက်အလက်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်ဟာ Dual SIM ထည့်သွင်းအသုံးပြုနိုင်တာကိုလည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒီဟန်းဆက်ရဲ့အရွယ်အစားဟာ 159.8×74.5×8.4(mm) ဖြစ်တာကြောင့် Galaxy S20 နဲ့ Galaxy S20+ တို့ရဲ့ ကြားမှာ ရှိနေတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ပေါက်ကြားမှုမှာတော့ Galaxy S20 FE ဟာ Gorilla Glass 3 120Hz SuperAMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 32MP selfie ကင်မရာတပ်ဆင်ပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကျောဘက်မှာတော့ 12MP အဓိကင်မရာနဲ့ 12MP ulterwide, 3x optical zoom နဲ့ 8MP telephoto ကင်မရာတို့ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ S20 FE ဟာ 4G နဲ့ 5G ဗားရှင်းနှစ်မျိုးလုံးရှိမှာဖြစ်ပြီး Exynos 990 ဒါမှမဟုတ် Snapdragon 865 ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အရောင်ကတော့ ၆ မျိုးအထိ ရရှိနိုင်မယ်လို့လည်း သိရပါတယ်။

Ref: GSM Arena