Samsung Galaxy S20 FE (Fan Edition) ရဲ့ သတင်းတွေ ထွက်နေတာ ကြာနေပြီ ဖြစ်ပြီး ဓါတ်ပုံတွေနဲ့ Specs တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း အဲဒီဖုန်းရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပါတယ်။

Evan Blass က မျှဝေထားတာ ဖြစ်ပြီး Samsung Galaxy S20 FE ရဲ့ အရှေ့ဘက်မှာ Punch Hole မျက်နှာပြင် ပါလာပါတယ်။ အရှေ့ ကင်မရာကို မျက်နှာပြင်ရဲ့ အထက် အလယ်မှာ ထည့်သွင်းထားပြီး မျက်နှာပြင်ဟာ အရှေ့ဘက် ဧရိယာ ၁ ခုလုံးနီးပါးကို ဖုံးအုပ်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပြီး အောက်ကဘောင်ဟာလည်း နည်းနည်းလေးပဲ ပိုထူပါတယ်။

ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ပါဝါခလုတ်နဲ့ အသံခလုတ်တွေကို တွေ့ရပြီး ဘယ်ဘက်ခြမ်းမှာ ဘာခလုတ်မှ မတွေ့ရပါဘူး။ ဓါတ်ပုံအရ အဲဒီ သတင်းအချက်အလက်တွေကိုပဲ သိရသေးပြီး မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။ Samsung Galaxy S20 FE ဟာ Galaxy S10 Lite ရဲ့ မျိုးဆက် ဖြစ်လာနိုင်ပေမယ့် ဆန်းသစ်မှု အသစ်တွေ ပါလာမှာပါ။

Ref : gizmochina