တောင်ကိုရီးယားက Samsung Galaxy S20 အတွက် Update ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Google ရဲ့ ဇူလိုင် ၁ ရက်အတွက် Security Patch ပါလာပါတယ်။ Samsung ဟာ Update ဖြန့်ချိရာမှာ နောက်ကျလေ့ရှိတဲ့အတွက် အခုလို စောစောစီးစီး ထုတ်ပေးလိုက်တာ အံ့အားသင့်စရာပါ။

Update ရဲ့ Build Number ဟာ G988*KSU1ATFD ဖြစ်ပြီး 381MB ကျော်ရှိပါတယ်။ Update မှာ ကင်မရာ စွမ်းရည် အသစ်တွေ ထည့်ထားပါတယ်။  Changelog မှာ Digital Zoom Images တွေရဲ့ ရုပ်ပုံ အရည်အသွေးဟာ တိုးတက်လာပြီး ဗီဒီယို Stabilization  ပိုလန်းလာတယ်လို့ ဖော်ပြထားပါတယ်။ Voice Recording App ဟာ အခုဆိုရင် Bluetooth Device Microphone ကနေ အသံ ဖမ်းယူပေးနိုင်လာပါတယ်။

OTA ကနေ အင်စတောလုပ်နိုင်ပြီး Samsung ဟာ Android Auto ကို ယှဉ်ပြိုင်မယ့် MirrorLink ကို Support မပေးတော့ပါဘူး။ User တွေဟာ MirrorLink ကို အရင်လို ဆက်လက် အသုံးပြုလို့ ရနေပေမယ့် Update မရတော့ပါဘူး။ Galaxy S20 အတွက် အဲဒီ Update ကို တခြား နိုင်ငံတွေအတွက် မကြာခင် ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gsmarena