Samsung ကနေ Galaxy S20 Series စမတ်ဖုန်းတွေကို ယခုနှစ်အတွက် အစောဆုံး Flagship ဖုန်းတွေအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Galaxy S20 Series ဖုန်းတွေဟာ ယခင် S Series ဖုန်းတွေထက် သိသိသာသာကို Camera ပိုင်းကို အားစိုက်ခဲ့တာဖြစ်ပေမယ့်လည်း ထင်ထားသလိုမဖြစ်ခဲ့တဲ့ပုံစံပါပဲ။

အစောပိုင်းတုန်းကလည်း 108MP Primary Sensor အပြင် 100x Space Zoom လိုမျိုး Feature တွေပါဝင်တဲ့ Galaxy S20 Ultra ဖုန်းကလည်း Camera ပိုင်းကို DxOMark ကနေ စစ်ဆေးတဲ့အချိန်မှာ နံပါတ် (၇) နေရာမှာပဲ ရမှတ် ၁၂၂ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei P40 Pro လိုမျိုးဖုန်းတွေအပြင် Xiaomi Mi 10 Pro လိုမျိုး ဖုန်းတွေကိုပါ မမှီဘူးလို့ ပြောရမှာပါ။

အခုလည်း DxOMark ကနေ နောက်ထပ် Galaxy S20 Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S20+ ဖုန်းကို စစ်ဆေးခဲ့ပြီး ရမှတ် ၁၁၈ မှတ်နဲ့ နံပါတ် (၁၀) နေရာကိုပဲရရှိခဲ့တာဖြစ်ပါတယ်။ ယခုရမှတ်ဟာ Apple iPhone 11 Pro Max ရဲ့ ရမှတ်ဖြစ်တဲ့ ၁၁၇ မှတ်ထက်တော့ ပိုများတယ်ဆိုပေမယ့် Xiaomi ရဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Mi CC9 Pro လိုမျိုးဖုန်းရဲ့ အနောက်မှာရှိနေတုန်းပဲဖြစ်ပါတယ်။

DxOMark ကတော့ ပုံမှန် Image Quality ပိုင်းမှာ S20+ ဟာ S20 Ultra နီးပါးကောင်းမွန်တဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ ချီးကျူးခဲ့ပြီး Ultrawide Angle တွေ၊ Zoom နဲ့ Bokeh ပိုင်းတွေမှာလည်း ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။ Autofocus ပိုင်း၊ Color Exposure ပိုင်းမှာလည်း အဆင်ပြေသလို Detail ပိုင်းတွေအနေနဲ့လည်း လက်ခံနိုင်တဲ့အဆင့်မှာရှိတယ်လို့ သိရပါတယ်။

အသေးစိတ်အနေနဲ့ကတော့ Galaxy S20+ စမတ်ဖုန်းဟာ Photos ပိုင်းမှာ ၁၂၇ မှတ်ရရှိခဲ့ပြီး Video ပိုင်းမှာ ရမှတ် ၁၀၀ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Galaxy S20 Series ဖုန်းတွေဟာ Camera ပိုင်းမှာ တခြား Flagship ဖုန်းတွေထက် အနည်းငယ်အားနည်းခဲ့တာကတော့ အမှန်ပါပဲ။

Ref – Giz China