Samsung Galaxy S20 Series တွေမှာ Software ပြဿနာတွေ ရှိနေပါတယ်။ အခုတော့ Samsung က အဲဒီ ပြဿနာတွေကို ဖြေရှင်းပေးမယ့် Software Update ၁ ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ ပြဿနာတွေထဲမှာ Galaxy S20 Ultra ကင်မရာရဲ့ Autofocus အောက်နေတာက အဆိုးဆုံးဖြစ်ပြီး အဲဒါကိုလည်း ပြင်ဆင်ပေးထားပါတယ်။

Samsung က Galaxy S20 , S20+ နဲ့ S20 Ultra ၃ လုံးစလုံးအတွက် Software Update ကို ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး ဗားရှင်း နံပါတ်က 10.0.01.98 ဖြစ်ပါတယ်။ Update မှာ S20 Series အားလုံးအတွက် ကင်မရာ App ကို ပိုကောင်းအောင် ဖန်တီးပေးထားပါတယ်။ Update ကို သင့်ဖုန်းမှာ အင်စတော လုပ်ပြီးရင် ကင်မရာရဲ့ Autofocus ပိုမြန်လာတာ တွေ့ရမှာပါ။

Update Build က G98xxXXU1ATCH ဖြစ်ပါတယ်။  xx ဟာ ဖုန်း မော်ဒယ်အပေါ်မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ အဲဒီ Software Update ကို Samsung ရဲ့ Exynos Chipset မောင်းနှင်ထားတဲ့ မော်ဒယ်တွေအတွက်ပဲ ဖြန့်ချိပေးနေတာ ဖြစ်ပြီး Snapdragon 865 Chipset ပါတဲ့ မော်ဒယ်တွေအတွက် မဟုတ်ပါဘူး။ မကြာခင်မှာ Snapdragon 865 Chipset ပါတဲ့ မော်ဒယ်တွေအတွက် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။

Software Update ကို Over-the-air ကနေ ဖြန့်ချိပေးနေတာ ဖြစ်ပြီး သင့် ဖုန်းမှာ ရပြီဆိုရင် Notification ရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena