Samsung ရဲ့ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S20 Series စမတ်ဖုန်းတွေထဲမှာ အထူးခြားဆုံးအချက်တစ်ချက်ကတော့ Display ကို QHD+ Resolution အပြင် 120Hz Refresh Rate ကို Support ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အားနည်းချက်အနေနဲ့ကတော့ 120Hz Refresh Rate ကို လိုချင်တယ်ဆိုရင် QHD+ Resolution မှာအသုံးပြုနိုင်မှာမဟုတ်ဘဲ Full HD+ Resolution မှာပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒါက Samsung Galaxy S20 Series ဖုန်းတွေမှာ အဝေဖန်အခံရဆုံးသောအချက်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် Samsung ကနေ မကြာခင်မှာ Software Update ကနေ တစ်ဆင့် ပြန်ပြီးပြင်ဆင်သွားပေးတော့မှာပါ။ အဆိုပါ သတင်းကိုတော့ Samsung ရဲ့ လက်ရှိစမ်းသပ်နေတဲ့ Beta Firmware Screenshot ကနေ တစ်ဆင့်သိရှိလာတာဖြစ်ပါတယ်။

အဆိုပါ Firmware Update အသစ်မှာဆိုရင် Refresh Rate ကို 60Hz Standard အပြင် 120Hz High Setting ပြောင်းလဲလို့ရမှာဖြစ်တဲ့အပြင် အသုံးပြုတဲ့ပေါ်မှုတည်ပြီးတော့ 60Hz နဲ့ 120Hz Mode ကို အလိုအလျောက်ပြောင်းလဲပေးသွားမယ့် Dynamic Mode ပါ ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Dynamic Mode က Google Pixel 4 Series တွေမှာပါဝင်သလိုမျိုး အသုံးပြုတဲ့ Application နဲ့ Screen Brightness ပေါ်မှုတည်မယ့်အစား တချို့ App တွေနဲ့ ဖုန်းအပူချိန် 42°C (107.6°F) ကျော်လာတဲ့အချိန်မှာ 60Hz ကို ပြန်လည်ပြောင်းလဲသွားမှာပါ။

Samsung အနေနဲ့ကတော့ ယခု Firmware Update ကို ဘယ်အချိန်မှာထုတ်ပေးသွားမယ်ဆိုတာကို ပြောကြားခြင်းမရှိခဲ့ပေမယ့် အခုစမ်းသပ်မှုတွေအောင်မြင်တယ်ဆိုရင် လာမယ့်လပိုင်းအတွင်းမှာ အသုံးပြုလာနိုင်ခြေများနေပါတယ်။

Ref – GSM Arena