Samsung Galaxy S20 Ultra 5G ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး Cosmic Gray နဲ့ Cosmic Black ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Cloud White အရောင် အသစ် ထွက်လာတော့မှာ ဖြစ်ပါတယ်။ S20 Ultra 5G Cloud White အတွက် 12GB/256GB ထုတ်လုပ်ပေးထားပြီး ၉,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၂၀ လောက်ရှိပြီး တရုတ်မှာ Samsung ရဲ့ တရားဝင်စတိုးကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Cloud White အရောင်ကို S20 နဲ့ S20 Plus Model တွေအတွက် ထုတ်လုပ်ပေးထားပြီးပါပြီ။ အခုမှ Galaxy S20 Ultra 5G အတွက် Cloud White အရောင် ထွက်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ဆွစ်ဇာလန်မှာ  S20 နဲ့ S20 Plus ရဲ့ Cloud White အရောင်ကိုပဲ ရောင်းချပေးထားပါတယ်။ အမေရိကန်မှာ Verizon ကနေ မကြာခင် ရောင်းချနိုင်ပြီး ဥရောပမှာလည်း Cloud White အရောင်ကို မကြာခင် ပွဲထုတ်နိုင်ပါတယ်။

Ref : gsmarena