Samsung Galaxy S20 Ultra အဖြူရောင်အမျိုးအစားဟာ တရုတ်နိုင်ငံဈေးကွက်မှာ အရင်ဦးဆုံး ရောင်းချခဲ့တာပါ။ Cloud White လို့ ခေါ်ဆိုတဲ့ ဒီအရောင်ကို တရုတ်နိုင်ငံဈေးကွက်ထဲမှာလည်း အတော်များများရောင်းချနိုင်ခဲ့သလို၊ အခုလည်း ဥရောပဈေးကွက်မှာ ဘယ်လောက်ထိ လူကြိုက်များဦးမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Galaxy S20 Ultra အဖြူရောင်ကို နှစ်သက်တယ်ဆိုရင်တော့ RAM နဲ့ Storage ပိုင်းမှာ ရွေးချယ်ခွင့်မရှိပါဘူး။ ဒီအရောင်ဟာ 12/128GB အမျိုးအစားတစ်မျိုးတည်း ထုတ်လုပ်ထားလို့ပဲ ဖြစ်ပါတယ်။ အကယ်၍ 512GB လိုချင်တယ်ဆိုရင်တော့ အနက်ရောင်အမျိုးအစားကိုပဲ အသုံးပြုရပါလိမ့်မယ်။

အခုအချိန်အထိတော့ ဒီအဖြူရောင်အမျိုးအစားဟာ တောင်ကိုရီးယားမှာတောင် ဝယ်ယူလို့မရသေးဘဲ တရုတ်၊ မြောက်အမေရိကနဲ့ ဥရောပဈေးကွက်အတော်များများမှာပဲ ရရှိသေးတာ ဖြစ်ပါတယ်။ ပိုပြီးသေးငယ်တဲ့ Galaxy S20 နဲ့ S20+ တို့မှာလည်း Cloud White အမျိုးအစားရှိကြပေမယ့် သတ်မှတ်ထားတဲ့ ဈေးကွက်တွေမှာပဲ ရောင်းချနေတာကို တွေ့ရပါတယ်။

ဥပမာအားဖြင့် Galaxy S20+ Cloud White ကို စပိန်ဈေးကွက်မှာ ဝယ်နိုင်တယ်ဆိုပေမယ့် Online ကပဲ သီးသန့်ရောင်းချတာပါ။ Galaxy S20 နဲ့ S20+ တွေလည်း အဖြူရောင်ရှိတယ်ဆိုပေမယ့် S20 Ultra ကျပြန်တော့ အဖြူရောင် မရပြန်ပါဘူး။ အခုသတင်းကတော့ Galaxy S20 Ultra ကို ရွေးချယ်စရာအရောင်နည်းလို့ စိတ်တိုင်းမကျတဲ့ ဥရောပဈေးကွက်အတွက်တော့ ဝမ်းသာစရာသတင်းပဲ ဖြစ်မှာပါ။

Ref: GSM Arena