Samsung က Galaxy S20 Ultra ရဲ့ Limited Edition အသစ်ကို ကြေညာလိုက်ပါတယ်။ Galaxy S20 Ultra Limited Edition White လို့ နာမည်ပေးထားပြီး ဗီယက်နမ် ဒေါင် ၂၉,၉၉၀,၀၀၀ သတ်မှတ်ထားပါတယ်။ ၁,၂၉၀ ဒေါ်လာလောက်ရှိပြီး မြန်မာငွေ ၁၈ သိန်းလောက်ရှိပါတယ်။ ဗီယက်နမ်မှာ ဇွန်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အတွင်း ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ကြိုတင်မှာယူသူတွေဟာ ဒေါ်လာ ၃၀၀ လောက်တန်ကြေးရှိတဲ့ Harman Kardon Aura Studio 3 Speaker ကို လက်ဆောင်ရရှိမှာပါ။ ဒါ့အပြင် ဒေါ်လာ ၁၇၀ တန်ကြေးရှိတဲ့ ဗီယက်နမ် ဒေါင် ၄,၀၀၀,၀၀၀ ကိုလည်း Cashback ရရှိမှာပါ။

Galaxy S20 Ultra Limited Edition White ကို ဇွန်လ ၁၉ ရက်နေ့မှာ CellPhoneS စတိုးကနေ ရောင်းချမှာ ဖြစ်ပြီး ဇွန်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့အတွင်း ဝယ်ယူသူတွေဟာ ဗီယက်နမ် ဒေါင် ၃,၀၀၀,၀၀၀ လျှော့ဈေးရရှိမှာပါ။

Limited Edition S20 Ultra ရဲ့ Specs တွေက S20 Ultra 4G Model နဲ့ တူပြီး Exynos 990 SoC , 6.9” QHD+ 120Hz AMOLED မျက်နှာပြင် , 108MP Quad ကင်မရာနဲ့ 45W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Samsung က Limited Edition White ရဲ့ Memory Configuration ကို မပြောသေးပါဘူး။ ဒါပေမယ့် ဗီယက်နမ်မှာ ရောင်းထားတဲ့ ရိုးရိုး Model တွေအတိုင်း 12GB RAM , 128GB Storage ပါမယ်လို့ ထင်ပါတယ်။ 1TB microSD Card Slot စိုက်နိုင်တာက တော်တော်လန်းပါတယ်။

Ref : gsmarena